- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- ယေရမိအနာဂတ္တိကျမ်း 52:4ခရစ်တော် မပေါ်မီ 590 ခန့်
ဇေဒကိမင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက် နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌ တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊
- ယေရမိအနာဂတ္တိကျမ်း 52:5ခရစ်တော် မပေါ်မီ 590 ခန့်
ဇေဒကိမင်းနန်းစံ တဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။
- ယေရမိအနာဂတ္တိကျမ်း 52:6ခရစ်တော် မပေါ်မီ 588 ခန့်
ထိုနှစ်၊ စတုတ္ထလ ကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့ သည် စားစရာမရှိသောအခါ၊
- ယေရမိအနာဂတ္တိကျမ်း 52:7ခရစ်တော် မပေါ်မီ 588 ခန့်
ခါလဒဲလူတို့သည် မြို့ရိုးကို ဖြိုဖေါက်၍၊ မြို့ကို လည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်း တို့သည် ညဉ့်အခါပြေး၍၊ မြို့ရိုးနှစ်ထပ်စပ်ကြား၊ ဥယျာဉ် တော်နား တံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။
- ယေရမိအနာဂတ္တိကျမ်း 52:8ခရစ်တော် မပေါ်မီ 588 ခန့်
ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ဇေဒကိကို လိုက်၍၊ ယေရိခေါလွင်ပြင်၌မှီသဖြင့် ဇေဒကိမင်း၏ စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။
- ယေရမိအနာဂတ္တိကျမ်း 52:9ခရစ်တော် မပေါ်မီ 588 ခန့်
ရန်သူတို့သည် ရှင်ဘုရင်ကို ဘမ်းဆီး၍၊ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင် သွားကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိ၏အမှုကို စစ်ကြောစီရင်၍၊
- ယေရမိအနာဂတ္တိကျမ်း 52:10ခရစ်တော် မပေါ်မီ 588 ခန့်
ဇေဒကိမင်း၏သားတို့ကို အဘမျက်မှောက်၌ သတ်လေ၏။ ရိဗလမြို့မှာ ယုဒမှူးမတ်အပေါင်းတို့ကို လည်း သတ်လေ၏။
- ယေရမိအနာဂတ္တိကျမ်း 52:11ခရစ်တော် မပေါ်မီ 588 ခန့်
ဇေဒကိမျက်စိကိုလည်း ဖေါက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့်ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွား သဖြင့်၊ သေသည်တိုင်အောင် ထောင်ထဲမှာ လှောင်ထား လေ၏။
- ယေရမိအနာဂတ္တိကျမ်း 52:12ခရစ်တော် မပေါ်မီ 588 ခန့်
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ တဆယ်ကိုးနှစ်၊ ပဉ္စမလဆယ်ရက်နေ့တွင်၊ အမှုတော် ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့ သို့လာ၍၊
- ယေရမိအနာဂတ္တိကျမ်း 52:13ခရစ်တော် မပေါ်မီ 588 ခန့်
ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ၏။
- ယေရမိအနာဂတ္တိကျမ်း 52:14ခရစ်တော် မပေါ်မီ 588 ခန့်
ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲ စစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက် ကြ၏။
- ယေရမိအနာဂတ္တိကျမ်း 52:15ခရစ်တော် မပေါ်မီ 588 ခန့်
ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောဆင်းရဲသား၊ ဗာဗုလုန်ရှင်ဘုရင် ဘက်သို့ကူးသွားနှင့်သောမြို့သား၊ ကြွင်းသမျှသော သူတို့ကို သိမ်းသွားလေ၏။
- ယေရမိအနာဂတ္တိကျမ်း 52:16ခရစ်တော် မပေါ်မီ 588 ခန့်
သို့ရာတွင်၊ စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ် စေခြင်းငှါ၊ဆင်းရဲ သားအချို့တို့ကို ထားခဲ့လေ၏။
