အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေဇကျေလအနာဂတ္တိကျမ်း 15:7ခရစ်တော် မပေါ်မီ 594 ခန့်

    သူတို့တဘက်၌ ငါသည် မျက်နှာကိုထားမည်။ သူတို့သည် မီးတပုံမှထွက်၍ တပုံ၌လောင်လိမ့်မည်။ သူတို့တဘက်၌ ငါသည် မျက်နှာကို ထားသောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြ လိမ့်မည်။

  2. ယေဇကျေလအနာဂတ္တိကျမ်း 15:8ခရစ်တော် မပေါ်မီ 594 ခန့်

    သူတို့သည် ငါ့ကို အထပ်ထပ်ပြစ်မှားသော ကြောင့်၊ ငါသည်သူတို့ ပြည်ကို လူဆိတ်ညံရာ အရပ် ဖြစ်စေမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

  3. ယေဇကျေလအနာဂတ္တိကျမ်း 16:1ခရစ်တော် မပေါ်မီ 594 ခန့်

    တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

  4. ယေဇကျေလအနာဂတ္တိကျမ်း 16:2ခရစ်တော် မပေါ်မီ 594 ခန့်

    အချင်းလူသား၊ ယေရုရှလင်မြို့သည် မိမိ၌ စက်ဆုပ်ရွံရှာဘွယ်သောအမှုအရာတို့ကိုသိမည်အကြောင်း ပြုလော့။

  5. ယေဇကျေလအနာဂတ္တိကျမ်း 16:3ခရစ်တော် မပေါ်မီ 594 ခန့်

    ထာဝရဘုရားသည် ယေရုရှလင်မြို့အား မိန့် တော်မူသောစကား ကိုသင်ဆင့်ဆိုရမည်မှာ၊ သင်၏မူလ၊ သင်၏မွေးဘွားရာဌာနသည် ခါနာန်ပြည်၌ရှိ၏။ သင်၏ အဘသည် အာမောရိလူ၊သင်၏အမိသည် ဟိတ္တိအမျိုး ဖြစ်၏။

  6. ယေဇကျေလအနာဂတ္တိကျမ်း 16:4ခရစ်တော် မပေါ်မီ 594 ခန့်

    သင့်ကို ဘွားခြင်းအကြောင်းအရာဟူမူကား၊ ဘွားသောနေ့၌ ချက်ကြိုးကိုမဖြတ်၊သန့်ရှင်းစေခြင်းငှါ ရေမချိုး၊ ဆားနှင့်မလူး၊ အဝတ်နှင့် မပတ်ရစ်၊

  7. ယေဇကျေလအနာဂတ္တိကျမ်း 16:5ခရစ်တော် မပေါ်မီ 594 ခန့်

    ကရုဏာစိတ်နှင့်ထိုသို့ပြုစုခြင်းငှါ သင့်ကိုမြင်၍ အဘယ်သူမျှ မသနား၊ ဘွားသောနေ့၌သင်သည်ကိုယ်ကို ရွံရှာရသည်တိုင်အောင် လယ်ပြင်၌ ပစ်ထားခြင်းကို ခံရ၏။

  8. ယေဇကျေလအနာဂတ္တိကျမ်း 16:6ခရစ်တော် မပေါ်မီ 594 ခန့်

    ငါသည် ရှောက်သွား၍ အသွေးနှင့်လူးလျက်ရှိ သော သင်ကို မြင်သောအခါ အသက်ရှင်လော့ဟု သင်သည် အသွေး၌ရှိစဉ် ငါဆို၏။

  9. ယေဇကျေလအနာဂတ္တိကျမ်း 16:7ခရစ်တော် မပေါ်မီ 594 ခန့်

    မြက်ပင်ကဲ့သို့ ငါကြီးပွါးစေသဖြင့်၊သင်သည် အစဉ်အတိုင်း ကြီး၍ လှသော အဆင်းနှင့်ပြည့်စုံ၏။ ရင်သားထ၍ ကိုယ်၌လည်းအမွေးပေါက်၏။ အရင်က အဝတ်မရှိ၊ အချည်းစည်းနေရ၏။

  10. ယေဇကျေလအနာဂတ္တိကျမ်း 16:8ခရစ်တော် မပေါ်မီ 594 ခန့်

    တဖန်ငါသည်ရှောက်သွား၍ သင့်ကိုမြင်သော အခါ၊ သင်၌ချစ်လိုဘွယ်သော အချိန်အရွယ်ရှိသော ကြောင့်၊ ငါသည်ကိုယ်အဝတ်စွန်းကို ဖြန့်၍၊ သင်၌ အချည်းစည်းရှိခြင်းကို ဖုံးအုပ်၏။ ကျိန်ဆိုခြင်းကိုလည်း ပြု၍၊ သင်နှင့်ပဋိညာဉ်ဖွဲ့သဖြင့်၊ သင်သည် ငါ၏ခင်ပွန်း ဖြစ်လေ၏။

  11. ယေဇကျေလအနာဂတ္တိကျမ်း 16:9ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုအခါ သင့်ကို ရေချိုး၍၊ သင်၌လူးသော အသွေးရှိသမျှကို ငါဆေးကြော၏။ ဆီနှင့်လိမ်း၏။

  12. ယေဇကျေလအနာဂတ္တိကျမ်း 16:10ခရစ်တော် မပေါ်မီ 594 ခန့်

    ချယ်လှယ်သော အဝတ်ကိုဝတ်စေ၏။ တဟာရှ သားရေခြေနင်းကို စီးစေ၏။ ဖဲ၊ ပိတ်ချောနှင့်ခြုံစေ၏။

