အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေဇကျေလအနာဂတ္တိကျမ်း 4:7ခရစ်တော် မပေါ်မီ 595 ခန့်

    သင်သည် ယေရုရှလင်မြို့ကို ဝိုင်းထားသည် အမှုမှာ၊ မျက်နှာထား၍ လက်ရုံးကိုဆန့်လျက်၊ မြို့တဘက် ၌ ပရောဖက်ပြုရမည်။

  2. ယေဇကျေလအနာဂတ္တိကျမ်း 4:8ခရစ်တော် မပေါ်မီ 595 ခန့်

    ငါသည် သင့်ကိုချည်နှောင်၍ ဝိုင်းထားခြင်းအမှု ကို ပြုရသော ကာလမစေ့မှီ၊ သင်သည် တဘက်မှ တဘက်သို့ မစောင်းရ။

  3. ယေဇကျေလအနာဂတ္တိကျမ်း 4:9ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုမှတပါး၊ ဂျုံဆန်၊ မုယောဆန်၊ ပဲဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက်ဆန်တို့ကို ယူ၍ အိုးတလုံး၌ ရောနှောလျက်ထားရမည်။ နံစောင်းတဘက်ဖြင့် အိပ်ရသောနေ့ရက် သုံးရာကိုးဆယ်ပတ်လုံး၊ ထိုရောနှော သောဆန်ကို မုန့်လုပ်၍ စားရမည်။

  4. ယေဇကျေလအနာဂတ္တိကျမ်း 4:10ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုမုန့်ကို တနေ့တနေ့လျှင် အကျပ်နှစ်ဆယ်စီ ချိန်၍ စားရမည်။

  5. ယေဇကျေလအနာဂတ္တိကျမ်း 4:11ခရစ်တော် မပေါ်မီ 595 ခန့်

    ရေကိုလည်းတနေ့တနေ့လျှင် တဗတ်စီခြင်၍ သောက်ရမည်။

  6. ယေဇကျေလအနာဂတ္တိကျမ်း 4:12ခရစ်တော် မပေါ်မီ 595 ခန့်

    မုယောမုန့်ပြားကို စားသကဲ့သို့ စားအံ့သောငှါ၊ လူများရှေ့တွင် လူ၏မစင်နှင့်ဖုတ်ရမည်။

  7. ယေဇကျေလအနာဂတ္တိကျမ်း 4:13ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုသို့ ငါနှင်ထုတ်ရာအရပ်၊ တပါးအမျိုးသားတို့ နေရာ၌၊ ဣသရေလအမျိုးတို့သည် ညစ်ညူးသောမုန့်ကို စားရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  8. ယေဇကျေလအနာဂတ္တိကျမ်း 4:14ခရစ်တော် မပေါ်မီ 595 ခန့်

    ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ် သည် ညစ်ညူးခြင်းသို့ မရောက်ပါသေး။ အလိုလို သေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်၊ ရွံ့ရှာဘွယ်သောအကောင်၏ အသားကို ငယ်သော အသက်အရွယ်မှစ၍ ယခုတိုင်အောင် အကျွန်ုပ်သည် မစားပါဟု လျှောက်လျှင်၊

  9. ယေဇကျေလအနာဂတ္တိကျမ်း 4:15ခရစ်တော် မပေါ်မီ 595 ခန့်

    လူ၏မစင်အရာ၌ နွားချေးကို ငါပေး၏။ နွားချေးနှင့်သင့်မုန့်ကို ဖုတ်ရမည်ဟု မိန့်တော်မူ၏။

  10. ယေဇကျေလအနာဂတ္တိကျမ်း 4:16ခရစ်တော် မပေါ်မီ 595 ခန့်

    တဖန်တုံ၊ အချင်းလူသား၊ ယေရုရှလင်မြို့၌ မုန့်အထောက်အပင့်ကို ငါချိုးမည်။ မြို့သားတို့သည် မုန့်ကိုချိန်လျက်၊ စိုးရိမ်သော စိတ်နှင့်စားရကြမည်။ ရေကိုလည်း ခြင်လျက်၊ မိန်းမောတွေဝေခြင်းနှင့် သောက် ရကြမည်။

