အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဟောရှေအနာဂတ္တိကျမ်း 2:9ခရစ်တော် မပေါ်မီ 785 ခန့်

    သို့ဖြစ်၍၊ စပါးရိတ်ရာကာလ၌ ငါ့စပါးကို၎င်း၊ စပျစ်ရည်လုပ်ကာ ကာလ၌ ငါ့စပျစ်ရည်ကို၎င်း၊ သူ၏ ကိုယ် ကို ဖုံးလွှမ်းစေရာ ငါ့သိုးမွှေးနှင့် ပိုက်ဆန်ကို၎င်း ငါသိမ်း ယူမည်။

  2. ဟောရှေအနာဂတ္တိကျမ်း 2:10ခရစ်တော် မပေါ်မီ 785 ခန့်

    ယခုပင် သူ၏ ရည်းစားများရှေ့၌ သူ့အဝတ်ကို ငါလှစ်လှန်၍ အရှက်ခွဲမည်။ ငါ့လက်မှ အဘယ်သူမျှ သူ့ကိုမနှုတ်ရ။

  3. ဟောရှေအနာဂတ္တိကျမ်း 2:11ခရစ်တော် မပေါ်မီ 785 ခန့်

    သူရွှင်လန်းစရာအကြောင်းရှိသမျှနှင့် ပွဲခံခြင်း၊ လဆန်းနေ့၊ ဥပုသ်နေ့စောင့်ခြင်း၊ ပရိသတ်စည်းဝေးခြင်း အလုံးစုံတို့ကို ငါပြတ်စေမည်။

  4. ဟောရှေအနာဂတ္တိကျမ်း 2:12ခရစ်တော် မပေါ်မီ 785 ခန့်

    ဤသည်ကား၊ ငါ့ရည်းစားပေးသော ဆုလက် ဆောင်ဖြစ်သည်ဟု သူဆိုရာ စပျစ်ဥယျာဉ်၊ သင်္ဘော သဖန်းဥယျာဉ်တို့ကို ငါသုတ်သင်ပယ်ရှင်း၍၊ လွင်ပြင် ဖြစ်စေသဖြင့် တောသားရဲတို့သည် ကိုက်စားကြလိမ့်မည်။

  5. ဟောရှေအနာဂတ္တိကျမ်း 2:13ခရစ်တော် မပေါ်မီ 785 ခန့်

    ဗာလဘုရားတို့အားနံ့သားပေါင်းကို မီးရှို့၍ နှခေါင်းဆွဲနှင့် လည်ဆွဲတန်ဆာကို ဆင်လျက် ရည်စား များ နောက်သို့လိုက်သဖြင့် ငါ့ကို မေ့လျော့၍ ဗာလဘုရား တို့ လက်ထက်၌ ပြုမိသောအပြစ်နှင့်အလျောက် စီရင် မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  6. ဟောရှေအနာဂတ္တိကျမ်း 2:14ခရစ်တော် မပေါ်မီ 785 ခန့်

    သို့ရာတွင်၊ သူ့ကို တဖန်ငါဖြားယောင်းမည်။ တောလမ်းဖြင့် ပို့ဆောင်သော်လည်း၊ နှစ်သိမ့်စေသော စကားကိုပြောမည်။

  7. ဟောရှေအနာဂတ္တိကျမ်း 2:15ခရစ်တော် မပေါ်မီ 785 ခန့်

    တောတဘက်၌ စပျစ်ဥယျာဉ်တို့ကို၎င်း၊ အာ ခေါ်ချိုင့်၌မြော်လင့်ရာတံခါးကို၎င်း၊ အာခေါ်ချိုင့်၌ မြော်လင့်ရာတံခါးကို၎င်း ငါပေးမည်။ သူသည် အသက် ငယ်စဉ်ကာလ၊ အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ သီချင်းဆိုသကဲ့သို့၊ တောတဘက်သို့ ရောက်သောအခါ သီချင်းဆိုရလိမ့်မည်။

  8. ဟောရှေအနာဂတ္တိကျမ်း 2:16ခရစ်တော် မပေါ်မီ 785 ခန့်

    ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်သည်ငါ့ကို သခင်ဟူ၍ မခေါ်ရ၊ ခင်ပွန်းဟူ၍ ခေါ် ရမည်။