- ယေရမိအနာဂတ္တိကျမ်း 52:17ခရစ်တော် မပေါ်မီ 588 ခန့်
ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကို၎င်း၊ ကြေးဝါ ရေကန်ကို၎င်း၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို၎င်း၊ ခါလဒဲလူတို့သည်ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန် မြို့သို့ ယူသွားကြ၏။
- ယေရမိအနာဂတ္တိကျမ်း 52:18ခရစ်တော် မပေါ်မီ 588 ခန့်
အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ အိုး၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ၊ ကြေးဝါတန်ဆာရှိသမျှတို့ကိုလည်း ယူသွားကြ၏။
- ယေရမိအနာဂတ္တိကျမ်း 52:19ခရစ်တော် မပေါ်မီ 588 ခန့်
ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော အင်တုံ၊ လင်ပန်း၊ အိုး၊ အိုးကင်း၊ မီးခုံ၊ ဇွန်း၊ ဖလားများကို၊ ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွား လေ၏။
- ယေရမိအနာဂတ္တိကျမ်း 52:20ခရစ်တော် မပေါ်မီ 588 ခန့်
ဗိမာန်တော်၌ ရှောလမုန်မင်းကြီး လုပ်သော တိုင်နှစ်တိုင်၊ ရေကန်တခု၊ ရေကန်ခံစရာအခြေအမြစ် ကြေးဝါနွားတဆယ်နှစ်ခု၌ပါသော ကြေးဝါသည် အချိန် အားဖြင့် အတိုင်းမသိများ၏။
- ယေရမိအနာဂတ္တိကျမ်း 52:21ခရစ်တော် မပေါ်မီ 588 ခန့်
တိုင်အမြင့်ကား၊ တဆယ်ရှစ်တောင်ရှိ၏။ လုံးပတ်မှုကား၊ တဆယ်နှစ်တောင်ရှည်သော ကြိုးတပတ် ရှိ၏။ ခေါင်းပါဖြစ်၍ဒုလေးသစ်ရှိ၏။
- ယေရမိအနာဂတ္တိကျမ်း 52:22ခရစ်တော် မပေါ်မီ 588 ခန့်
ကြေးဝါတိုင်ထိပ်လည်း ရှိ၏။ တိုင်ထိပ်အမြင့် ကား၊ ငါးတောင်ရှိ၍ ထိပ်ပတ်လည်ကြေးဝါကွန်ရွက်၊ ကြေးဝါသလဲသီးတို့နှင့်ပြည့်စုံ၏။ အခြားသော တိုင်သည် လည်း၊ ထိုအတူဖြစ်၍ သလဲသီးတို့နှင့်ပြည့်စုံ၏။
- ယေရမိအနာဂတ္တိကျမ်း 52:23ခရစ်တော် မပေါ်မီ 588 ခန့်
တိုင်တမျက်နှာ၌ သလဲသီးကိုးဆယ်ခြောက်လုံး စီရှိ၍၊ ကွန်ရွက်တဘက်၌ သလဲသီးပေါင်းတရာ ရှိသတည်း။
- ယေရမိအနာဂတ္တိကျမ်း 52:24ခရစ်တော် မပေါ်မီ 588 ခန့်
ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ယဇ်ပုရော ဟိတ်မင်းစရာယ၊ ဒုတိယယဇ်ပုရောဟိတ်ဇေဖနိ၊ ဗိမာန် တော်တံခါးမှူးသုံးယောက်တို့ကို ဘမ်းဆီးလေ၏။
- ယေရမိအနာဂတ္တိကျမ်း 52:25ခရစ်တော် မပေါ်မီ 588 ခန့်
စစ်သူရဲတို့ကို အုပ်သောဗိုလ်တယောက်၊ မြို့ထဲ ၌တွေ့မိသော တိုင်ပင်မှူးမတ်ခုနှစ်ယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီး တယောက်၊ မြို့ထဲ၌တွေ့မိသော ပြည်သားခြောက်ဆယ် တို့ကို မြို့ထဲကခေါ်သွား၍၊
- ယေရမိအနာဂတ္တိကျမ်း 52:26ခရစ်တော် မပေါ်မီ 588 ခန့်
ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ဆောင်ခဲ့ပြီးလျှင်၊
- ယေရမိအနာဂတ္တိကျမ်း 52:27ခရစ်တော် မပေါ်မီ 588 ခန့်
ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည်ရိဗလမြို့ ၌ ထိုသူတို့ကို ဒဏ်ပေး၍ကွပ်မျက်လေ၏။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှသိမ်းသွားခြင်းကို ခံရသတည်း။
- ယေရမိအနာဂတ္တိကျမ်း 52:28ခရစ်တော် မပေါ်မီ 600 ခန့်
နေဗုခဒ်နေဇာမင်းသိမ်းသွားသော လူဟူမူကား၊ နန်းစံခုနစ်နှစ်တွင်၊ ယုဒအမျိုးသားသုံးထောင်နှစ်ဆယ် သုံးယောက်တို့ကို သိမ်းသွားလေ၏။