  11. ယေဇကျေလအနာဂတ္တိကျမ်း 4:17ခရစ်တော် မပေါ်မီ 595 ခန့်

    မုန့်နှင့်ရေခေါင်းပါးသဖြင့်၊ မြို့သားတို့သည် တညီတညွတ်တည်း မိန်းမောတွေဝေ၍၊ မိမိတို့အပြစ် ကြောင့် ပိန်ကြုံခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ၏။

  12. ယေဇကျေလအနာဂတ္တိကျမ်း 5:1ခရစ်တော် မပေါ်မီ 594 ခန့်

    တဖန်တုံ၊ အချင်းလူသား၊ ထက်သောထား တည်းဟူသော၊ ဆတ္တာသည်၏သင်တုန်းကိုယူ၍၊ ကိုယ်ဆံပင်နှင့်မုတ်ဆိတ်ကို ရိတ်ပြီးမှ၊ ချိန်ခွင်နှင့် ချိန်၍ အစုစုခွဲထားလော့။

  13. ယေဇကျေလအနာဂတ္တိကျမ်း 5:2ခရစ်တော် မပေါ်မီ 594 ခန့်

    မြို့ကို ဝိုင်းထားရာ ကာလစေ့သောအခါ၊ ဆံပင်နှင့် မုတ်ဆိတ်သုံးစု တစုကို မြို့ထဲမှာ မီးရှို့လော့။ တစုကိုထားနှင့်ခုတ်ဖြတ်လော့။ တစုကို လေတိုက်ရာ၌ လွှင့်လော့။ ငါသည်လည်း ထိုအစုနောက်သို့ ထားကိုလွှတ် လိုက်မည်။

  14. ယေဇကျေလအနာဂတ္တိကျမ်း 5:3ခရစ်တော် မပေါ်မီ 594 ခန့်

    အနည်းငယ်ကိုလည်းယူ၍ ကိုယ်အဝတ်နှင့် ထုပ်လော့။

  15. ယေဇကျေလအနာဂတ္တိကျမ်း 5:4ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုအနည်းငယ်အချို့ကိုလည်း ယူပြန်၍ မီးရှို့ လော့။ ထိုမီးသည် ဣသရေလအမျိုးကို နှံ့ပြားလိမ့်မည်ဟု မိန့်တော်မူ၏။

  16. ယေဇကျေလအနာဂတ္တိကျမ်း 5:5ခရစ်တော် မပေါ်မီ 594 ခန့်

    တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဤပုံသည် ယေရုရှလင်မြို့ဖြစ်၏။ ပတ်လည်၌ ရှိသောတိုင်းပြည်များတို့အလယ်မှာ ထိုမြို့ကို ငါထား၍၊

  17. ယေဇကျေလအနာဂတ္တိကျမ်း 5:6ခရစ်တော် မပေါ်မီ 594 ခန့်

    ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့သည် ငါ၏စီရင်ထုံးဖွဲ့ ချက်ပညတ်တရားကို လွန်ကျူး သည်ထက်၊ ထိုမြို့သားတို့သည်သာ၍ မတရားသဖြင့် လွန်ကျူးကြပြီ။ ထိုပညတ်တရားတော်လမ်းသို့ မလိုက်ဘဲ ငြင်းပယ်ကြပြီ။

