အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေဇကျေလအနာဂတ္တိကျမ်း 11:6ခရစ်တော် မပေါ်မီ 594 ခန့်

    သင်တို့သည် ဤမြို့၌သူရဲတို့ကို များပြားစေ၍၊ မြို့လမ်းတို့ကို သူရဲများနှင့်ပြည့်စေကြပြီ။

  2. ယေဇကျေလအနာဂတ္တိကျမ်း 11:7ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့ထားသော သူရဲတို့သည် အမဲသား ဖြစ်၏။ ဤမြို့သည် အိုးကင်းဖြစ်၏။ သို့သော်လည်း၊ သင်တို့ကို မြို့ထဲက ငါထုတ်မည်။

  3. ယေဇကျေလအနာဂတ္တိကျမ်း 11:8ခရစ်တော် မပေါ်မီ 594 ခန့်

    သင်တို့သည် ထားကို ကြောက်သည်ဖြစ်၍၊ ငါသည် ထိုထားကို သင်တို့အပေါ်သို့ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  4. ယေဇကျေလအနာဂတ္တိကျမ်း 11:9ခရစ်တော် မပေါ်မီ 594 ခန့်

    ငါသည် သင်တို့ကိုမြို့ထဲက ထုတ်ပြီးလျှင်၊ တကျွန်းတနိုင်ငံသား တို့၏လက်သို့အပ်၍ အပြစ်ဒဏ်ကို စီရင်မည်။

  5. ယေဇကျေလအနာဂတ္တိကျမ်း 11:10ခရစ်တော် မပေါ်မီ 594 ခန့်

    သင်တို့သည် ထားဖြင့်ဆုံးရှုံးကြ၍၊ ဣသရေလ ပြည်စွန်းမှာ ငါ စစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။

  6. ယေဇကျေလအနာဂတ္တိကျမ်း 11:11ခရစ်တော် မပေါ်မီ 594 ခန့်

    ဤမြို့သည် သင်တို့၏ အိုးကင်းမဖြစ်ရ၊ သင်တို့ သည်လည်း၊ အိုးကင်း၌ အမဲသားမဖြစ်ရကြ။ ဣသရေလ ပြည်စွန်းမှာ ငါစစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။

  7. ယေဇကျေလအနာဂတ္တိကျမ်း 11:12ခရစ်တော် မပေါ်မီ 594 ခန့်

    အကြောင်းမူကား၊ သင်တို့သည် ငါ၏ဘုရား လမ်းသို့မလိုက်၊ ငါ့စီရင်ချက်တို့ကို မစောင့်၊ သင်တို့ ပတ်လည်၌နေသော လူမျိုးတို့၏ ထုံးစံဓလေ့တို့ကို လိုက်ကြပြီဟု မိန့်တော်မူ၏။

  8. ယေဇကျေလအနာဂတ္တိကျမ်း 11:13ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုဗျာဒိတ်တော်စကားကို ငါသည်ဆင့်ဆို၍ ဟောပြောစဉ်တွင်၊ ဗေနာယသားပေလတိသည် သေ၏။ ငါသည်လည်း ပြပ်ဝပ်၍၊ အိုအရှင် ထာဝရဘုရား၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့ကို ဆုံးရှုံး စေတော်မူမည်လောဟု ကျယ်သောအသံနှင့် ကြွေးကြော် ၏။

  9. ယေဇကျေလအနာဂတ္တိကျမ်း 11:14ခရစ်တော် မပေါ်မီ 594 ခန့်

    တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

  10. ယေဇကျေလအနာဂတ္တိကျမ်း 11:15ခရစ်တော် မပေါ်မီ 594 ခန့်

    အချင်းလူသား၊ ယေရုရှလင်မြို့သူမြို့သားတို့က၊ ထာဝရဘုရားထံတော်မှ ဝေးစွာထွက်သွားကြလော့။ ဤပြည်ကိုငါတို့အား အပိုင်ပေးတော်မူပြီဟု သင်၏ ညီအစ်ကို၊ သင်၏အမျိုးသားချင်း၊ ဣသရေလအမျိုး သားအပေါင်းတို့အား ဆိုတတ်ကြ၏။

  11. ယေဇကျေလအနာဂတ္တိကျမ်း 11:16ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်၏အမျိုးသားချင်းတို့ကို တပါးအမျိုးသား တို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ၍၊ အတိုင်း တိုင်းအပြည်ပြည်တို့၌ ဖြန့်ကြဲသော်လည်း၊ သူတို့ ရောက် သောပြည်တို့၌ ငါသည်သူတို့အဘို့ သန့်ရှင်းရာဌာနကဲ့သို့ ခဏ ဖြစ်လိမ့်မည်။

  12. ယေဇကျေလအနာဂတ္တိကျမ်း 11:17ခရစ်တော် မပေါ်မီ 594 ခန့်

    အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့ ကို ဖြန့်ကြဲသော လူအမျိုးမျိုး နေရာအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါသိမ်းယူ၍၊ စုဝေးပြီးလျှင်၊ ဣသရေလ ပြည်ကိုပေးမည်။

  13. ယေဇကျေလအနာဂတ္တိကျမ်း 11:18ခရစ်တော် မပေါ်မီ 594 ခန့်

    သူတို့သည် ထိုပြည်သို့ရောက်၍၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာရှိသမျှတို့ကို ပယ်ရှားကြလိမ့်မည်။

