- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 605–538 BC
The Babylonian Exile
Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.
ဤကာလမှ အခန်းငယ်များ
- ယေဇကျေလအနာဂတ္တိကျမ်း 7:9ခရစ်တော် မပေါ်မီ 594 ခန့်
နှမြောစုံမက်ခြင်းမရှိဘဲ၊ သင့်အကျင့်တို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသောရွံ့ရှာဘွယ် အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါ ထာဝရဘုရားသည် ဒဏ်ပေးကြောင်းကို သိရကြ လိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 7:10ခရစ်တော် မပေါ်မီ 594 ခန့်
နေ့ရက်ရောက်လာ၏။ ရောက်လာ၏။ အလှည့် ခံရချိန်စေ့ပြီ။ တံဖျာပွင့်ပြီ။ မာနကြီးပွားပြီ။
- ယေဇကျေလအနာဂတ္တိကျမ်း 7:11ခရစ်တော် မပေါ်မီ 594 ခန့်
ညှဉ်းဆဲခြင်း အမြစ်မှ အပြစ်တံဖျာပေါက်လေပြီ။ သူတို့အစည်းအဝေး၊ သူတို့ပရိသတ်တစုံတယောက်မျှ မကျန်ကြွင်းရ။ သတို့အဘို့ ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။
- ယေဇကျေလအနာဂတ္တိကျမ်း 7:12ခရစ်တော် မပေါ်မီ 594 ခန့်
အချိန်စေ့ပြီ။ နေ့ရက်နီးပြီ။ ဝယ်သောသူသည် ဝမ်းမမြောက်စေနှင့်။ ရောင်းသောသူသည် စိတ်မသာ၊ မညည်းတွားစေနှင့်။ အကြောင်းမူကား၊ ထိုလူအစုအဝေး အပေါင်းတို့အပေါ်မှာ အမျက်တော်သည် တည်လျက် ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 7:13ခရစ်တော် မပေါ်မီ 594 ခန့်
ရောင်းသောသူသည် အသက်လွတ်လျက် ရှိသော်လည်း၊ ရောင်းသော မြေသို့ပြန်၍ မလာရ။ ထိုလူအစုအဝေးအပေါင်းတို့နှင့်ဆိုင်သော ဗျာဒိတ်ရူပါရုံ သည် မပြည့်စုံဘဲမနေရ။ မတရားစွာကျင့်သောအားဖြင့် အဘယ်သူမျှမတည်နိုင်ရ။
- ယေဇကျေလအနာဂတ္တိကျမ်း 7:14ခရစ်တော် မပေါ်မီ 594 ခန့်
စစ်ခင်းကျင်းစေခြင်းငှါ တံပိုးကို မှုတ်ကြသော် လည်း၊ အဘယ်သူမျှ စစ်ချီ၍မသွား။ အကြောင်းမူကား၊ ငါ့အမျက်သည် ထိုလူအစုအဝေးအပေါင်းတို့အပေါ်မှာ တည်လျက်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 7:15ခရစ်တော် မပေါ်မီ 594 ခန့်
ပြင်၌ ကားထားရှိ၏။ အတွင်း၌ကားနာခြင်း၊ မွတ်သိပ်ခြင်းရှိ၏။ လယ်ပြင်တွင်ရှိသော သူသည် ထားဖြင့် သေလိမ့်မည်။ မြို့ထဲတွင်ရှိသော သူသည်လည်း နာခြင်း၊ မွတ်သိပ်ခြင်း အားဖြင့် ဆုံးလိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 7:16ခရစ်တော် မပေါ်မီ 594 ခန့်
သို့ရာတွင် လွတ်သောသူတို့သည် လွတ်သော အခါ၊ အသီးအသီး မိမိတို့အပြစ်ကြောင့် စိတ်မသာ ညည်းတွားလျက်၊ ချိုင့်သားချိုးကဲ့သို့ တောင်ပေါ်မှာ ရှိကြ လိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 7:17ခရစ်တော် မပေါ်မီ 594 ခန့်
