- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 605–538 BC
The Babylonian Exile
Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.
ဤကာလမှ အခန်းငယ်များ
- ယေဇကျေလအနာဂတ္တိကျမ်း 8:7ခရစ်တော် မပေါ်မီ 594 ခန့်
တန်တိုင်းတံခါးဝသို့ ငါ့ကိုဆောင်သွား၍ ငါ ကြည့်ရှုသောအခါ၊ တန်တိုင်းရိုး၌ အပေါက်ကို မြင်လေ ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 8:8ခရစ်တော် မပေါ်မီ 594 ခန့်
တဖန်တုံအချင်းလူသား၊ တန်တိုင်းရိုးကို တူးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည်တူးပြီးမှ တံခါးဝကို မြင်လေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 8:9ခရစ်တော် မပေါ်မီ 594 ခန့်
ဝင်လော့။ ဤအရပ်၌ ပြုကြသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုဆိုးတို့ကို ကြည့်ရှုလော့ဟု မိန့်တော်မူသည်အတိုင်း၊
- ယေဇကျေလအနာဂတ္တိကျမ်း 8:10ခရစ်တော် မပေါ်မီ 594 ခန့်
ငါသည် ဝင်၍ကြည့်ရှုသောအခါ၊ တန်တိုင်းရိုး အတွင်းပတ်လည်၌၊ တွားတတ်သော အကောင်မှစ၍ ရွံ့ရှာဘွယ်သော တိရစ္ဆာန်အမျိုးမျိုးနှင့် ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုဆင်းတုရှိသမျှတို့၏ ပုံသဏ္ဌာန်သည် ရေးထားလျက်ရှိ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 8:11ခရစ်တော် မပေါ်မီ 594 ခန့်
သူတို့ရှေ့မှာ ဣသရေလအမျိုးအသက်ကြီးသူ ခုနှစ်ကျိပ်တို့နှင့်တကွ၊ ယာဇညာသားရှာဖန်သည် သူတို့ အလယ်၌ရပ်၍၊ ထိုသူအပေါင်းတို့သည် အသီးအသီး လင်ပန်းကို ကိုင်လျက်၊ နံ့သာပေါင်းကို မီးရှို့ကြသဖြင့်၊ မီးခိုးသည် ထူထပ်စွာတက်လေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 8:12ခရစ်တော် မပေါ်မီ 594 ခန့်
တဖန်တုံ၊ အချင်းလူသား၊ ဣသရေလအမျိုး အသက်ကြီးသူ အသီးအသီးတို့သည် မှောင်မိုက်ထဲမှာ ပုံရေးသော အခန်းတို့၌ ပြုသောအမှုကိုမြင်ပြီလော။ သူတို့က၊ ထာဝရဘုရားမမြင်။ ထာဝရဘုရားသည် မြေကြီးကို စွန့်ပစ်လေပြီဟု ဆိုကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 8:13ခရစ်တော် မပေါ်မီ 594 ခန့်
တဖန်လှည့်၍ သွားဦးလော့။ သူတို့ပြုသော အမှုတို့တွင် သာ၍ကြီးစွာသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက်၊
- ယေဇကျေလအနာဂတ္တိကျမ်း 8:14ခရစ်တော် မပေါ်မီ 594 ခန့်
ဗိမာန်တော်မြောက်တံခါးဝသို့ ဆောင်သွား၍၊ ထိုအရပ်၌ မိန်းမတို့သည် တမ္မုဇနတ်အဘို့ ငိုကြွေးလျက် ထိုင်ကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 8:15ခရစ်တော် မပေါ်မီ 594 ခန့်
အချင်းလူသား၊ ထိုအမှုကိုမြင်ပြီလော။ တဖန် လှည့်၍သွားဦးလော့။ ထိုမျှမက သာ၍ကြီးစွာသော စက်ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော် မူလျက်၊
