အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေရမိအနာဂတ္တိကျမ်း 52:29ခရစ်တော် မပေါ်မီ 589 ခန့်

    တဆယ်ရှစ်နှစ်တွင်၊ လူရှစ်ရာသုံးဆယ် နှစ်ယောက်တို့ကို ယေရုရှလင်မြို့မှ သိမ်းသွားလေ၏။

  2. ယေရမိအနာဂတ္တိကျမ်း 52:30ခရစ်တော် မပေါ်မီ 589 ခန့်

    နှစ်ဆယ်သုံးနှစ်တွင်။ ကိုယ်ရံတော်မှူး နေဗုဇာရ ဒန်သည် ယုဒအမျိုးသားခုနှစ်ရာလေးဆယ်ငါးယောက် တို့ကို သိမ်းသွား၏။ လူအပေါင်းကား၊ လေးထောင် ခြောက်ရာရှိသတည်း။

  3. ယေရမိအနာဂတ္တိကျမ်း 52:31ခရစ်တော် မပေါ်မီ 562 ခန့်

    ယုဒရှင်ဘုရင်ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလနှစ်ဆယ်ငါး ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမရောဒက် နန်းစံစက ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲကနှုတ် ၍ ချမ်းသာပေး လေ၏။

  4. ယေရမိအနာဂတ္တိကျမ်း 52:32ခရစ်တော် မပေါ်မီ 562 ခန့်

    ကောင်းမွန်စွာ နှုတ်ဆက်၍သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှ အထံတော်၌ရှိသော မင်းကြီးများထိုင်ရာပလ္လင်တို့ ထက်ချီးမြှင့်လေ၏။

  5. ယေရမိအနာဂတ္တိကျမ်း 52:33ခရစ်တော် မပေါ်မီ 562 ခန့်

    ယေခေါနိမင်းသည် ထောင်ထဲမှာဝတ်သော အဝတ်ကိုလဲ၍၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ် မပြတ်အထံတော်၌ စားသောက်ရ၏။

  6. ယေရမိအနာဂတ္တိကျမ်း 52:34ခရစ်တော် မပေါ်မီ 562 ခန့်

    အသေမှီတိုင်အောင် အသက်ရှည်သမျှ နေ့ရက် အစဉ်မပြတ်သူစားစရာဘို့၊ ဗာဗုလုန်ရှင်ဘုရင် ပေးသနား တော်မူ၏။ ပရောဖက်ယေရမိစီရင်ရေးထေားသော အနာဂတ္တိကျမ်းပြီး၏။

  7. ဟောရှေအနာဂတ္တိကျမ်း 1:1ခရစ်တော် မပေါ်မီ 785 ခန့်

    ယုဒရှင်ဘုရင်ဩဇိမင်း၊ ယောသံမင်း၊ အာခတ် မင်း၊ ဟေဇကိမင်း၊ ဣသရေလရှင်ဘုရင်ယောရှသား ယေရောဗောင်မင်းတို့လက်ထက်၊ ဗေရိ၏ သားဟောရှေ သို့ ရောက်လာသောထာဝရဘုရား၏ နှုတ်ကပတ်တော် အစအဦးဟူမူကား၊

  8. ဟောရှေအနာဂတ္တိကျမ်း 1:2ခရစ်တော် မပေါ်မီ 785 ခန့်

    သင်သွား၍ ပြည်တန်ဆာမိန်းမနှင့်တကွ သူဘွား မြင်သော သားသမီးတို့ကို သိမ်းပိုက်လော့။ အကြောင်း မူကား၊ ပြည်သားတို့သည် ထာဝရဘုရားကုစွန့်ပစ်၍ အထပ်ထပ်မှားယွင်းကြပြီဟု ဟောရှေအား မှာထားတော်မူ သည်အတိုင်း၊

  9. ဟောရှေအနာဂတ္တိကျမ်း 1:3ခရစ်တော် မပေါ်မီ 785 ခန့်

    ဟောရှေသည်သွား၍ ဒိဗလိမ်သမီးဂေါမာကို သိမ်းပိုက်သဖြင့်၊ သူသည် ပဋိသန္ဓေယူ၍ ဟောရှေ၌ သားယောက်ျားကို ဘွားမြင်လေ၏။