  13. ယေဇကျေလအနာဂတ္တိကျမ်း 16:11ခရစ်တော် မပေါ်မီ 594 ခန့်

    လက်ကောက်နှင့်လည်ဆွဲအစရှိသော တန်ဆာ မျိုးကို ဆင်စေ၏။

  14. ယေဇကျေလအနာဂတ္တိကျမ်း 16:12ခရစ်တော် မပေါ်မီ 594 ခန့်

    နားထောင်း၊ နှာဆွဲ၊ လှသော ပေါင်းကိုလည်း ဆင်စေ၏။

  15. ယေဇကျေလအနာဂတ္တိကျမ်း 16:13ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုသို့ သင်သည် ရွှေငွေနှင့်တကွ၊ ဖဲ၊ ပိတ်ချော၊ ချယ်လှယ်သော အဝတ်တန်ဆာတို့ကိုဆင်လျက်၊ မုန့်ညက်၊ ပျားရည်၊ ဆီကိုစားလျက်၊ အလွန်တရာ လှသောအဆင်းနှင့်ပြည့်စုံ၍၊ မိဖုရားအရာကိုခံရ၏။

  16. ယေဇကျေလအနာဂတ္တိကျမ်း 16:14ခရစ်တော် မပေါ်မီ 594 ခန့်

    ငါသည် ကိုယ်အသရေကို သင်၌ အပ်ပေးသော ကြောင့်၊ သင်သည် လှသောအဆင်းနှင့်စုံလင်၍၊ အတိုင်းတိုင်းအပြည်ပြည်၌ ကျော်စောလေ၏။

  17. ယေဇကျေလအနာဂတ္တိကျမ်း 16:15ခရစ်တော် မပေါ်မီ 594 ခန့်

    သို့ရာတွင်၊ သင်သည်ကိုယ်လှသော အဆင်းကို ကိုးစား၍၊ ဂုဏ်အသရေကျော်စောသောကြောင့်၊ ပြည်တန်ဆာလုပ်၍၊ ခရီးသွားသောသူအပေါင်းတို့နှင့် မတရားသောမေထုန်ကို အနှံ့အပြာပြုသဖြင့်၊ ယောက်ျား တိုင်းအခွင့်ရ၏။

  18. ယေဇကျေလအနာဂတ္တိကျမ်း 16:16ခရစ်တော် မပေါ်မီ 594 ခန့်

    သင်၏အဝတ်ကိုလည်း ယူ၍၊ မြင့်သောအရပ် တို့ကိုထူးခြားသော အဆင်းအရောင်နှင့်ဆင်ပြင်၍၊ တခါမျှမမြင်စဖူး၊ နောက်၌လည်းမဖြစ် လတံ့သောအမှု၊ မတရားသောမေထုန်ကို ထိုအရပ်၌ ပြုလေပြီ။

  19. ယေဇကျေလအနာဂတ္တိကျမ်း 16:17ခရစ်တော် မပေါ်မီ 594 ခန့်

    ငါပေးသော ရွှေငွေတန်ဆာမြတ်တို့ကိုလည်း ယူ၍၊ ယောက်ျားရုပ်တုတို့ကို လုပ်ပြီးလျှင်၊ သူတို့နှင့် မှားယွင်းလေပြီတကား။

  20. ယေဇကျေလအနာဂတ္တိကျမ်း 16:18ခရစ်တော် မပေါ်မီ 594 ခန့်

    ချယ်လှယ်သောအဝတ်ကိုလည်း ယူ၍၊ ထိုရုပ်တု တို့ကို ခြုံပြီးလျှင်၊ ငါ့ဆီနှင့်ငါ့နံ့သာပေါင်းကို သူတို့ရှေ့မှာ တင်ထားလေပြီ။

  21. ယေဇကျေလအနာဂတ္တိကျမ်း 16:19ခရစ်တော် မပေါ်မီ 594 ခန့်

    ငါပေးသောဘောဇဉ်၊သင့်ကိုငါကျွေးသော မုန့်ညက်၊ ဆီ၊ ပျားရည်ကိုလည်း သူတို့ရှေ့မှာ မွှေးကြိုင် စရာဘို့ တင်ထားလေပြီတကား။

  22. ယေဇကျေလအနာဂတ္တိကျမ်း 16:20ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုမှတပါး၊ သင်ဘွားသောငါ၏ သားသမီးတို့ကို ယူ၍၊ ထိုရုပ်တုတို့အား ကျွေးမွေးခြင်းငှါ ယဇ်ပူဇော်လေပြီ။

  23. ယေဇကျေလအနာဂတ္တိကျမ်း 16:21ခရစ်တော် မပေါ်မီ 594 ခန့်

    သင်သည် မတရားသော မေထုန်ကိုပြု၍ စိတ် မပြေသောကြောင့် ငါ၏သားသမီးတို့ကို သတ်၍ရုပ်တုတို့ အား မီးဖြင့်ပူဇော်ရမည်လော။

  24. ယေဇကျေလအနာဂတ္တိကျမ်း 16:22ခရစ်တော် မပေါ်မီ 594 ခန့်

    သင်ပြုသော စက်ဆုပ်ရွံ့ရှာဘွယ်အမှု၊ မတရား သော မေထုန်အမှုအပေါင်းတို့ကိုပြုစဉ်တွင်၊ အရွယ်ငယ် သောအခါ အဝတ်မရှိ၊ အချည်းစည်းရှိကြောင်း၊ ကိုယ် အသွေး၌ လူးလဲလျက်နေကြောင်းကို မအောက်မေ့ပါ တကား။

  25. ယေဇကျေလအနာဂတ္တိကျမ်း 16:23ခရစ်တော် မပေါ်မီ 594 ခန့်

    သင်သည် အမင်္ဂလာရှိ၏။ အမင်္ဂလာရှိ၏။ ဒုစရိုက်အပေါင်းကို ပြုပြီးမှ၊