- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 30–62
The Early Church
Pentecost ignites a movement; Peter, Paul, and countless others carry the gospel from Jerusalem to the ends of the earth.
ဤကာလမှ အခန်းငယ်များ
- တမန်တော်ဝတ္ထု 9:33ခရစ်နှစ် 35 ခန့်
ထိုအရပ်၌ အဲနေအမည်ရှိသော တုံးလုံးနေ သော သူတယောက်ကိုတွေ့လျှင်၊ အဲနေ၊ ယေရှုခရစ်သည် သင့်အားချမ်းသာပေးတော်မူ၏။
- တမန်တော်ဝတ္ထု 9:34ခရစ်နှစ် 35 ခန့်
ထ၍အိပ်ရာကိုပြင်လော့ဟု ပေတရုဆိုသော်၊ ထိုသူသည် ချက်ခြင်းထ၏။
- တမန်တော်ဝတ္ထု 9:35ခရစ်နှစ် 35 ခန့်
လုဒ္ဒမြို့နှင့်ရှာရုန်မြို့၌ နေသောသူ အပေါင်း တို့သည် ထိုသူကို မြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲကြ၏။
- တမန်တော်ဝတ္ထု 9:36ခရစ်နှစ် 35 ခန့်
ယုပွေမြို့၌ ဒေါ်ကာဟုဆိုလိုသော တဗိသ အမည်ရှိသော တပည့်တော်မ တယောက်ရှိ၏။ ထိုမိန်းမ သည် ကောင်းသောအကျင့်၊ စွန့်ကြဲခြင်း အကျင့်နှင့် ပြည့်စုံလျက်၊
- တမန်တော်ဝတ္ထု 9:37ခရစ်နှစ် 35 ခန့်
ထိုအခါ၌နာ၍သေလေ၏။ အလောင်းကို ရေချိုးပြီးလျှင် အထက်ခန်း၌တင်ထားကြ၏။
- တမန်တော်ဝတ္ထု 9:38ခရစ်နှစ် 35 ခန့်
လုဒ္ဒမြို့သည် ယုပွေမြို့နှင့် နီးသည်ဖြစ်၍ ထိုမြို့၌ ပေတရု ရှိကြောင်းကို တပည့်တော်တို့သည်ကြားလျှင်၊ ပေတရုသည် အလျင်အမြန် ကြွလာပါမည် အကြောင်း လူနှစ်ယောက်ကို စေလွှတ်၍ တောင်းပန် ကြ၏။
- တမန်တော်ဝတ္ထု 9:39ခရစ်နှစ် 35 ခန့်
ပေတရုသည် ထ၍ထိုသူတို့နှင့် အတူလိုက်လေ ၏။ ရောက်လျှင် အထက်ခန်းသို့ခေါ်ပင့်၍ မုတ်ဆိုးမ များတို့သည် ငိုကြွေးလျက်၊ သူတို့နှင့်အတူ ဒေါ်ကာရှိ စဉ်အခါလုပ်ခဲ့သော အင်္ကျီနှင့် အဝတ်များကို ပြလျက် ရှိကြ၏။
- တမန်တော်ဝတ္ထု 9:40ခရစ်နှစ် 35 ခန့်
ပေတရုသည် ထိုသူအပေါင်းတို့ကို ပြင်သို့ထွက် စေသည်နောက်၊ ကိုယ်တိုင်ဒူးထောက်၍ ဆုတောင်း ပဌနာပြုပြီးလျှင်၊ ထိုအလောင်းသို့ မျက်နှာလှည့်၍၊ တဗိသ၊ ထလော့ဟုဆိုလေ၏။ ထိုမိန်းမ သည် မျက်စိကို ဖွင့်၍ ပေတရုကိုမြင်လျှင် ထ၍ထိုင်၏။
- တမန်တော်ဝတ္ထု 9:41ခရစ်နှစ် 35 ခန့်
ပေတရုသည် မိမိလက်ကို သူ့အားပေး၍ ချီကြွပြီးမှ၊ သန့်ရှင်း သူတို့နှင့် မုတ်ဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသော ထိုမိန်းမကို ပြလေ၏။
- တမန်တော်ဝတ္ထု 9:42ခရစ်နှစ် 35 ခန့်
ထိုအကြောင်းကို ယုပွေမြို့၌ အနှံ့အပြား သိကြ ၍၊ လူများတို့သည် သခင်ဘုရားကိုယုံကြည်ခြင်းသို့ ရောက်ကြ၏။
- တမန်တော်ဝတ္ထု 9:43ခရစ်နှစ် 35 ခန့်
ပေတရုသည် ယုပွေမြို့၌ရှိမုန်အမည်ရှိသော သားရေ လုပ်သမားနှင့်အတူ ကြာမြင့်စွာနေ၏။
- တမန်တော်ဝတ္ထု 10:1ခရစ်နှစ် 41 ခန့်
ကဲသရိမြို့၌ ဣတလိတပ်ဟု ခေါ်ဝေါ်သော တပ်တွင် လူတရာ ကိုအုပ်ချုပ်သော တပ်မှူးကော်နေလိ အမည် တွင်သော သူတယောက်ရှိ ၏။
