အကြောင်းအရာသို့ ကျော်သွားရန်

Reviling and Reproaching အကြောင်း ကျမ်းစာအခန်းငယ်များ

55 အခန်းငယ် · 35 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ခရစ်တော်၏ နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသောဝိညာဉ်တော်သည် သင်တို့အပေါ်မှာ ကျိန်းဝပ်တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။

  2. မတရားသောသူတို့ကို ဒဏ်ခံစေမည် အ ကြောင်း၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့် တကွ၊ ကာမဂုဏ် အလိုသို့လိုက်၍၊ အာဏာစက်ကို မထီမဲ့မြင်ပြုသော သူတို့ကို အထူး သဖြင့်ဒဏ်ခံစေမည် အကြောင်း၊ တရားဆုံးဖြတ်သောနေ့အဘို့ ချုပ်ထား ခြင်းငှါ၎င်း၊ ထာဝရ ဘုရားသည် တတ်နိုင်တော်မူ၏။ ထိုသူတို့သည် ရဲရင့် သောသူ၊ ကိုယ် အလိုသို့ လိုက်တတ် သော သူဖြစ်၍၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ ၏။

  3. ကောင်းကင်တမန်တို့မူကား၊ သူတို့ထက် ခွန် အားတန်ခိုးကြီးသော်လည်း၊ ထာဝရဘုရားရှေ့တော်၌ သူတို့အားကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုကြ။

  4. ယခုယောင်ယမ်းသောအဓမ္မလူတို့သည်၊ ရှေးနည်းတူမိမိတို့ ကိုယ်ကိုညစ်ညူးစေ၍၊ အာဏာစက် ကိုပယ်လျက်၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ၏။

  5. ကောင်းကင်တမန် မင်းမိက္ခေလမူကား၊ မောရှေ၏ ကိုယ်ကို အကြောင်းပြု၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုဝံ့ဘဲ၊ ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူစေ သတည်းဟူ၍ သာပြောဆို၏။