Skip to content

Ashdod

18 verses · 2 known names

အခြားအမည်: Ashdothites

31.8000, 34.6300 Google Maps တွင် ကြည့်ရန်

Ashdod ကို ဖော်ပြသော အခန်းငယ်များ

  1. ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့မှတပါး၊ ဣသ ရေလတိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနကလူတ ယောက်မျှမရှိ။

  2. အဲဂုတ္တုပြည်အရှေ့၊ ရှိဟောရမြစ်မှစ၍ မြောက် မျက်နှာ၌ ဧကြုန်မြို့နယ်တိုင်အောင်၊ ခါနနိလူနေသော ပြည်၊ ဖိလိတ္တိမင်းငါးပါးတည်းဟူသော ဂါဇသိလူ၊ အာဇော တိလူ၊ ဧရှကလောနိလူ၊ ဂိတ္တိလူ၊ ဧကြောနိလူနှင့်တကွ၊ အာဝိလူနေသောပြည်၊

  3. ဧကြုန်မြို့မှစ၍ ပင်လယ်တိုင်အောင်၊ အာဇုတ် မြို့နှင့်နီးစပ်သောမြို့ရွာများ၊

  4. အာဇုတ်မြို့နှင့် သူဆိုင်သော မြို့ရွာများ၊ အဲဂုတ္တု မြစ်၊ ပင်လယ်ကြီး၊ ပင်လယ်ကမ်းပါးတိုင်အောင်၊ ဂါဇမြို့ နှင့် သူဆိုင်သော မြို့ရွာများ၊

  5. ဖိလိတ္တိလူတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့ ဆောင်သွား ကြ၏။

  6. အာဇုတ်မြို့သားတို့သည် နံနက်စောစော ထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာ တော်ရှေ့၌ မြေပေါ်မှာလဲ၍ ပြပ်ဝပ်လျက်ရှိသည်ကို တွေသဖြင့်၊ သူ့ကိုယူ၍ သူ၏နေရာ၌ တင်ထား ပြန်ကြ၏။

  7. ထိုကြောင့် ဒါဂုန်၏ ယဇ်ပုရောဟိတ်များ၊ ဒါဂုန်ကျောင်းသို့ ဝင်သောသူများတို့သည်၊ အာဇုတ်မြို့၌ ရှိသော ဒါဂုန်ကျောင်းတံခါးခုံကို ယနေ့တိုင်အောင် ကျော်နင်းလေ့မရှိကြ။

  8. အာဇုတ်မြို့နှင့်မြို့နယ်၌နေသော သူတို့အပေါ်မှာ၊ ထာဝရဘုရားသည် လေးသောလက်တော်နှင့် ဖျက်တော်မူ၏။ မြင်းသရိုက် အနာနှင့်လည်း ဒဏ်ခတ်တော်မူ၏။

  9. အာဇုတ်မြို့သားတို့သည် ထိုအမှုကို မြင်လျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့နှင့် ငါတို့ဘုရား ဒါဂုန်အပေါ်မှာ လေးသောလက်တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရားသခင်၏ သေတ္တာတော်ကို ငါတို့တွင် မရှိစေရဟု ဆိုလျက်၊

  10. ထာဝရဘုရားအား ပြန်ပေးသော ဒုစရိုက်ဖြေရာ ပူဇော်သက္ကာတည်းဟူသော ရွှေမြင်းသရိုက်ပုံတို့ကား၊ အာဇုတ်မြို့ဘို့တခု၊ ဂါဇမြို့ဘို့တခု၊ အာရှကေလုန်မြို့ဘို့တခု၊ ဂါသမြို့ဘို့တခု၊ ဧကြုန်မြို့ဘို့တခု ဖြစ်သတည်း။

  11. ထိုမင်းသည် စစ်ချီ၍ ဖိလိတ္တိလူတို့ကို တိုက် သဖြင့်၊ ဂါသမြို့ရိုး၊ ယာဗနေမြို့ရိုး၊ အာဇုတ်မြို့ရိုးတို့ကို ဖြိုဖျက်ပြီးမှ၊ အာဇုတ်မြို့ပတ်လည်၊ ဖိလိတ္တိပြည်အရပ် ရပ်၌ မြို့သစ်တို့ကို တည်ထောင်လေ၏။

  12. ထိုကာလ၊ အာဇုတ်အမျိုး၊ အမ္မုန်အမျိုး၊ မောဘ အမျိုးသမီးနှင့် စုံဘက်သော ယုဒလူအချို့တို့ကို ငါမြင်၏။

  13. သူတို့သားသမီးတို့သည် ယုဒစကားကို မပြောတတ်။ အာဇုတ် စကားတဝက် အစရှိသော အသီးအသီး ဘာသာစကားကို ပြောတတ်ကြ၏။

  14. အာရှုရိရှင်ဘုရင်သာဂုန်စေလွှတ်သော ဗိုလ် မင်းတာတန်သည် အာဇုတ်မြို့သို့စစ်ချီ၍၊ ထိုမြို့ကို လုပ် ကြံသော နှစ်တွင်

  15. ဥဇမင်းအပေါင်း၊ ဖိလိတ္တိမင်းအပေါင်း၊ အာရှ ကေလုန်ပြည်သား၊ ဂါဇပြည်သား၊ ဧကြုန်ပြည်သား၊ ကျန်ကြွင်းသော အာဇုတ်ပြည်သား၊

  16. အာဇုတ်မြို့သားတို့ကို၎င်း၊ အာရှကေလုန်မြို့၌ မင်းပြုသောသူတို့ကို၎င်း ပယ်ဖြတ်မည်။ ဧကြုန်မြို့ကို လည်း တိုက်၍ ကျန်ကြွင်းသော ဖိလိတ္တိလူတို့သည် ပျက်စီးကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  17. အာဇုတ်မြို့ ဘုံဗိမာန်တို့နှင့် အဲဂုတ္တုပြည်ဘုံဗိမာန်တို့တွင် သိတင်းကြားပြောရမည်မှာ၊ ရှမာရိတောင်တို့ အပေါ်မှာစုဝေး၍၊ ရှမာရိမြို့ထဲမှာ ရုန်းရင်းခတ်ခြင်းအမှုကို၎င်း၊ မြို့ထဲမှာ ညှဉ်းဆဲခံရသောသူတို့ကို၎င်း ကြည့်ရှုကြလော့။

  18. အာဇုတ်မြို့၌ တကျွန်းတနိုင်ငံသားတို့သည် နေကြလိမ့်မည်။ ဖိလိတ္တိအမျိုး၏ မာနကိုလည်း ငါချိုးဖဲ့ မည်။