အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေဇကျေလအနာဂတ္တိကျမ်း 16:24ခရစ်တော် မပေါ်မီ 594 ခန့်

    ကိုယ်နေဘို့ ကုဋီတိုက်ကိုတည်၍ လမ်းရှိ တိုင်းမြင့်သော အရပ်ကို လုပ်လေ၏။

  2. ယေဇကျေလအနာဂတ္တိကျမ်း 16:25ခရစ်တော် မပေါ်မီ 594 ခန့်

    သင်သည် မြင့်သောအရပ်ကို လမ်းဦးတိုင်း လုပ်၍၊ ကိုယ်လှသော အဆင်းကိုရွံ့ရှာဘွယ်ဖြစ်သည် တိုင်အောင် ပြုလျက်၊ ခရီးသွားသောသူအပေါင်းတို့အား ပေါင်တို့ကပို ခွါဖွင့်၍၊ မတရားသောမေထုန်အမှုတို့ကို များပြားစေ၏။

  3. ယေဇကျေလအနာဂတ္တိကျမ်း 16:26ခရစ်တော် မပေါ်မီ 594 ခန့်

    ဆူဖြိုးသောသင်၏အိမ်နီးချင်း အဲဂုတ္တုလူတို့နှင့် မှားယွင်း၍၊ ငါ့အမျက်ကို နှိုးဆော်လျက်၊ မတရားသော မေထုန်အမှုတို့ကို များပြားစေ၏။

  4. ယေဇကျေလအနာဂတ္တိကျမ်း 16:27ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုကြောင့်၊ ငါသည် လက်ကို ဆန့်ကျင် သင်၏ ရိက္ခာကို ဖြတ်၍၊ သင့်ကိုမုန်းသောသူ၊ သင့်ဆိုးညစ်သော အမှုများကြောင့် ရှက်တတ်သော ဖိလိတ္တိအမျိုးသမီးတို့ လက်သို့အပ်ရ၏။

  5. ယေဇကျေလအနာဂတ္တိကျမ်း 16:28ခရစ်တော် မပေါ်မီ 594 ခန့်

    သင်သည်ကိလေသာ စိတ်မပြေသောကြောင့်၊ အာရှုရိလူတို့နှင့်လည်း မှားယွင်းလေ၏။ ထိုသို့မှားယွင်း သော်လည်း စိတ်မပြေနိုင်။

  6. ယေဇကျေလအနာဂတ္တိကျမ်း 16:29ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုမှတပါး၊ ခါနာန်ပြည်မှသည် ခါလဒဲပြည် တိုင်အောင်၊ မတရားသောမေထုန်အမှုတို့ကို များပြား စေသော်လည်းစိတ်မပြေနိုင်။

  7. ယေဇကျေလအနာဂတ္တိကျမ်း 16:30ခရစ်တော် မပေါ်မီ 594 ခန့်

    အစိုးတရပြု၍ သီလပျက်သော မိန်းမပြုတတ် သမျှသော ဤအမှုတို့ကို သင်သည်ပြုမိလျက်၊ သင့်စိတ် နှလုံးသည် အလွန်မိုက်ပါသည်တကား။

  8. ယေဇကျေလအနာဂတ္တိကျမ်း 16:31ခရစ်တော် မပေါ်မီ 594 ခန့်

    သင်၏ကုဋီတိုက်ကို ခပ်သိမ်းသော လမ်း၌ တည်၍၊ လမ်းရှိတိုင်းမြင့်သော အရပ်ကိုလုပ်သဖြင့်၊ အခကိုငြင်းသောကြောင့် ပြည်တန်ဆာနှင့် မတူ။

  9. ယေဇကျေလအနာဂတ္တိကျမ်း 16:32ခရစ်တော် မပေါ်မီ 594 ခန့်

    ကိုယ်မဆိုင်သော ယောက်ျားကို ကိုယ်လင်၏ ကိုယ်စား လက်ခံ၍မျောက်မထားသော မိန်းမနှင့်တူ၏။

