အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေဇကျေလအနာဂတ္တိကျမ်း 1:22ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုသတ္တဝါတို့၏ ခေါင်းများအပေါ်မှာ မိုဃ်း မျက်နှာကြက်၏ အဆင်းအရောင်သည်ရှိ၍၊ ကြောက်မက် ဘွယ်သော ကျောက်သလင်းမျက်နှာကြက်ကဲ့သို့ဖြစ်၏။

  2. ယေဇကျေလအနာဂတ္တိကျမ်း 1:23ခရစ်တော် မပေါ်မီ 595 ခန့်

    မိုဃ်းမျက်နှာကြက်အောက်မှာ သူတို့အတောင် များသည် တခုသို့တခုတည့်တည့်ပြန့်လျက်ရှိ၍၊ ပြင်ဘက် ၌လည်း ကိုယ်ကိုဖုံးစရာဘို့ အတောင်နှစ်ခုစီရှိ၏။

  3. ယေဇကျေလအနာဂတ္တိကျမ်း 1:24ခရစ်တော် မပေါ်မီ 595 ခန့်

    သူတို့သွားသောအခါ သမုဒ္ဒရာရေသံကဲ့သို့၎င်း၊ အနန္တတန်ခိုးရှင်၏အသံတော်ကဲ့သို့၎င်း၊ အတောင်တို့မြည်သောအသံကို ငါကြား၏။ စကားသံသည်လည်း လူအလုံးအရင်း၏ စကားသံကဲ့သို့ဖြစ်၏။ ရပ်သောအခါ အတောင်တို့ကို ချလျက်နေကြ၏။

  4. ယေဇကျေလအနာဂတ္တိကျမ်း 1:25ခရစ်တော် မပေါ်မီ 595 ခန့်

    ရပ်၍အတောင်တို့ကို ချသောအခါ၊ သူတို့၏ ခေါင်းများအပေါ်မှာ မိုဃ်းမျက်နှာကြက်ထဲက စကားသံ သည် ထွက်၏။

  5. ယေဇကျေလအနာဂတ္တိကျမ်း 1:26ခရစ်တော် မပေါ်မီ 595 ခန့်

    သူတို့၏ခေါင်းများအထက်၊ မိုဃ်းမျက်နှက်ကြက် အပေါ်၌လည်း နီလာကျောက်ကဲ့သို့ အဆင်းအရောင် ရှိသော ရာဇပလ္လင်သဏ္ဌာန်ပေါ်၏။ ပလ္လင်သဏ္ဍာန် အပေါ်၌လည်း လူပုံသဏ္ဍာန်ကဲ့သို့ ပေါ်၏။

  6. ယေဇကျေလအနာဂတ္တိကျမ်း 1:27ခရစ်တော် မပေါ်မီ 595 ခန့်

    ပလ္လင်အတွင်း၌၎င်း၊ ပတ်လည်၌၎င်း၊ ခါး သဏ္ဍာန်မှသည် အထက်ပိုင်း၌ ဟရှမေလရွှေအရောင် နှင့်မီးအရောင်ကဲ့သို့ ထင်ရှား၏။ အောက်ပိုင်း၌ မီး အရောင်ကဲ့သို့ ထင်ရှား ၍ ပတ်လည်၌ ထွန်းတောက်လေ၏။

  7. ယေဇကျေလအနာဂတ္တိကျမ်း 1:28ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုသို့ထွန်းတောက်သော အရောင်သည် မိုဃ်း ရွာသောနေ့တွင်၊ မိုဃ်းတိမ်၌ပေါ်သော သက်တံ့၏ အရောင်ကဲ့သို့ ဖြစ်၏။ ဤရွှေကား၊ ထာဝရဘုရား၏ ဘုန်းတော်သဏ္ဌာန်အဆင်းအရောင်ဖြစ်သတည်း။