  14. ယေဇကျေလအနာဂတ္တိကျမ်း 11:19ခရစ်တော် မပေါ်မီ 594 ခန့်

    ငါသည်လည်း၊ ညီညွတ်သော စိတ်နှလုံးနှင့် အသစ်သောသဘောကို သွင်းပေးမည်။ သူတို့ကိုယ်ခန္ဓာ ထဲက ကျောက်နှလုံးကို နှုတ်၍၊ အသားနှလုံးကို ပေးသော ကြောင့်၊

  15. ယေဇကျေလအနာဂတ္တိကျမ်း 11:20ခရစ်တော် မပေါ်မီ 594 ခန့်

    သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရား လမ်းသို့လိုက်၍ စောင့်ရှောက်သဖြင့်၊ ငါ၏လူဖြစ်ကြ လိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။

  16. ယေဇကျေလအနာဂတ္တိကျမ်း 11:21ခရစ်တော် မပေါ်မီ 594 ခန့်

    သို့မဟုတ်လျှင်၊ စက်ဆုပ်ရွံ့ရှာဘွယ်သော အမူ အရာတို့၏ အလိုသို့ စိတ်နှလုံးအားဖြင့် လိုက်သော သူတို့၏ အပြစ်ကို၊ သူတို့၏ခေါင်းပေါ်သို့ ငါရောက်စေ မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

  17. ယေဇကျေလအနာဂတ္တိကျမ်း 11:22ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုအခါ ခေရုဗိမ်တို့သည် အတောင်တို့ကို ဖြန့်၍၊ ဘီးတို့သည်လည်း လိုက်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင့်ဘုန်းတော်သည်လည်း သူတို့အပေါ်၌ ရှိတော်မူ၏။

  18. ယေဇကျေလအနာဂတ္တိကျမ်း 11:23ခရစ်တော် မပေါ်မီ 594 ခန့်

    ထာဝရဘုရား၏ ဘုန်းတော်သည် မြို့ထဲက တက်၍၊ မြို့အရှေ့မှာ ရှိသောတောင်ပေါ်၌ ရပ်တော်မူ၏။

  19. ယေဇကျေလအနာဂတ္တိကျမ်း 11:24ခရစ်တော် မပေါ်မီ 594 ခန့်

    ဝိညာဉ်တော်သည်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကိုချီ၍ သိမ်းသွားသော သူတို့ နေရာ၊ ခါလဒဲပြည်သို့ ဆောင်သွားတော်မူ၏။ ငါမြင်ခဲ့ပြီး သော ဗျာဒိတ်ရုံသည်လည်း ငါနှင့်ကွာ၍ တက်သွား၏။

  20. ယေဇကျေလအနာဂတ္တိကျမ်း 11:25ခရစ်တော် မပေါ်မီ 594 ခန့်

    ထာဝရဘုရားပြတော်မူခဲ့ပြီးသော အမှုအရာ ရှိသမျှတို့ကို ငါသည်သိမ်းသွားခြင်းကိုခံရသော သူတို့အား ကြားပြောလေ၏။

  21. ယေဇကျေလအနာဂတ္တိကျမ်း 12:1ခရစ်တော် မပေါ်မီ 594 ခန့်

    တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

  22. ယေဇကျေလအနာဂတ္တိကျမ်း 12:2ခရစ်တော် မပေါ်မီ 594 ခန့်

    အချင်းလူသား၊ သင်သည်ပုန်ကန်တတ်သော အမျိုးထဲမှာနေ၏။ သူတို့သည် မြင်ရသော မျက်စိ ရှိသော်လည်း မမြင်တတ်။ ကြားရသော နားရှိသော် လည်း မကြားတတ်။ ပုန်ကန်တတ်သော အမျိုးဖြစ်ကြ၏။

  23. ယေဇကျေလအနာဂတ္တိကျမ်း 12:3ခရစ်တော် မပေါ်မီ 594 ခန့်

    သို့ဖြစ်၍၊ အချင်းလူသား၊ အခြားသို့ ပြောင်း သွားခြင်းငှါ ဥစ္စာပရိကံများကို ပြင်ဆင်၍၊ နေ့အချိန်၌ သူတို့မျက်မှောက်တွင် ပြောင်းသွားလော့။ သူတို့မျက် မှောက်တွင် အခြားတပါးသို့နေရာပြောင်းလော့။ ပုန်ကန် တတ်သော အမျိုးဖြစ်သော်လည်း၊ သတိရကောင်းရကြ လိမ့်မည်။

  24. ယေဇကျေလအနာဂတ္တိကျမ်း 12:4ခရစ်တော် မပေါ်မီ 594 ခန့်

    နေရာပြောင်းစရာဘို့ ပြင်ဆင်သော ဥစ္စာပရိကံ များကဲ့သို့၊ သင်၏ ဥစ္စာပရိကံများကို နေ့အချိန်၌ သူတို့ မျက်မှောက်တွင် ထုတ်ရမည်။ သိမ်းသွားခြင်းကို ခံရသော သူကဲ့သို့၊ ညအချိန်၌ သူတို့မျက်မှောက်တွင် ထွက်သွား ရမည်။

  25. ယေဇကျေလအနာဂတ္တိကျမ်း 12:5ခရစ်တော် မပေါ်မီ 594 ခန့်

    သူတို့မျက်မှောက်၌ အုတ်ရိုးကိုတူးဖောက်၍၊ ဥစ္စာ ပရိကံများကို ထုတ်သွားလော့။