  10. ဟောရှေအနာဂတ္တိကျမ်း 1:4ခရစ်တော် မပေါ်မီ 785 ခန့်

    ထာဝရဘုရားကလည်း၊ ထိုသားကို ယေဇရ အမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ခဏကြာပြီးမှ ယေဇရေလ အသက်ကိုသတ်သောအပြစ်ကြောင့်၊ ယေဟု အမျိုးကို ငါသည် ဒဏ်ပေး၍ ဣသရေလအမျိုး၏ နိုင်ငံ ကို ဆုံးစေမည်။

  11. ဟောရှေအနာဂတ္တိကျမ်း 1:5ခရစ်တော် မပေါ်မီ 785 ခန့်

    ဣသရေလလေးကို ယေဇရေလချိုင့်၌ ငါချိုး သော နေ့ခြင်းတွင် ထိုအမှုပြည့်စုံလိမ့်မည်ဟု မိန့်တော် မူ၏။

  12. ဟောရှေအနာဂတ္တိကျမ်း 1:6ခရစ်တော် မပေါ်မီ 785 ခန့်

    တဖန်ပဋိသန္ဓေယူ၍ သမီးကိုဘွားမြင်လေ၏။ ထိုသမီးကို လောရုဟာမာအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုးကို နောက် တဖန် မသနားမစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်းမည်။

  13. ဟောရှေအနာဂတ္တိကျမ်း 1:7ခရစ်တော် မပေါ်မီ 785 ခန့်

    ယုဒအမျိုးကိုကား သနားစုံမက်ဦးမည်။ သို့ရာ တွင် လေး၊ ထား၊ စစ်တိုက်၊ လက်နက်၊ မြင်း၊ မြင်းစီးသူရဲ အားဖြင့် မကယ်တင်၊ သူတို့၏ ဘုရားသခင် ထာဝရ ဘုရားအားဖြင့် ကယ်တင်မည်ဟု မိန့်တော်မူ၏။

  14. ဟောရှေအနာဂတ္တိကျမ်း 1:8ခရစ်တော် မပေါ်မီ 785 ခန့်

    လောရုဟာမာကို နို့ခွါသောအခါ၊ အမိသည် ပဋိသန္ဓေယူပြန်၍ သားယောက်ျားကို ဘွားမြင်လေ၏။

  15. ဟောရှေအနာဂတ္တိကျမ်း 1:9ခရစ်တော် မပေါ်မီ 785 ခန့်

    ထိုသားကိုလောအမ္မိအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ သင်တို့သည် ငါ၏လူမဟုတ်။ ငါသည် လည်း သင်တို့၏ ဘုရားသခင်မဟုတ်။

  16. ဟောရှေအနာဂတ္တိကျမ်း 1:10ခရစ်တော် မပေါ်မီ 785 ခန့်

    သို့ရာတွင်၊ ဣသရေလ အမျိုးသားတို့သည် မခြင်နိုင်၊ မရေတွက်နိုင်သော သမုဒ္ဒရာသဲလုံးနှင့်အမျှ များကြလိမ့်မည်။ သင်တို့သည် ငါ၏ လူမဟုတ်ဟု ထိုသူတို့အား ပြောဆိုရာ အရပ်၌ပင်လျှင်၊ သူတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားဟု ခေါ် ဝေါ်ခြင်းကို ခံရကြလိမ့်မည်။

  17. ဟောရှေအနာဂတ္တိကျမ်း 1:11ခရစ်တော် မပေါ်မီ 785 ခန့်

    ထိုအခါ ယုဒအမျိုးသားတို့နှင့် ဣသရေလ အမျိုးသားတို့သည် စုဝေးပေါင်းတော်၍ မင်းတဦး တည်းကို ချီးမြှောက်သဖြင့် ထိုပြည်ထဲက ထွက်လာကြ လိမ့်မည်။ ယေဇရေလနေ့သည် ကြီးမြတ်သောနေ့ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။