  9. ဟောရှေအနာဂတ္တိကျမ်း 2:17ခရစ်တော် မပေါ်မီ 785 ခန့်

    အခြားတပါးသော သခင်တို့၏ ဘွဲ့နာမများကို သူ၏ နှုတ်မှ ငါပယ်၍၊ ထိုဘွဲ့နာမများကို နောက် တဖန် မမှတ်မိမမြွက်ဆိုရ။

  10. ဟောရှေအနာဂတ္တိကျမ်း 2:18ခရစ်တော် မပေါ်မီ 785 ခန့်

    ထိုကာလ၌ငါသည် သူတို့အတွက်၊ တောသားရဲ၊ မိုဃ်းကောင်းကင်ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များနှင့် မိဿဟာယဖွဲ့၍၊ လေး၊ ထား၊ စစ်တိုက် လက်နက်တို့ကို မြေပေါ်က ပယ်ရှားသဖြင့် သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည်။

  11. ဟောရှေအနာဂတ္တိကျမ်း 2:19ခရစ်တော် မပေါ်မီ 785 ခန့်

    ငါသည် ကိုယ်အဘို့သင့်ကို အစဉ်အမြဲ သိမ်းယူ မည်။ ဖြောင့်မတ်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ချစ် သနားစုံမက်ခြင်းနှင့်အညီ ကိုယ်အဘို့သင့်ကို သိမ်းယူမည်။

  12. ဟောရှေအနာဂတ္တိကျမ်း 2:20ခရစ်တော် မပေါ်မီ 785 ခန့်

    သစ္စာစောင့်ခြင်းနှင့်အညီ သိမ်းယူ၍၊ သင်သည် ထာဝရဘုရားကို သိရလိမ့်မည်။

  13. ဟောရှေအနာဂတ္တိကျမ်း 2:21ခရစ်တော် မပေါ်မီ 785 ခန့်

    ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ ငါသည် နားထောင်မည်။ မိုဃ်းကောင်းကင်စကားကို နားထောင်၍၊ သူသည် မြေကြီးစကားကို နားထောင်မည်။

  14. ဟောရှေအနာဂတ္တိကျမ်း 2:22ခရစ်တော် မပေါ်မီ 785 ခန့်

    မြေကြီးသည်လည်း ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ ၏ စကားကို နားထောင်၍၊ သူတို့သည်လည်း ယေဇရေလ စကားကို နားထောင်ကြလိမ့်မည်။

  15. ဟောရှေအနာဂတ္တိကျမ်း 2:23ခရစ်တော် မပေါ်မီ 785 ခန့်

    ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့ မြေ၌ ကိုယ်အဘို့ ငါကြဲမည်။ မသနားမစုံမက်အပ်သော သတို့သမီးကို ငါသနားစုံမက်မည်။ ငါ၏ လူမဟုတ်သော သူကိုလည်း သင်သည်ငါ၏လူဖြစ်သည်ဟု ငါဆိုမည်။ သူကလည်း ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော် မူသည်ဟု လျှောက်လိမ့်မည်ဟုမိန့်တော်မူ၏။

  16. ဟောရှေအနာဂတ္တိကျမ်း 3:1ခရစ်တော် မပေါ်မီ 785 ခန့်

    တဖန် ထာဝရဘုရားက၊ ဣသရေလအမျိုးသား တို့သည် အခြားတပါးသော ဘုရားတို့ကို ဖူးမြော်၍၊ စပျစ် သီးပျဉ်ကို အလိုရှိသော်လည်း ထာဝရဘုရား ချစ်တော်မူ သည်နည်းတူ၊ မိမိခင်ပွန်း၏ ချစ်ခြင်းကို ခံလျက် မျောက်မ ထားသော မိန်းမကို သွား၍ ချစ်ဦးလော့ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊

  17. ဟောရှေအနာဂတ္တိကျမ်း 3:2ခရစ်တော် မပေါ်မီ 785 ခန့်

    ထိုမိန်းမကို ငွေတဆယ်ငါးကျပ်၊ မုယောဆန် တဟောမဲခွဲနှင့် ငါရွေးပြီးမှ၊

  18. ဟောရှေအနာဂတ္တိကျမ်း 3:3ခရစ်တော် မပေါ်မီ 785 ခန့်

    သင်သည်ငါ့အဘို့ နေ့ရက်များစွာ စောင့်၍ နေရမည်။ ပြည်တန်ဆာ မလုပ်ရ။ အခြားသော ယောက်ျားနှင့် မပေါင်းဘော်ရ။ သို့ပြုလျှင်၊ သင့်အဘို့ ငါစောင့်၍ နေမည်ဟု ပြောထား၏။

  19. ဟောရှေအနာဂတ္တိကျမ်း 3:4ခရစ်တော် မပေါ်မီ 785 ခန့်

    အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့ သည် နေ့ရက်များစွာ ရှင်ဘုရင်မရှိ၊ မင်းသားမရှိ၊ ယဇ် ပူဇော်ခြင်းမရှိ၊ ဆင်းတုမရှိ၊ သင်တိုင်းမရှိ၊ တေရပ်ရုပ်တု မရှိဘဲနေရကြလိမ့်မည်။

  20. ဟောရှေအနာဂတ္တိကျမ်း 3:5ခရစ်တော် မပေါ်မီ 785 ခန့်

    ထိုနောက်မှ ဣသရေလ အမျိုးသားတို့သည် ပြန်လာ၍၊ သူတို့ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သူတို့ရှင်ဘုရင်ဒါဝိဒ်ကို၎င်း ရှာ၍၊ နောင်ကာလ၌ ကျေးဇူးတော်ကို ခံအံ့သောငှါ၊ ထာဝရ ဘုရားထံတော်သို့ တုန်လှုပ်လျက် ပြေးကြလိမ့်မည်။

  21. ဟောရှေအနာဂတ္တိကျမ်း 4:1ခရစ်တော် မပေါ်မီ 780 ခန့်

    အိုဣသရေလအမျိုးသားတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့နှင့် တရားတွေ့မူရှိတော်မူ၏။ အကြောင်းမူကား၊ သူတို့သည် သစ္စာမရှိ၊ ကရုဏာမရှိ၊ ဘုရားသခင်ကို မသိကြ။

  22. ဟောရှေအနာဂတ္တိကျမ်း 4:2ခရစ်တော် မပေါ်မီ 780 ခန့်

    ကျိန်ဆဲခြင်း၊ မုသာစကားကို ပြောခြင်း၊ လူ အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ သူ့မယားကို ပြစ်မှားခြင်းတို့၌ အဆီးအတားမရှိ။ လူအသက်ကို သတ်သောအပြစ် အထပ်ထပ်ရှိကြ၏။

  23. ဟောရှေအနာဂတ္တိကျမ်း 4:3ခရစ်တော် မပေါ်မီ 780 ခန့်

    ထိုကြောင့်၊ ပြည်သည် ငြိုငြင်လိမ့်မည်။ ပြည် သားအပေါင်းတို့နှင့်တကွ၊ တောသားရဲ၊ မိုဃ်းကောင်းကင် ငှက်တို့သည် အားလျော့ကြလိမ့်မည်။ ပင်လယ်ငါးတို့ သည်လည်း ကုန်ကြလိမ့်မည်။

  24. ဟောရှေအနာဂတ္တိကျမ်း 4:4ခရစ်တော် မပေါ်မီ 780 ခန့်

    သို့ရာတွင်၊ အဘယ်သူမျှ မဆီးတားစေနှင့်။ အဘယ်သူမျှ မဆုံးမစေနှင့်။ အကြောင်းမူကား၊ သင်၏ အမျိုးသားချင်းတို့သည် ယဇ်ပုရောဟိတ်နှင့် ဆန့်ကျင် ဘက်ပြုသော သူကဲ့သို့ဖြစ်ကြ၏။

  25. ဟောရှေအနာဂတ္တိကျမ်း 4:5ခရစ်တော် မပေါ်မီ 780 ခန့်

    ထိုကြောင့်၊ နေ့အချိန်၌ သင်သည်လဲရလိမ့်မည်။ ညဉ့်အချိန်၌ သင်နှင့်အတူ ပရောဖက်သည်လည်း လဲရ လိမ့်မည်။ သင့်အမိကိုလည်း ငါဖျက်ဆီးမည်။