- တမန်တော်ဝတ္ထု 10:2ခရစ်နှစ် 41 ခန့်
ထိုသူသည် မိမိအိမ်တွင်ရှိသမျှသော သူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိသဖြင့် လူတို့အားများစွာသော စွန့်ကြဲ ခြင်းကိုပြု၍ ဘုရားသခင်ကို အစဉ်ဆုတောင်းလေ့ရှိ၏။
- တမန်တော်ဝတ္ထု 10:3ခရစ်နှစ် 41 ခန့်
တနေ့သ၌ နေသုံးချက်တီးအချိန်တွင် ဘုရား သခင်၏ ကောင်းကင်တမန်သည်၊ ကော်နေလိဟု ခေါ်လျက် ရောက်လာသည်ကို ထိုသူသည် ထင်ရှားသော ဗျာဒိတ်ရူပါရုံအားဖြင့် မြင်ရ၏။
- တမန်တော်ဝတ္ထု 10:4ခရစ်နှစ် 41 ခန့်
ကောင်းကင်တမန်ကို စေ့စေ့ကြည့်လျှင် ထိတ်လန့်ခြင်းရှိသည် ဖြစ်၍၊ သခင်၊ အဘယ်အခင်းရှိပါ သနည်းဟု မေးသော်၊ ကောင်းကင် တမန်က၊ သင်ပြု သောဆုတောင်းပဌနာနှင့် စွန့်ကြဲပေးကမ်းခြင်းတို့သည် ဘုရားသခင့်ရှေ့တော်၌ အောက်မေ့စရာဘို့တက်ကြပြီ။
- တမန်တော်ဝတ္ထု 10:5ခရစ်နှစ် 41 ခန့်
ထိုကြောင့် ယခုပင်ယုပွေမြို့သို့ လူတို့ကိုစေလွှတ်၍၊ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကိုခေါ်ပင့်လော့။
- တမန်တော်ဝတ္ထု 10:6ခရစ်နှစ် 41 ခန့်
ထိုသူသည်သားရေလုပ်သမားရှိမုန်၏ အိမ်၌ တည်းနေ၏။ ထိုအိမ်သည် ပင်လယ်နားမှာ ရှိသည်ဟု ပြောဆို၏။
- တမန်တော်ဝတ္ထု 10:7ခရစ်နှစ် 41 ခန့်
ထိုသို့ပြောဆိုသော ကောင်းကင်တမန်သွားပြီးမှ၊ ကော်နေလိသည် မိမိငယ်သားနှစ်ယောက်နှင့်တကွ မိမိထံ၌ မပြတ်ခစားသောလူစု အဝင်၊ ဘုရားဝတ်၌ မွေ့လျော်သော စစ်သူရဲတယောက်ကိုခေါ်၍၊
- တမန်တော်ဝတ္ထု 10:8ခရစ်နှစ် 41 ခန့်
ထိုအကြောင်းအရာအလုံးစုံတို့ကို ကြားပြောပြီးမှ ယုပွေမြို့သို့ စေလွှတ်၏။
- တမန်တော်ဝတ္ထု 10:9ခရစ်နှစ် 41 ခန့်
နက်ဖြန်နေ့၌ ထိုသူတို့သည် သွား၍ ယုပွေမြို့ အနီးသို့ ရောက်ကြသောအခါ၊ နှစ်ချက်တီးအချိန်တွင် ပေတရုသည် ဆုတောင်းခြင်း ငှါအိမ်မိုးပေါ်သို့ တက်လေ ၏။
- တမန်တော်ဝတ္ထု 10:10ခရစ်နှစ် 41 ခန့်
ဆာမွတ်၍ အစာအာဟာရကို အလိုရှိလျှင် သူတပါးတို့သည် အစာအာဟာရကို ပြင်ဆင်ကြစဉ်အခါ ပေတရုသည် ဘဝင်ဖြစ်၍ နေသဖြင့်၊
- တမန်တော်ဝတ္ထု 10:11ခရစ်နှစ် 41 ခန့်
ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ခြုံထည်ကဲ့သို့ လေးထောင့် ချုပ်၍ မြေသို့ချလွှတ်သော တန်ဆာသည် မိမိဆီသို့ဆင်းသက်လာသည် ကို၎င်းမြင်လေ၏။
- တမန်တော်ဝတ္ထု 10:12ခရစ်နှစ် 41 ခန့်
ထိုတန်ဆာထဲ၌ သားရဲမှစ၍မြေ၌ကျင်လည် သောသားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက်မျိုး တို့သည်ရှိကြ၏။
- တမန်တော်ဝတ္ထု 10:13ခရစ်နှစ် 41 ခန့်
စကားအသံသည်လည်း၊ ပေတရုထ၍ သတ်စား လော့ဟု လာ၏။
- တမန်တော်ဝတ္ထု 10:14ခရစ်နှစ် 41 ခန့်
ပေတရုကလည်း၊ မဖြစ်နိုင်ပါသခင်။ ညစ်ညူး သောအရာနှင့် မစင်ကြယ်သောအရာကို အကျွန်ုပ်သည် တရံတခါမျှ မစားဘူးပါဟု ပြောဆို၏။