  18. ယေဇကျေလအနာဂတ္တိကျမ်း 5:7ခရစ်တော် မပေါ်မီ 594 ခန့်

    သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်တို့သည် ပတ်လည်၌ရှိသော တိုင်းသူပြည်သား တို့ ဆန့်ကျင်သည်ထက်၊ သာ၍ဆန့် ကျင်သောကြောင့် ၎င်း၊ ငါ၏စီရင်ချက်လမ်းသို့မဟုတ်၊ ငါ၏ပညတ်တရား ကိုမစောင့်ရှောက်၊ ပတ်လည်၌ရှိသော တိုင်းသူပြည်သား တို့၏ထုံးစံဓလေ့ သို့လိုက်သောကြောင့်၎င်း၊

  19. ယေဇကျေလအနာဂတ္တိကျမ်း 5:8ခရစ်တော် မပေါ်မီ 594 ခန့်

    ငါသည်ကိုယ်တိုင်သင့်တဘက်၌ နေ၍၊ တပါး အမျိုးသားတို့ရှေ့မှာ သင်၌အပြစ်ဒဏ်ကိုစီရင်မည်။

  20. ယေဇကျေလအနာဂတ္တိကျမ်း 5:9ခရစ်တော် မပေါ်မီ 594 ခန့်

    သင်ပြုဘူးသမျှသော ရွံ့ရှာဘွယ်အမှုတို့ကြောင့်၊ ငါမစီရင်စဖူး၊ မစီရင်လတံ့သောအပြစ်ဒဏ်ကို သင်၌ စီရင်မည်။

  21. ယေဇကျေလအနာဂတ္တိကျမ်း 5:10ခရစ်တော် မပေါ်မီ 594 ခန့်

    သင်၏အလယ်၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည်။ သားတို့သည်လည်း အဘတို့ကိုစားကြ လိမ့်မည်။ သင်၌အပြစ်ဒဏ်ကို စီရင်၍၊ ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသောလေရှေ့မှာ ငါလွှင့်မည်။

  22. ယေဇကျေလအနာဂတ္တိကျမ်း 5:11ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာအပေါင်းတို့နှင့် ငါ၏သန့်ရှင်းရာ ဌာနကို သင်သည်ညစ်ညူးစေသောကြောင့်၊ ငါသည် လည်း သင့်ကိုမနှမြော၊ မစုံမက်ဘဲမျက်နှာလွှဲမည်။

  23. ယေဇကျေလအနာဂတ္တိကျမ်း 5:12ခရစ်တော် မပေါ်မီ 594 ခန့်

    သင်၏သုံးစုတို့တွင်၊ တစုသည်နာဘေးဖြင့် သေ၍၊ သင်၏အလယ်၌မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရ လိမ့်မည်။ တစခုသည်သင့်ပတ်လည်၌ ထားဘေးဖြင့်လဲ၍ သေရလိမ့်မည်။ တစုကိုအရပ်ရပ်တို့က လာသော လေရှေ့မှာငါလွှင့်၍၊ သူ့နောက်သို့ ထားကို လွှတ်လိုက် မည်။

  24. ယေဇကျေလအနာဂတ္တိကျမ်း 5:13ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုသို့ငါအမျက်အလို ပြည့်စုံလိမ့်မည်။ ငါ့ဒေါသ အရှိန်ကို သူတို့အပေါ်မှာ တည်စေပြီးမှ၊ ငါ့စိတ်ပြေ လိမ့်မည်။ သူတို့၌ ငါ့ဒေါသစိတ်အလို ကိုပြည့်စုံ စေသောအခါ၊ ငါထာဝရဘုရားသည် စိတ်အားကြီး၍ မိန့်တော်မူကြောင်းကို သူတို့သိရကြလိမ့်မည်။

  25. ယေဇကျေလအနာဂတ္တိကျမ်း 5:14ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုမှတပါး၊ အနားမှာရှောက်သွားသမျှသော သူတို့ရှေ့တွင် သင့်ကိုလူဆိတ်ညံရာ၊ ပတ်လည်၌နေသော လူအမျိုးမျိုးတို့၏ ကဲ့ရဲ့ရာ ဖြစ်စေမည်။