အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေဇကျေလအနာဂတ္တိကျမ်း 13:3ခရစ်တော် မပေါ်မီ 594 ခန့်

    အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အဘယ်အရာကိုမျှ မမြင်ဘဲ၊ ကိုယ်စိတ်အလိုသို့ လိုက် တတ်သော ပရောဖက်မိုက်တို့သည် အမင်္ဂလာရှိကြ၏။

  2. ယေဇကျေလအနာဂတ္တိကျမ်း 13:4ခရစ်တော် မပေါ်မီ 594 ခန့်

    အိုဣသရေလအမျိုး၊ သင်၏ပရောဖက်တို့သည် တော၌နေသော မြေခွေးနှင့် တူကြ၏။

  3. ယေဇကျေလအနာဂတ္တိကျမ်း 13:5ခရစ်တော် မပေါ်မီ 594 ခန့်

    ဣသရေလအမျိုးသည် ထာဝရဘုရား၏ နေ့ ရောက်မှစစ်တိုက်၍ ခံနိုင်မည်အကြောင်း၊ သူတို့သည် မြို့ရိုးပျက် အပေါ်သို့တက်၍၊ ပြုပြင်ခြင်းအမှုကို မပြုဘဲ နေကြ၏။

  4. ယေဇကျေလအနာဂတ္တိကျမ်း 13:6ခရစ်တော် မပေါ်မီ 594 ခန့်

    အချည်းနှီးသောအရာကို မြင်ကြပြီ။ ထာဝရ ဘုရားစေလွှတ်တော်မမူဘဲ၊ ထာဝရဘုရားမိန့်တော်မူသည် ဟုဆိုလျက်၊ လှည့်စား၍ပရောဖက်ပြုကြပြီ။ ကိုယ်စကား ပြည့်စုံ မည်ဟု သူတပါးယုံစေခြင်းငှါ ပြုကြပြီ။

  5. ယေဇကျေလအနာဂတ္တိကျမ်း 13:7ခရစ်တော် မပေါ်မီ 594 ခန့်

    ငါမပြောဘဲ ထာဝရဘုရားမိန့်တော်မူသည်ဟု သင်တို့ဆိုလျက်၊ အချည်းနှီးသော အရာကိုမြင်ကြပြီ မဟုတ်လော။ လှည့်စား၍ ပရောဖက်ပြုကြပြီ မဟုတ် လော့။

  6. ယေဇကျေလအနာဂတ္တိကျမ်း 13:8ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုကြောင့် အရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား၊ သင်တို့သည် အချည်းနှီးသော စကားကို ပြော၍ မုသာရူပါရုံကိုမြင်သောကြောင့် ငါသည် သင်တို့ တဘက်၌ နေ၏။

  7. ယေဇကျေလအနာဂတ္တိကျမ်း 13:9ခရစ်တော် မပေါ်မီ 594 ခန့်

    အချည်းနှီးသော အရာကိုမြင်၍ မုသာစကားကို ဟောပြောတတ်သော ပရောဖက်တို့ကို ငါဆီးတားသဖြင့်၊ သူတို့သည် ငါ၏ပရိသတ်စည်းဝေးရာသို့ မဝင်ရကြ။ ဣသရေလ အမျိုး၏ စာရင်း၌ သူတို့အမည်ကို မသွင်းရ။ ဣသရေလပြည်၌နေရာမချရ။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။

  8. ယေဇကျေလအနာဂတ္တိကျမ်း 13:10ခရစ်တော် မပေါ်မီ 594 ခန့်

    ငြိမ်သက်ခြင်းမရှိသော်လည်း၊ ငြိမ်သက်ခြင်း ရှိသည်ဟု သင်တို့ဆိုလျက်၊ ငါ၏လူတို့ကို လှည့်စားသော ကြောင့်၎င်း၊ တယောက်ကား အုတ်ရိုးကိုတည်လျက်၊ တယောက်ကားအင်္ဂတေနှင့်မွမ်းမံလျက်ပြုသောကြောင့် ၎င်း၊