ထိုသူရှိသမျှတို့သည် လက်အားလျော့၍၊ ဒူးသည်လည်း အရည်ဖြစ်လိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 7:18ခရစ်တော် မပေါ်မီ 594 ခန့်
သူတို့သည်လည်း လျှော်တေအဝတ်ကို ဝတ် စည်းလျက်၊ ပြင်းစွာသော ထိတ်လန့်ခြင်းနှင့်ကိုယ်ကို ခြုံလျက်၊ တယောက်မျှမကြွင်း၊ မျက်နှာရှက်ကြောက် လျက်၊ ဆံပင်ဖြတ်လျက် ရှိကြလိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 7:19ခရစ်တော် မပေါ်မီ 594 ခန့်
သူတို့ငွေကို လမ်းသို့ပစ်၍၊ ရွှေကိုညစ်ညူးသော အရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရားအမျက်ထွက် တော်မူသော ကာလ၌၊ သူတို့ ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှါ မတတ်နိုင်။ သူတို့အလိုဆန္ဒကို မဖြေ နိုင်။ ဝစွာမကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူတို့ထိမိ၍မှားယွင်းခြင်းအကြောင်း ဖြစ်သတည်း။
- ယေဇကျေလအနာဂတ္တိကျမ်း 7:20ခရစ်တော် မပေါ်မီ 594 ခန့်
သူတို့၌ တင့်တယ်သောတန်ဆာအားဖြင့် သူတို့ မာနကို တိုးပွါးစေ၍၊ သူတို့၌ စက်ဆုပ်ဘွယ်သော ရုပ်တု ဆင်းတုတို့ကို၎င်း၊ ရွံ့ရှာဘွယ်သော အရာတို့ကို၎င်း လုပ်ကြသောကြောင့်၊ ထိုတန်ဆာကို ညစ်ညူးသောအရာ ဖြစ်စေခြင်းငှါ ငါစီရင်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 7:21ခရစ်တော် မပေါ်မီ 594 ခန့်
တပါးအမျိုးသားတည်းဟူသော အဓမ္မလူတို့ သည် လုယူဖျက်ဆီးစေခြင်းငှါ သူတို့လက်သို့ငါအပ်သဖြင့်၊ သူတို့သည် ညစ်ညူးစေကြလိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 7:22ခရစ်တော် မပေါ်မီ 594 ခန့်
ငါလည်းမျက်နှာလွှဲသည်ဖြစ်၍၊ သူတို့သည် ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည်။ ထားပြတို့သည် ဝင်၍ ညစ်ညူးစေကြလိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 7:23ခရစ်တော် မပေါ်မီ 594 ခန့်
သံကြိုးကိုလုပ်လော့။ အကြောင်းမူကား၊ ပြည် သည် လူအသက်ကို သတ်ခြင်းအပြစ်နှင့်ပြည့်၏။ မြို့သည်လည်း ညှင်းဆဲ နှိပ်စက်ခြင်းနှင့် ပြည့်၏။
- ယေဇကျေလအနာဂတ္တိကျမ်း 7:24ခရစ်တော် မပေါ်မီ 594 ခန့်
ထိုကြောင့်၊ ကြမ်းကြုတ်သော လူမျိုးတို့ကို ငါဆောင်ခဲ့၍၊ သူတို့သည် အိမ်များကို သိမ်းယူကြလိမ့် မည်။ ခွန်အားကြီးမားသောသူတို့၏ မာနကို ငါငြိမ်း စေမည်။ သူတို့သန့်ရှင်းသောအရပ်တို့သည် ညစ်ညူးခြင်း ရှိကြလိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 7:25ခရစ်တော် မပေါ်မီ 594 ခန့်
ပျက်စီးခြင်းဘေးလာ၏။ သူတို့သည် ငြိမ်ဝပ်ခြင်း ကို ရှာ၍ မတွေ့ရကြ။
- ယေဇကျေလအနာဂတ္တိကျမ်း 7:26ခရစ်တော် မပေါ်မီ 594 ခန့်