- ယေဇကျေလအနာဂတ္တိကျမ်း 8:16ခရစ်တော် မပေါ်မီ 594 ခန့်
ထာဝရဘုရား၏အိမ်တော်အတွင်း တန်တိုင်းထဲ သို့ ဆောင်သွား၍၊ ဗိမာန်တော်တံခါး၊ ဗိမာန်တော်ဦးနှင့် ယဇ်ပလ္လင်ကြားမှာ၊ လူနှစ်ကျိပ်ငါးယောက်တို့သည် ဗိမာန်တော်ကို ကျောခိုင်းလျက်၊ အရှေ့သို့မျက်နှာ ပြုလျက်၊ အရှေ့မျက်နှာ၌ နေကို ကိုးကွယ်ကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 8:17ခရစ်တော် မပေါ်မီ 594 ခန့်
တဖန်တုံ၊ အချင်းလူသား၊ ထိုအမှုကို မြင်ပြီ လော။ ယုဒအမျိုးသည် ဤအရပ်၌ စက်ဆုပ်ရွံ့ရှာဘွယ် အမှုတို့ကို ပြုသောအပြစ်ပေါ့သလော။ သူတို့သည် အဓမ္မ မှုဖြင့် တပြည်လုံးကို ပြည့်စေ၍ ငါ၏အမျက်ကို အထပ် ထပ်နှိုးဆော်ကြပြီ။ သစ်ခက်ကိုလည်း မိမိတို့နှာခေါင်းဝ၌ ကပ်၍တိုင်ကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 8:18ခရစ်တော် မပေါ်မီ 594 ခန့်
ထိုကြောင့်၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ ငါ၏အမျက်ကို လွှတ်လိုက်မည်။ သူတို့သည် ကျယ်သော အသံနှင့်အော်ဟစ်၍ တောင်းလျှောက်သော်လည်း၊ ငါသည် နားမထောင်ဟု မိန့်တော်မူ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 9:1ခရစ်တော် မပေါ်မီ 594 ခန့်
ဖျက်ဆီးသော လက်နက်ကို အသီးအသီး ကိုင် လျက်၊ ဤမြို့ခံရသောဒဏ်တို့ကို အနီးသို့ဆောင်ခဲ့ကြ လော့ဟု ကျယ်သောအသံနှင့် ခေါ်တော်မူသည်ကို ငါကြား၏။
- ယေဇကျေလအနာဂတ္တိကျမ်း 9:2ခရစ်တော် မပေါ်မီ 594 ခန့်
ထိုအခါ လူမြောက်ယောက်တို့သည် အသီး အသီး ကွပ်မျက်စရာ လက်နက်ကို ကိုင်လျက်၊ တယောက် သည်လည်း၊ ပိတ်အဝတ်ကိုဝတ်၍ နံပါး၌ မှင်အိုးပါလျက်၊ မြောက်မျက်နှာဘက် အထက်တံခါးလမ်းဖြင့် ဝင်၍၊ ကြေးဝါပလ္လင်အနားမှာရပ်နေကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 9:3ခရစ်တော် မပေါ်မီ 594 ခန့်
ဣသရေလအမျိုး၏ဘုရားသခင် ဘုန်းတော် သည် ကျိန်းဝပ်ရာ ခေရုဗိမ်မှအိမ်တော်တံခါးခုံသို့တက်၍၊ ပိတ်အဝတ်ကိုဝတ်လျက်၊ နံပါး၌ မှင်အိုးပါသော သူကို ခေါ်၍၊
- ယေဇကျေလအနာဂတ္တိကျမ်း 9:4ခရစ်တော် မပေါ်မီ 594 ခန့်
ထာဝရဘုရားက၊ ယေရုရှလင်မြို့အလယ်၌ ရှောက်သွားလော့။ မြို့ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံ့ရှာ ဘွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသောသူတို့၏ နဖူးကို ထိုးမှတ်လော့ဟူ၍၎င်း၊
- ယေဇကျေလအနာဂတ္တိကျမ်း 9:5ခရစ်တော် မပေါ်မီ 594 ခန့်
အခြားသော သူတို့အားလည်း၊ ထိုသူနောက် မြို့ထဲ၌ ရှောက်သွား၍ ဒဏ်ခတ်ကြလော့။ နှမြောစုံမက် ခြင်းမရှိကြနှင့်။
- ယေဇကျေလအနာဂတ္တိကျမ်း 9:6ခရစ်တော် မပေါ်မီ 594 ခန့်
အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့။ သို့ရာတွင်၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏ သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည် ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာ သတ်ကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 9:7ခရစ်တော် မပေါ်မီ 594 ခန့်
တဖန်တုံ၊ အိမ်တော်ကိုညစ်ညူးစေ၍၊ ကွပ်မျက် သော သူအသေကောင်တို့နှင့် တန်တိုင်းများကို ပြည့်စေပြီးမှ ထွက်သွားကြလော့ဟု မိန့်တော်မူသည် အတိုင်း၊ သူတို့သည်ထွက်၍ မြို့ထဲ၌ကွပ်မျက်ကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 9:8ခရစ်တော် မပေါ်မီ 594 ခန့်
ထိုသို့သူတို့သည် ကွပ်မျက်ကြသောအခါ၊ ငါ နေရစ်စဉ်တွင် ပြပ်ဝပ်၍၊ အိုအရှင်ထာဝရဘုရား၊ ယေရု ရှလင်မြို့အပေါ်သို့ အမျက်တော်ကို သွန်းလောင်း၍၊ ကျန်ကြွင်းသမျှသော ဣသရေလအမျိုးကို ဖျက်ဆီးတော် မူမည်လောဟု ကြွေးကြော်၍လျှောက်လေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 9:9ခရစ်တော် မပေါ်မီ 594 ခန့်
ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးနှင့် ယုဒ အမျိုး၏အပြစ်သည် အလွန်တရာကြီး၏ တပြည်လုံးသည် လူအသက်ကိုသတ်ခြင်းအပြစ်နှင့်ပြည့်၏။ မြို့သည်လည်း ဖော်ပြန်ခြင်း အပြစ်နှင့်ပြည့်၏။ သူတို့က၊ ထာဝရဘုရား သည် မြေကြီးနှင့်စွန့်ပစ်လေပြီ။ ထာဝရဘုရားမမြင်ဟု ဆိုကြ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 9:10ခရစ်တော် မပေါ်မီ 594 ခန့်
ထိုကြောင့်၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ၊ သူတို့အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့ သက်ရောက်စေမည်ဟု ငါ့အား မိန့်တော်မူ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 9:11ခရစ်တော် မပေါ်မီ 594 ခန့်
ပိတ်အဝတ်ကို ဝတ်၍နံပါး၌ မှင်အိုးပါသော သူကလည်း၊ ကိုယ်တော်မှာထားတော်မူသည်အတိုင်း အကျွန်ုပ်ပြုပါပြီဟု ပြန်လျှောက်လေ၏။
- ယေဇကျေလအနာဂတ္တိကျမ်း 10:1ခရစ်တော် မပေါ်မီ 594 ခန့်
တဖန် ငါကြည့်ရှု၍၊ ခေရုဗိမ်၏ခေါင်းတို့ အထက်မိုဃ်းမျက်နှာကြက်၌နီလာကျော်ကဲ့သို့၊ ရာဇပလ္လင် ၏ သဏ္ဌာန်အရောင်သည် ထင်ရှား၏။
- ယေဇကျေလအနာဂတ္တိကျမ်း 10:2ခရစ်တော် မပေါ်မီ 594 ခန့်
ပိတ်အဝတ်ကိုဝတ်သော သူအားလည်း၊ ရထား ဘီးတို့အကြားမှာ ခေရုဗိမ်အောက်သို့ဝင်လော့။ ခေရုဗိမ် အကြားမှာရှိသော မီးခဲတို့ကို လက်နှစ်ဘက်နှင့် ကျုံးပြီး လျှင်၊ မြို့အပေါ်မှာ ဖြန့်ကြဲလော့ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူသည် ငါ့မျက်မှောက်၌သွား၏။