  9. ယေဇကျေလအနာဂတ္တိကျမ်း 13:11ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုအုတ်ရိုးသည်ပြိုလဲမည်ဟု အင်္ဂတေနှင့်မွမ်းမံ သောသူတို့အား ပြောလော့။ မိုဃ်းရေလွှမ်းမိုးလိမ့်မည်။ ကြီးစွာသော မိုဃ်းသီးကျလိမ့်မည်။ မိုဃ်းသက်မုန်တိုင်း တိုက်ဖျက်လိမ့်မည်။

  10. ယေဇကျေလအနာဂတ္တိကျမ်း 13:12ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုအုတ်ရိုးသည်ပြိုလဲပြီးမှ၊ သင်တို့မွမ်းမံသော အင်္ဂတေသည် အဘယ်မှာရှိသနည်းဟု သင်တို့အား သူတပါးမေးလိမ့်မည်မဟုတ်လော။

  11. ယေဇကျေလအနာဂတ္တိကျမ်း 13:13ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုကြောင့်၊ အရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား၊ ငါသည် အမျက်ထွက်၍၊ သင်တို့အုတ်ရိုးကို မိုဃ်းသက်မုန်တိုင်းအားဖြင့်တိုက်၍ ဖျက်မည်။ ငါ၏ ဒေါသအရှိန်ကြောင့် မိုဃ်းရေလွှမ်းမိုး၍၊ ကြီးစွာသော မိုဃ်းသီးနှင့်ဆုံးစေမည်။

  12. ယေဇကျေလအနာဂတ္တိကျမ်း 13:14ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုသို့သင်တို့သည် အင်္ဂတေနှင့် မွမ်းမံသော အုတ်ရိုးကို မြေတိုင်အောင် ငါဖြိုချ၍ အမြစ်ကိုလှန်သဖြင့်၊ အုတ်ရိုးသည်လဲ၍ ဖိမိလျက်၊ သင်တို့သည် အသက်ဆုံးကြ လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ထိုအခါ သိရကြလိမ့်မည်။

  13. ယေဇကျေလအနာဂတ္တိကျမ်း 13:15ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုသို့အုတ်ရိုး၌၎င်း၊ အင်္ဂတေနှင့် မွမ်းမံသော သူတို့၌၎င်း၊ ငါသည်ကိုယ်အမျက်ကို ဖြေမည်။ အုတ်ရိုး မရှိဟူ၍၎င်း၊ အင်္ဂတေနှင့် မွမ်းမံသောသူတည်းဟူသော၊

  14. ယေဇကျေလအနာဂတ္တိကျမ်း 13:16ခရစ်တော် မပေါ်မီ 594 ခန့်

    ငြိမ်သက်ခြင်းမရှိသောအခါ ယေရုရှလင်မြို့ အဘို့ ငြိမ်သက်ခြင်း ရူပါရုံကို မြင်၍ ဟောပြောသော ဣသရေလပရောဖက်များမရှိကြဟူ၍၎င်း၊ သူတို့အား ငါပြောမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

  15. ယေဇကျေလအနာဂတ္တိကျမ်း 13:17ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုမှတပါး၊ အချင်းလူသား၊ ကိုယ်အလို အလျောက် ပရောဖက်ပြုသောသင်၏ အမျိုးသမီးတို့ တဘက်၌ မျက်နှာပြု၍၊

  16. ယေဇကျေလအနာဂတ္တိကျမ်း 13:18ခရစ်တော် မပေါ်မီ 594 ခန့်

    အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဟော ပြောဆင့်ဆိုရမည်မှာ၊ အသက်ဝိညာဉ်တို့ကို ဘမ်းခြင်းငှါ ခပ်သိမ်းသော သူတို့၏နံပါး၌ ခေါင်းအုံးကိုထည့်၍၊ လူအကြီးအငယ်တို့ခေါင်းပေါ်မှာ ဦးထုပ်တို့ကို တင်ထား သောမိန်းမတို့သည် အမင်္ဂလာရှိကြ၏။ ငါ့လူတို့၏ အသက်ဝိညာဉ်ကို ဘမ်း၍၊ ကိုယ်အသက်ဝိညာဉ်ကို သေခြင်းမှ ကယ်ချွတ်ကြလိမ့်မည်လော။