  8. ယေဇကျေလအနာဂတ္တိကျမ်း 2:1ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုဗျာဒိတ်ရူပါရုံကို ငါသည် မြင်သောအခါ ပြပ်ဝပ်လျက်နေ၏။ တဦးသောသူကလည်း၊ အချင်း လူသား၊ မတ်တတ်နေလော့။ သင့်အားငါ ပြောမည်ဟု ငါ့အားဆိုသံကိုငါကြား၏။

  9. ယေဇကျေလအနာဂတ္တိကျမ်း 2:2ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုသို့ဆိုသောအခါ ဝိညာဉ်တော်သည် ငါ့အထဲ သို့ဝင်၍ မတ်တတ်နေစေသဖြင့်၊ ငါနှင့်ပြောသောသူ၏ စကားကိုငါကြားသည်ကား၊

  10. ယေဇကျေလအနာဂတ္တိကျမ်း 2:3ခရစ်တော် မပေါ်မီ 595 ခန့်

    အချင်းလူသား၊ ငါ့ကိုပုန်ကန်တတ်သော အမျိုး တည်းဟူသော၊ ယနေ့တိုင်အောင် ဘိုးဘေးတို့နှင့်တကွ ငါတို့အစဉ်ပုန်ကန်၍၊ ပြစ်မှားသော ဣသရေလ အမျိုးသားတို့ ရှိရာသို့ သင့်ကို ငါစေလွှတ်မည်။

  11. ယေဇကျေလအနာဂတ္တိကျမ်း 2:4ခရစ်တော် မပေါ်မီ 595 ခန့်

    ရဲသောမျက်နှာနှင့်ခိုင်မာသော နှလုံးရှိသော အမျိုးသားတို့ရှိရာသို့ သင့်ကို ငါစေလွှတ်၍၊ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု သူတို့အား ပြောရမည်။

  12. ယေဇကျေလအနာဂတ္တိကျမ်း 2:5ခရစ်တော် မပေါ်မီ 595 ခန့်

    သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ နား ထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ မိမိတို့တွင် ပရောဖက်ရှိသည်ကို သိရကြမည်။

  13. ယေဇကျေလအနာဂတ္တိကျမ်း 2:6ခရစ်တော် မပေါ်မီ 595 ခန့်

    အချင်းလူသား၊ သင်သည် ဆူးပင်အမျိုးမျိုးနှင့် တွေ့၍၊ ကင်းမြီးကောက်တို့တွင် နေရသော်လည်း သူတို့ကိုမကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက် နှင့်။ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သူတို့ စကားကိုမကြောက်နှင့်။ သူတို့မျက်နှာရည်ကြောင့် စိတ်မပျက်နှင့်။

  14. ယေဇကျေလအနာဂတ္တိကျမ်း 2:7ခရစ်တော် မပေါ်မီ 595 ခန့်

    သူတို့သည် အလွန်ပုန်ကန်တတ်သော သဘော ရှိသည်ဖြစ်၍၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ ငါ့စကားကိုသူတို့အား ဟောပြောရမည်။

  15. ယေဇကျေလအနာဂတ္တိကျမ်း 2:8ခရစ်တော် မပေါ်မီ 595 ခန့်

    အချင်းလူသား၊ ငါပြောသောစကားကို နား ထောင်လော့။ ထိုပုန်ကန်တတ်သော အမျိုးကဲ့သို့ ပုန်ကန် သော သဘောမရှိနှင့်။ သင့်ပစပ်ကို ဖွင့်၍ ငါပေးသော အရာကိုစားလော့ဟု မိန့်တော်မူလျှင်၊

