- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1010–970 BC
The Reign of David
David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.
ဤကာလမှ အခန်းငယ်များ
- ဓမ္မရာဇဝင်ဒုတိယစောင် 5:16ခရစ်တော် မပေါ်မီ 1048 ခန့်
ဧလျာဒ၊ ဧလိဖလက်တည်း။
- ဓမ္မရာဇဝင်ဒုတိယစောင် 5:17ခရစ်တော် မပေါ်မီ 1048 ခန့်
ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင် အရာ၌ခန့်ထား ကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ထိုလူအပေါင်းတို့သည် ဒါဝိဒ်ကို ရှာ၍လာကြ၏။ ထိုသိတင်းကိုဒါဝိဒ်သည် ကြားသောအခါ ရဲတိုက်သို့ သွား၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 5:18ခရစ်တော် မပေါ်မီ 1048 ခန့်
ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 5:19ခရစ်တော် မပေါ်မီ 1048 ခန့်
ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော် မူမည်လောဟု ထာဝရဘုရားကို မေးလျှောက်လျှင်၊ ထာဝရဘုရားကသွားလော့။ ငါသည် ဖိလိတ္တိလူတို့ကို သင့်လက်သို့ ဆက်ဆက်အပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊
- ဓမ္မရာဇဝင်ဒုတိယစောင် 5:20ခရစ်တော် မပေါ်မီ 1048 ခန့်
ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့ သွား၍ သူတို့ကိုလုပ်ကြံပြီးမှ၊ ထာဝရဘုရားသည် ရေထ၍ ဖြိုဖျက်သကဲ့သို့၊ ငါ့ရန်သူတို့ကို ငါ့ရှေ့မှာ ဖြိုဖျက်တော်မူပြီဟုဆိုလျက်၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း။
- ဓမ္မရာဇဝင်ဒုတိယစောင် 5:21ခရစ်တော် မပေါ်မီ 1048 ခန့်
ထိုအရပ်၌ ဖိလိတ္တိလူများ ပစ်ထားသောရုပ်တုများကို၊ ဒါဝိဒ်နှင့်သူ၏လူတို့သည် ရှင်းရှင်းဖျက်ဆီးကြ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 5:22ခရစ်တော် မပေါ်မီ 1048 ခန့်
တဖန်ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 5:23ခရစ်တော် မပေါ်မီ 1048 ခန့်
ဒါဝိဒ်သည်လည်း မေးလျှောက်သော်၊ ထာဝရဘုရားက၊ တည့်တည့်မတက်ရ။ သူတို့နောက်သို့ဝိုင်း၍ ပိုးစာတောတဘက်၌ ချီရမည်။
- ဓမ္မရာဇဝင်ဒုတိယစောင် 5:24ခရစ်တော် မပေါ်မီ 1048 ခန့်
ပိုးစာပင်ဖျား၌ စစ်ချီသံကိုကြားသောအခါ ကြိုးစားလော့။ ထိုအခါ ထာဝရဘုရားသည် ဖိလိတ္တိတပ် ကို လုပ်ကြံခြင်းငှါ သင့်ရှေ့မှာ ကြွသွားလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊
- ဓမ္မရာဇဝင်ဒုတိယစောင် 5:25ခရစ်တော် မပေါ်မီ 1048 ခန့်
ဒါဝိဒ်သည်ပြု၍ဖိလိတ္တိလူတို့ကိုဂေဗမြို့မှသည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 6:1ခရစ်တော် မပေါ်မီ 1042 ခန့်
တဖန်ဒါဝိဒ်သည် ရွေးချယ်သောဣသရေလ လူသုံးသောင်းတို့ကို စုဝေးစေပြီးလျှင်၊
- ဓမ္မရာဇဝင်ဒုတိယစောင် 6:2ခရစ်တော် မပေါ်မီ 1042 ခန့်
ခေရုဗိမ်ကြားမှာကျိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော်နှင့် ဆိုင်သော ဘုရားသခင်၏သေတ္တာတော်ကို ယုဒပြည် ဗာလာမြို့မှဆောင်ခဲ့ခြင်းငှါ၊ မိမိ၌ပါသော သူအပေါင်းတို့ နှင့်တကွ ထသွားလေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 6:3ခရစ်တော် မပေါ်မီ 1042 ခန့်
ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ် ပေါ်မှာတင်၍ တောင်ပေါ်အဘိနဒပ်အိမ်ထဲက ထုတ်ကြ ၏။ အဘိနဒပ်၏သား ဩဇနှင့်အဟိဩတို့သည် လှည်းသစ်ကိုနှင်ရကြ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 6:4ခရစ်တော် မပေါ်မီ 1042 ခန့်
ဩဇသည်ဘုရားသခင်၏ သေတ္တာတော်အနား၌၎င်း၊ အဟိဩသည် သေတ္တာတော်ရှေ့၌၎င်း သွားကြ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 6:5ခရစ်တော် မပေါ်မီ 1042 ခန့်
ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်းတို့ကို ကိုင်လျက်၊ ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 6:6ခရစ်တော် မပေါ်မီ 1042 ခန့်
နာခုန်ကောက်နယ်သလင်းသို့ ရောက်သောအခါ၊ နွားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှားသောကြောင့်၊ ဩဇသည် လက်ကိုဆန့်၍ သေတ္တာတော်ကို ကိုင်၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 6:7ခရစ်တော် မပေါ်မီ 1042 ခန့်
ထာဝရဘုရားသည် ဩဇကိုအမျက်ထွက်၍ သူ၏အပြစ်ကြောင့် ဘုရားသခင်ဒဏ်ခတ်တော်မူသဖြင့်၊ သူသည် သေတ္တာတော်နားမှာ သေလေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 6:8ခရစ်တော် မပေါ်မီ 1042 ခန့်
ဩဇကို ထာဝရဘုရား ဒဏ်ခတ်တော်မူသောကြောင့်၊ ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ၏။ ထိုအရပ် သည် ယနေ့တိုင်အောင် ပေရဇာဇအမည်ဖြင့်တွင် သတည်း။
- ဓမ္မရာဇဝင်ဒုတိယစောင် 6:9ခရစ်တော် မပေါ်မီ 1042 ခန့်
ထိုနေ့၌ ဒါဝိဒ်သည် ထာဝရဘုရားကိုကြောက်၍၊ ထာဝရဘုရား၏ သေတ္တာတော်သည် အဘယ်သို့ ငါ့ထံသို့ ရောက်ရမည်နည်းဟု ဆိုလျက်၊
- ဓမ္မရာဇဝင်ဒုတိယစောင် 6:10ခရစ်တော် မပေါ်မီ 1042 ခန့်
မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကို မဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လမ်းလွဲ၍ ဆောင် သွားလေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 6:11ခရစ်တော် မပေါ်မီ 1042 ခန့်
ထာဝရဘုရား၏သေတ္တာတော်သည် သုံးလပတ်လုံး ဂိတိလူဩဗဒေဒုံအိမ်၌ရှိ၏။ ထာဝရဘုရားသည် လည်း၊ ဩဗဒေဒုံနှင့် အိမ်သူအိမ်သားအပေါင်းတို့ကို ကောင်းကြီးပေးတော်မူ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 6:12ခရစ်တော် မပေါ်မီ 1042 ခန့်
ထာဝရဘုရားသည် သေတ္တာတော်ကြောင့် ဩဗဒေဒုံနှင့် သူ၌ရှိသမျှကို ကောင်းကြီးပေးတော်မူကြောင်း ကို ဒါဝိဒ်မင်းကြီးကြားသောအခါ၊ တဖန်သွား၍ ဘုရားသခင်၏ သေတ္တာတော်ကိုဩဗဒေဒုံအိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့လေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 6:13ခရစ်တော် မပေါ်မီ 1042 ခန့်
ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းသောသူတို့သည်ခြောက်လှမ်းသွားပြီးမှ၊ နွားနှင့်ဆူဖြိုးသော အကောင်တို့ကို ယဇ်ပူဇော်လေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 6:14ခရစ်တော် မပေါ်မီ 1042 ခန့်
ဒါဝိဒ်သည်လည်း ပိတ်သင်တိုင်းကိုဝတ်လျက်၊ ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ကလေ၏။
- ဓမ္မရာဇဝင်ဒုတိယစောင် 6:15ခရစ်တော် မပေါ်မီ 1042 ခန့်
ထိုသို့ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်လျက်၊ ထာဝရ ဘုရား၏သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။