ဘေးတခုနောက်တခု၊ သိတင်းတခုနောက်တခု ပေါ်လာလိမ့်မည်။ ပရောဖက်ထံမှာ ဗျာဒိတ်ရူပါရုံကို ရှာသော်လည်း မရကြ။ ယဇ်ပုရောဟိတ်တို့သည် တရား ဟောသောအခွင့်၊ အသက်ကြီးသော သူတို့သည် အကြံ ပေးသောအခွင့်ကို မရဘဲနေကြလိမ့်မည်။
- ယေဇကျေလအနာဂတ္တိကျမ်း 7:27ခရစ်တော် မပေါ်မီ 594 ခန့်
ရှင်ဘုရင်သည် ညည်းတွားခြင်း မြည်တမ်း လိမ့်မည်။ မင်းသားသည် မှိုင်တွေခြင်းအဝတ်ကို ဝတ်ရ လိမ့်မည်။ ပြည်သူပြည်သားတို့၏ လက်တို့သည် တုန်လှုပ် ကြလိမ့်မည်။ သူတို့ကျင့်ကြသည်အတိုင်း သူတို့၌ ငါပြု မည်။ သူတို့စီရင်ကြသည်အတိုင်း ငါပြန်၍ စီရင်မည်။ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 8:1ခရစ်တော် မပေါ်မီ 594 ခန့်
သက္ကရာဇ်ခြောက်ခု၊ ဆဌမလ၊ ငါးရက်နေ့တွင်၊ ငါသည်ကိုယ် အိမ်၌ထိုင်၍၊ ယုဒအမျိုးအသက်ကြီးသူတို့ သည် ငါရှေ့မှာ ထိုင်ကြစဉ်၊ အရှင်ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်သို့ သက်ရောက်လေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 8:2ခရစ်တော် မပေါ်မီ 594 ခန့်
ထိုအခါ ငါကြည့်ရှု၍၊ မီးအရောင်ကဲ့သို့သော ပုံသဏ္ဍာန်သည် ထင်ရှား၏။ ခါးသဏ္ဍာန်မှသည် အောက် ပိုင်း၌ မီးအရောင်ကဲ့သို့၎င်း၊ အထက်ပိုင်း၌ ဟရှမေလ ရွှေအရောင်ကဲ့သို့၎င်း ထင်ရှား၏။
- ယေဇကျေလအနာဂတ္တိကျမ်း 8:3ခရစ်တော် မပေါ်မီ 594 ခန့်
လက်သဏ္ဍာန်ကိုဆန့်၍ ငါ၏ဆံပင်တစုကို ကိုင်လျက်၊ ဝိညာဉ်တော်သည် ငါ့ကိုမြေနှင့်မိုဃ်းကောင်း ကင်ကြားမှာ ချီကြွ၍၊ အမျက်တော်ကို နှိုးဆော်သော ရုပ်တုပလ္လင်ရှိရာ ယေရုရှလင်မြို့မြောက်မျက်နှာအတွင်း တံခါးဝသို့၊ ဘုရားသခင်၏ဗျာဒိတ်တော်ရူပါရုံအားဖြင့် ငါ့ကိုဆောင်သွား၏။
- ယေဇကျေလအနာဂတ္တိကျမ်း 8:4ခရစ်တော် မပေါ်မီ 594 ခန့်
လွင်ပြင်၌ အရင်ငါမြင်ဘူးသော ဗျာဒိတ်ရူပါရုံ ကဲ့သို့၊ ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် ထင်ရှား၏။
- ယေဇကျေလအနာဂတ္တိကျမ်း 8:5ခရစ်တော် မပေါ်မီ 594 ခန့်
အချင်းလူသား၊ မြောက်လမ်းသို့ မျှော်ကြည့် လော့ဟု မိန့်တော်မူသည်အတိုင်း၊ မြောက်လမ်းသို့ ငါမျှော်ကြည့်၍၊ မြောက်မျက်နှာ၊ ယဇ်ပလ္လင်တံခါးဝ၌ အမျက်တော်ကို နှိုးဆော်သော် ရုပ်တုရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 8:6ခရစ်တော် မပေါ်မီ 594 ခန့်
တဖန်တုံ၊ အချင်းလူသား၊ ငါသည် ငါ၏ သန့်ရှင်းရာဌာနနှင့် ဝေးစွာသွားစေခြင်းငှါ သူတို့ပြုကြ သောအမှု၊ ဤအရပ်၌ ဣသရေလအမျိုးပြုသော၊ အလွန် စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကို မြင်ပြီလော။ တဖန် လှည့်၍သွားဦးလော့။ သာ၍ကြီးသော ရွံရှာဘွယ် အမှု တို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက်၊