Skip to content

Reviling and Reproaching အကြောင်း ကျမ်းစာအခန်းငယ်များ

55 အခန်းငယ် · 35 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကြည့်လော့။ အိပ်မက်ဆရာလာပြီ။

  2. ဘုရားသခင်ကို လွန်ကျူး၍ မပြောရ။ သင်၏အမျိုးကို အုပ်စိုးသော မင်းကို မကျိန်ဆဲရ။

  3. ဖိလိတ္တိလူက၊ သင်သည် တောင်ဝေးနှင့် ငါ့ထံသို့ လာရမည်အကြောင်း၊ ငါသည် ခွေးဖြစ်သလောဟု မေးလျက်၊ မိမိဘုရားတို့ကို တိုင်တည်၍ ဒါဝိဒ်ကို ကျိန်ဆဲလေ၏။

  4. ထိုနောက် ဒါဝိဒ်သည် နန်းတော်သားတို့ကို ကောင်းကြီးပေးခြင်းငှါ သွား၍ရောက်သောအခါ၊ ရှောလု ၏သမီး မိခါလသည် ဆီး၍ကြိုလျက်၊ လျှပ်ပေါ်သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ်သကဲ့သို့၊ ယနေ့ ကျွန်ယောက်ျား ကျွန်မိန်းမများရှေ့တွင် အဝတ်တော်ကိုချွတ်သော ဣသရေလရှင်ဘုရင်သည်၊ ယနေ့ အဘယ်မျှလောက် ဘုန်းကြီးတော်မူပါသည်တကားဟုဆို၏။

  5. ရှိမိကျိန်ဆဲသောစကားဟူမူကား၊ သွားဟဲ့၊ သွားဟဲ့။ လူ့အသက်ကို သတ်သောအဓမ္မလူ၊

  6. ရှောလု၏နိုင်ငံကို လုယူ၍ သူ၏အဆွေအမျိုးကို သတ်သောအပြစ်အလုံးစုံကို သင့်ခေါင်းပေါ်မှာ ထာဝရ သက်ရောက်စေ၍၊ နိုင်ငံတော်ကို သင်၏သား အဗရှလုံလက်၌အပ်တော်မူပြီ။ သင်သည်လူအသက်ကို သတ် သောသူဖြစ်သောကြောင့်ကြည့်ပါ။ အမှုကြီးရောက်လေပြီဟုဆို၏။

  7. အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့ စေခြင်းငှါ အာရှုရိရှင်ဘုရင်စေလွှတ်သော မိမိကျွန်ရှဗ ရှာခစကားကို သင်၏ဘုရားသခင် ထာဝရဘုရား ကြားတော်မူပါစေသော။ သင်၏ဘုရားသခင် ထာဝရ ဘုရားသည် ကိုယ်တော်တိုင်ကြားသော စကားကို ချေတော်မူပါစေသော။ သင်သည်လည်းကျန်ကြွင်းသော လူတို့အဘို့ ဆုတောင်းပဌနာပြုပါဟု ပြောစေခြင်းငှါ၊

  8. အိုထာဝရဘုရား၊ နားတော်ကို လှည့်၍ နား ထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင်တော် မူသော ဘုရားသခင်ကို ကဲ့ရဲ့၍ပြောစေသော စကား အလုံးစုံတို့ကို မှတ်တော်မူပါ။

  9. ငါ့ရန်သူတို့က၊ သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်ပြောဆိုကြသဖြင့်၊ ငါ့အရိုးတို့ကို ချိုး၍ကဲ့ရဲ့တတ်ကြ၏။

  10. အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုး ငယ်သနည်း။ ငါ့အထဲမှာ အဘယ်ကြောင့် မငြိမ်မဝပ်ရှိ သနည်း။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့။ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင်၏ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာပြုရ လေအံ့သတည်း။

  11. ရန်ဘက်ပြုသောသူနှင့် လက်စားချေသောသူ၏ မျက်နှာများကြောင့်၎င်း၊ အကျွန်ုပ်သည် ကိုယ်အရှက် ကွဲခြင်းအကြောင်းကို အစဉ်မျက်မှောက်ပြုရပါ၏။ မျက်နှာရှက်ခြင်းအားဖြင့် မွန်းလျက်နေရပါ၏။

  12. ကောင်းကင်ကလက်တော်ကို ဆန့်တော်မူမည်။ ငါ့ကို ကိုက်စားအံ့သောသူကို အရှက်ခွဲသဖြင့်၊ ငါ့ကို ကယ်တင်တော်မူမည်။ ကရုဏာတော်နှင့်သစ္စာတော်ကို ဘုရားသခင် စေလွှတ်တော်မူမည်။

  13. ကိုယ်တော်အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို ခံရပါ၏။ အကျွန်ုပ်မျက်နှာသည် ရှက်ခြင်းနှင့် ပြည့်စုံပါ၏။

  14. ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏။

  15. ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည် စိတ်ပျက်၍ အလွန်ပူဆွေးခြင်း ရှိပါ၏။ သနားသောသူကို ကြည့်၍ မမြင်။ သက်သာစေသောသူကို ရှာ၍ မတွေ့ရပါ။

  16. အို ဘုရားသခင်၊ ထတော်မူပါ။ ကိုယ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။ မိုက်သောသူသည် ကိုယ်တော် အား အစဉ်ကဲ့ရဲ့သည်ကို အောက်မေ့တော်မူပါ။

  17. အကျွန်ုပ်တို့ အိမ်နီးချင်းတို့သည် ကိုယ်တော်အား ကဲ့ရဲ့ခြင်းအပြစ်ကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆတိုင်အောင် ဆပ်ပေးတော်မူပါဘုရား။

  18. အိုထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်တို့သည် ခံရသောကဲ့ရဲ့ခြင်းကို အောက်မေ့တော်မူပါ။ များစွာ သော လူတို့၏ အမှုအလုံးစုံကို အကျွန်ုပ်သည် ကိုယ် ရင်ခွင်၌ ဆောင်ရပါ၏။

  19. အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ် တော်၏ ရန်သူတို့သည် ကဲ့ရဲ့တတ်ကြပါ၏။ အထံတော်၌ ဘိသိက်ခံသောသူ၏ ခြေတော်ရာတို့ကို ကဲ့ရဲ့တတ်ကြ ပါ၏။

  20. အကျွန်ုပ်ရန်သူတို့သည် တနေ့လုံးကဲ့ရဲ့ကြပါ၏။ အကျွန်ုပ်တဘက်၌ စော်ကားသော သူတို့သည် အကျွန်ုပ် ကို ပုံခိုင်း၍ ကျိန်ဆိုတတ်ကြပါ၏။

  21. ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ်တော်ကို ကိုးစားသည်ဖြစ်၍၊ ကဲ့ရဲ့သော သူ၏စကားကို ချေစရာ အကြောင်း ရှိရပါလိမ့်မည်။

  22. ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။

  23. အိုထာဝရဘုရား၊ နားတော်ကို လှည့်၍ နား ထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကို ဖွင့် ၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင် တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့၍၊ ပြောစေသော စ ကားအလုံးစုံတို့ကို မှတ်တော်မူပါ။

  24. သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေး သနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါ သည်တကား။

  25. သင်သည် ကျွန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့ ၎င်း၊ လေဗနုန်တောင်အထွဋ်သို့၎င်း တက်လာပြီ။ အရပ် မြင့်သောအာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်းရူးပင် တို့ကို ငါခုတ်လှဲပြီ။ အမြင့်ဆုံးသောအရပ်၊ အသီးများ သောတောထဲသို့ ငါဝင်ပြီ။