  17. ယေဇကျေလအနာဂတ္တိကျမ်း 13:19ခရစ်တော် မပေါ်မီ 594 ခန့်

    မုယောဆန်တလက်ဆွန်းနှင့်မုန့်တဖဲ့ကို ရအံ့ သောငှါ၊ ငါ၏လူတို့တွင် ငါ့ကိုရှုတ်ချကြလိမ့်မည်လော။ မုသာစကားကို နားထောင်တတ်သော ငါ၏လူတို့အား မုသာစကားကို ပြောသောအားဖြင့်၊ မသေအပ်သော သူတို့၏ အသက်ကိုသတ်၍၊ မရှင်အပ်သောသူတို့ကို အသက်ချမ်းသာပေးကြလိမ့်မည်လော။

  18. ယေဇကျေလအနာဂတ္တိကျမ်း 13:20ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုကြောင့် အရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား၊ သင်တို့သည် အသက်ဝိညာဉ်တို့ကို ရအောင် ဘမ်းလျက်၊ သုံးတတ်သောခေါင်းအုံးတို့ကို ငါသည် ရန်ဘက်ပြု၍ သင်တို့နံပါးမှဆွဲနှုတ်ပြီးလျှင်၊ သင်တို့ ရအောင် ဘမ်းသော အသက်ဝိညာဉ်တို့ကို ငါလွှတ်လိုက်မည်။

  19. ယေဇကျေလအနာဂတ္တိကျမ်း 13:21ခရစ်တော် မပေါ်မီ 594 ခန့်

    သင်တို့ဦးထုတ်တို့ကိုလည်း ငါဆုတ်၍၊ ငါ၏ လူတို့ကို သင်တို့လက်မှ ကယ်နှုတ်မည်။ နောက်တဖန် သူတို့သည် အဘမ်းခံ၍၊ သင်တို့လက်သို့ မရောက်ရကြ။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြ လိမ့်မည်။

  20. ယေဇကျေလအနာဂတ္တိကျမ်း 13:22ခရစ်တော် မပေါ်မီ 594 ခန့်

    ငါမညှိုးငယ်စေသော လူကောင်းတို့ကို သင်တို့ သည် မုသာစကားအားဖြင့် ညှိုးငယ်စေသောကြောင့်၎င်း၊ လူဆိုးတို့သည် ဆိုးသောလမ်းကို မရှောင်စေခြင်းငှါ အသက်ချမ်းသာပေး၍၊သူတို့ကိုခိုင်မာစေသောကြောင့် ၎င်း၊

  21. ယေဇကျေလအနာဂတ္တိကျမ်း 13:23ခရစ်တော် မပေါ်မီ 594 ခန့်

    နောက်တဖန်သင်တို့သည် အချည်းနှီးသော အရာကိုမမြင်ရကြ။ ပရောဖက်ပြု၍မဟောရကြ။ ငါ၏ လူတို့ကိုသင်တို့လက်မှငါကယ်နှုတ်မည်။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော် မူ၏။

  22. ယေဇကျေလအနာဂတ္တိကျမ်း 14:1ခရစ်တော် မပေါ်မီ 594 ခန့်

    ဣသရေလအမျိုးအသက်ကြီးသူ အချို့တို့သည် လာ၍ ငါ့ရှေ့မှာ ထိုင်ကြ၏။

  23. ယေဇကျေလအနာဂတ္တိကျမ်း 14:2ခရစ်တော် မပေါ်မီ 594 ခန့်

    ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

  24. ယေဇကျေလအနာဂတ္တိကျမ်း 14:3ခရစ်တော် မပေါ်မီ 594 ခန့်

    အချင်းလူသား၊ ဤလူတို့သည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုများကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားကြပြီ။ သူတို့ မေးလျှောက် ခြင်းကို ငါခံရမည်လော။

  25. ယေဇကျေလအနာဂတ္တိကျမ်း 14:4ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုကြောင့်၊အရှင်ထာဝရဘုရား၏ အမိန့်တော် ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အကြင်ဣသရေလ အမျိုးသားသည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုတို့ကို တည် ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားလျက် ပရောဖက်ထံသို့ရောက်လာ၏။ ထိုသူ၌ရုပ်တု များပြားသည်နှင့်အညီ ငါပြန်ပြောမည်။