  16. ယေဇကျေလအနာဂတ္တိကျမ်း 2:9ခရစ်တော် မပေါ်မီ 595 ခန့်

    ငါကြည့်၍ စာလိပ်ပါသောလက်သည် ငါ့ဆီသို့ ဆန့်လျက်ရှိ၏။

  17. ယေဇကျေလအနာဂတ္တိကျမ်း 2:10ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုစာလိပ်ကို ငါ့ရှေ့မှာ ဖွင့်ဖြန့်သောအခါ၊ တဘက်တချက်၌ အက္ခရာတင်၍ ငိုကြွေးမြည်တမ်းခြင်း အချက်၊ စိတ်မသာညည်းတွားခြင်းအချက်၊ အမင်္ဂလာ အချက်များပါသတည်း။

  18. ယေဇကျေလအနာဂတ္တိကျမ်း 3:1ခရစ်တော် မပေါ်မီ 595 ခန့်

    တဖန်၊ အချင်းလူသား၊ သင်တွေ့သောအရာကို စားလော့။ ဤစာလိပ်ကိုစားပြီးလျှင်၊ ဣသရေလ အမျိုးသားတို့ရှိရာသို့ သွား၍ဟော ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊

  19. ယေဇကျေလအနာဂတ္တိကျမ်း 3:2ခရစ်တော် မပေါ်မီ 595 ခန့်

    ငါသည်ပစပ်ကိုဖွင့်စဉ် ထိုစာလိပ်ကို ခွံ့တော်မူ လျက်၊

  20. ယေဇကျေလအနာဂတ္တိကျမ်း 3:3ခရစ်တော် မပေါ်မီ 595 ခန့်

    အချင်းလူသား၊ ငါပေးသော ဤစာလိပ်ကို စား၍ ဝမ်းပြည့်စေလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည် စား၍ပစပ်၌ပျားရည်ကဲ့သို့ ချို၏။

  21. ယေဇကျေလအနာဂတ္တိကျမ်း 3:4ခရစ်တော် မပေါ်မီ 595 ခန့်

    တဖန်၊ အချင်းလူသား၊ ဣသရေလအမျိုးသားတို့ ရှိရာသို့သွား၍ ငါ့စကားကို ဟောပြောလော့။

  22. ယေဇကျေလအနာဂတ္တိကျမ်း 3:5ခရစ်တော် မပေါ်မီ 595 ခန့်

    သင်မသိမကျွမ်း၊ နာလည်ခဲသော စကားကို ပြောတတ်သော လူမျိုးရှိရာသို့ သင့်ကို ငါစေလွှတ်သည် မဟုတ်။ ဣသရေလအမျိုးရှိရာသို့ စေလွှတ်၏။

  23. ယေဇကျေလအနာဂတ္တိကျမ်း 3:6ခရစ်တော် မပေါ်မီ 595 ခန့်

    သင်မသိမကျွမ်း၊ နားလည်ခဲသောစကား၊ အလျှင်းနားမလည်နိုင်သော စကားကို ပြောတတ်သော လူအမျိုးမျိုးတို့ ရှိရာသို့စေလွှတ်သည်မဟုတ်။ အကယ်၍ ထိုသို့သော သူတို့ရှိရာသို့ စေလွှတ်လျှင်၊ သင့်စကားကို နားထောင်ကြလိမ့်မည်။

  24. ယေဇကျေလအနာဂတ္တိကျမ်း 3:7ခရစ်တော် မပေါ်မီ 595 ခန့်

    ဣသရေလအမျိုးတို့မူကား၊ သင့်စကားကို နားမထောင်ကြ။ ငါ့စကားကိုပင် နားမထောင်ကြ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ခိုင်မာသော နဖူးနှင့်ခိုင်မာသော နှလုံးရှိကြ၏။

  25. ယေဇကျေလအနာဂတ္တိကျမ်း 3:8ခရစ်တော် မပေါ်မီ 595 ခန့်

    သို့ရာတွင်၊ သူတို့မျက်နှာတဘက်၌ သင်၏ မျက်နှာကို၎င်း၊ သူတို့နဖူးတဘက်၌ သင်၏နဖူးကို၎င်း ငါခိုင်ခံ့စေပြီ။