အကြောင်းအရာသို့ ကျော်သွားရန်

Sennacherib

14 အခန်းငယ် · 3 မိသားစုဝင်

အခြားအမည်: Sargon

Sennacherib ကို ဖော်ပြသော အခန်းငယ်များ

  1. ဟေဇကိမင်းကြီးနန်းစံ ဆယ်လေးနှစ်တွင်၊ အာရှုရိရှင်ဘုရင်သနာခရိပ်သည်ယုဒပြည်၌ ခိုင်ခံ့သောမြို့ ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံလေ၏။

  2. အိုထာဝရဘုရား၊ နားတော်ကို လှည့်၍ နား ထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင်တော် မူသော ဘုရားသခင်ကို ကဲ့ရဲ့၍ပြောစေသော စကား အလုံးစုံတို့ကို မှတ်တော်မူပါ။

  3. ထိုအခါ အာမုတ်သားဟေရှာယသည် ဟေဇကိ မင်းထံသို့ စေလွှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည်အာရှုရိ ရှင်ဘုရင် သနာခရိပ်အကြောင်းကြောင့် ငါ့ရှေ့မှာ ပြုသော ပဌနာစကားကို ငါကြားရပြီ။

  4. အာရှုရိရှင်ဘုရင်သနာခရိပ်သည်လည်း ထို အရပ်မှ ထွက်၍ပြန် သွားပြီးလျှင် နိနေဝေမြို့၌ နေလေ၏။

  5. ထိုအမှုများတို့ကို လက်စသတ်သည်နောက်၊ အာရှုရိရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်သို့စစ်ချီ၍ ခိုင်ခံ့သောမြို့တို့ကို ဝိုင်းထားလျက် တိုက်ယူခြင်းငှါ အားထုတ်လေ၏။

  6. ထိုသို့ သနာခရိပ်သည်လာ၍၊ ယေရုရှလင်မြို့ကို တိုက်မည့်အကြံရှိကြောင်းကို၊ ဟေဇကိသည်သိမြင်လျှင်၊

  7. ထိုနောက် အာရှုရိရှင်ဘုရင်သနာခရိပ်သည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ၊ လာခရှမြို့ကိုဝိုင်ထားစဉ် တွင်၊ မိမိကျွန်အချို့ကို ယေရုရှလင်မြို့၊ ယုဒရှင်ဘုရင် ဟေဇကိထံသို့၎င်း၊ ယေရုရှလင်မြို့၌ရှိသော ယုဒ လူအပေါင်းတို့ရှိရာသို့၎င်း စေလွှတ်၍၊

  8. အာရှုရိရှင်ဘုရင်သနာခရိပ် မိန့်တော်မူသည် ကား၊ သင်တို့သည် ယေရုရှလင်မြို့၌ ဝိုင်းထားခြင်းကို ခံခြင်းငှါ၊ အဘယ်သို့ခိုလှုံကြသနည်း။

  9. ထိုသို့ထာဝရဘုရားသည် ဟေဇကိနှင့် ယေရုရှလင်မြို့သားတို့ကို၊ အာရှုရိရှင်ဘုရင်လက်မှ၎င်း၊ အခြားသောရန်သူလက်မှ၎င်း ကယ်လွှတ်၍၊ အရပ်ရပ်၌ စောင့်မတော်မူ၏။

  10. အာရှုရိရှင်ဘုရင်သာဂုန်စေလွှတ်သော ဗိုလ် မင်းတာတန်သည် အာဇုတ်မြို့သို့စစ်ချီ၍၊ ထိုမြို့ကို လုပ် ကြံသော နှစ်တွင်

  11. ဟေဇကိမင်းကြီး နန်းစံဆယ်လေးနှစ်တွင် အာ ရှုရိရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်၌ခိုင်ခံ့သော မြို့ ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံပြီးလျှင်၊

  12. အိုထာဝရဘုရား၊ နားတော်ကို လှည့်၍ နား ထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကို ဖွင့် ၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင် တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့၍၊ ပြောစေသော စ ကားအလုံးစုံတို့ကို မှတ်တော်မူပါ။

  13. ထိုအခါ အာမုတ်သား ဟေရှာယသည် ဟေဇကိ မင်းထံသို့ စေလွှတ်၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိ ရှင်ဘုရင်သနာခရိပ် အကြောင်းကြောင့်၊ ငါ့ရှေ့မှာ ပဌနာ ပြုသည် ဖြစ်၍၊

  14. အာရှုရိရှင်ဘုရင် သနာခရိပ်သည်လည်း၊ ထို အရပ်မှထွက်၍ ပြန်သွားပြီးလျှင်၊ နိနေဝေမြို့၌ နေလေ ၏။