  18. ဟောရှေအနာဂတ္တိကျမ်း 2:1ခရစ်တော် မပေါ်မီ 785 ခန့်

    သင်တို့ ညီအစ်ကိုများကို ငါ၏လူဟူ၍၎င်း၊ သင်တို့နှမများကို သနားစုံမက်အပ်သောသမီးဟူ၍၎င်း တဖန်ခေါ်ကြလော့။

  19. ဟောရှေအနာဂတ္တိကျမ်း 2:2ခရစ်တော် မပေါ်မီ 785 ခန့်

    သင်တို့အမိနှင့် ဆွေးနွှေးကြလော့။ သူသည် ငါ့မယားမဟုတ်၊ ငါသည်လည်း သူ့လင်မဟုတ်ကြောင်းကို ဆွေးနွှေးကြလော့။ ပြည်တန်ဆာမျက်နှာကို ပယ်၍ မှားယွင်းခြင်းအမှုကို ရှောင်စေ။

  20. ဟောရှေအနာဂတ္တိကျမ်း 2:3ခရစ်တော် မပေါ်မီ 785 ခန့်

    မရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ်၍၊ သူဘွားသောနေ့၌ အဝတ်မရှိသကဲ့သို့ အဝတ်မပါ၊ ပြင်၌ ထုတ်ထားမည်။ လွင်ပြင်ကဲ့သို့ သုတ်သင်မည်။ သွေ့ ခြောက်သော မြေကဲ့သို့ ဖြစ်စေလျက် ရေအငတ်ထား၍ သေစေမည်။

  21. ဟောရှေအနာဂတ္တိကျမ်း 2:4ခရစ်တော် မပေါ်မီ 785 ခန့်

    သူ၏သားသမီးတို့သည် သူမျောက်မထား၍ ရသော သားသမီးဖြစ်သောကြောင့် သူတို့ကို ငါမသနား မစုံမက်ဘဲ နေမည်။

  22. ဟောရှေအနာဂတ္တိကျမ်း 2:5ခရစ်တော် မပေါ်မီ 785 ခန့်

    သူတို့အမိသည် ပြည်တန်ဆာဖြစ်၏။ သူတို့ကို ပဋိသန္ဓေယူ သောသူသည် ရှက်ဘွယ်သောအမှုကိုပြုပြီ။ သူကလည်း၊ ငါ့မုန့်၊ ငါ့ရေ၊ ငါ့သိုးမွှေး၊ ငါ့ပိုက်ဆန်၊ ငါ့ဆီ၊ ငါသောက်သောအရည်တို့ကို ပေးတတ်သော ငါ့ရည်းစား များ နောက်သို့ ငါလိုက်မည်ဟုဆိုပြီ။

  23. ဟောရှေအနာဂတ္တိကျမ်း 2:6ခရစ်တော် မပေါ်မီ 785 ခန့်

    သို့ဖြစ်၍၊ သူ့ကိုဆူးစောင်ရန်းနှင့် ကာထားမည်။ ထွက်စရာမရှိစေခြင်းငှါ သူ့ပတ်လည်၌ ကျောက်ရိုးကို လည်း တည်မည်။

  24. ဟောရှေအနာဂတ္တိကျမ်း 2:7ခရစ်တော် မပေါ်မီ 785 ခန့်

    သူသည် ရည်းစားတို့ကို လိုက်သော်လည်း မမှီ၊ ရှာသော်လည်း မတွေ့ဘဲ နေရသောအခါ၊ လင်ဟောင်းထံ သို့ ငါပြန်သွားမည်။ ယခုနေရာထက် အရင်နေရာသာ၍ ကောင်းသည်ဟု ဆိုလိမ့်မည်။

  25. ဟောရှေအနာဂတ္တိကျမ်း 2:8ခရစ်တော် မပေါ်မီ 785 ခန့်

    ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ကို ငါပေးသနား သည်ဟူ၍၎င်း၊ ဗာလဘုရားအား ပူဇော်သောရွှေနှင့် ငွေကို သူ၌ ငါများပြားစေသည်ဟူ၍၎င်း သူသည် မအောက်မေ့ပါတကား။