  10. ယေဇကျေလအနာဂတ္တိကျမ်း 16:33ခရစ်တော် မပေါ်မီ 594 ခန့်

    ပြည်တန်ဆာမိန်းမရှိသမျှတို့သည် လက်ဆောင် ကို ခံယူတတ်ကြ၏။ သင်မူကား၊ သင်၏ရည်းစားအပေါင်း တို့အား လက်ဆောင်ကို ပေးတတ်၏။ အရပ်ရပ်တို့က လာ၍မတရားသော မေထုန်ကိုပြုစေခြင်းငှါ၊ သူတပါး တို့ကို ငှါးတတ်၏။

  11. ယေဇကျေလအနာဂတ္တိကျမ်း 16:34ခရစ်တော် မပေါ်မီ 594 ခန့်

    သို့ဖြစ်၍၊ သင်သည် အခြားသော ပြည်တန်ဆာ တို့နှင့် ခြားနားစွာ ပြုတတ်၏။ သင်ပြုသကဲ့သို့ အဘယ်သူ မျှမတရားသော မေထုန်ကို မပြုတတ်။ သင်သည် အခကို ခမခံ၊ သူတပါးတို့အားပေးသောကြောင့် အခြားသော မိန်းမတို့နှင့် ခြားနား၏။

  12. ယေဇကျေလအနာဂတ္တိကျမ်း 16:35ခရစ်တော် မပေါ်မီ 594 ခန့်

    သို့ဖြစ်၍၊ အိုပြည်တန်ဆာမိန်းမ၊ ထာဝရဘုရား ၏အမိန့်တော်ကို နားထောင်လော့။

  13. ယေဇကျေလအနာဂတ္တိကျမ်း 16:36ခရစ်တော် မပေါ်မီ 594 ခန့်

    အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင် ၏ရည်းစားများ စက်ဆုပ်ရွံ့ရှာဘွယ်သော ရုပ်တုအပေါင်း တို့နှင့် မှားယွင်းခြင်းအားဖြင့်၎င်း၊ သူတို့အားပေးသော သား သမီးတို့၏ အသွေးအားဖြင့်၎င်း သင်သည်ကိုယ် ရှက် ကြောက်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းကို ထင်ရှားစွာ ဘော်ပြသောကြောင့်၊

  14. ယေဇကျေလအနာဂတ္တိကျမ်း 16:37ခရစ်တော် မပေါ်မီ 594 ခန့်

    သင့်ကိုချစ်သောရည်းစားရှိသမျှတို့နှင့် သင်ချစ် သောသူ၊ မုန်းသောသူ အပေါင်းတို့ကိုငါစုဝေးမည်။ သင့်တဘက်ပတ်လည်၌ စုဝေးစေ၍၊ သင်၌အဝတ် အချည်းစည်းရှိခြင်းကို ငါပြသဖြင့်၊ ထိုသူအပေါင်းတို့သည် သင်၌ အဝတ်အချည်းစည်းရှိသမျှကို မြင်ရကြလိမ့်မည်။

  15. ယေဇကျေလအနာဂတ္တိကျမ်း 16:38ခရစ်တော် မပေါ်မီ 594 ခန့်

    မျောက်မထားသောမိန်းမနှင့်၊ လူအသက်ကို သတ်သော မိန်းမတို့ကို စီရင်သကဲ့သို့ သင့်ကိုငါစီရင်၍၊ ပြင်းစွာသော ဒေါသအမျက်အသွေးကို ငါတိုက်မည်။

  16. ယေဇကျေလအနာဂတ္တိကျမ်း 16:39ခရစ်တော် မပေါ်မီ 594 ခန့်

    သင့်ကို သူတို့လက်သို့ ငါအပ်သဖြင့်၊ သူတို့သည် သင်၏ ကုဋီတိုက်ကို ဖျက်၍၊ သင်၏မြင့်သော အရပ်တို့ ကို ဖြိုချကြလိမ့်မည်။ သင့်အဝတ်တို့ကိုချွတ်၍ လှသော တန်ဆာတို့ကို လုယူပြီးလျှင်၊ သင့်ကို အဝတ်မပေး၊ အချည်းစည်းရှိစေခြင်းငှါ ပစ်ထားကြလိမ့်မည်။

  17. ယေဇကျေလအနာဂတ္တိကျမ်း 16:40ခရစ်တော် မပေါ်မီ 594 ခန့်

    လူအလုံးအရင်းကိုလည်း ခေါ်သဖြင့်၊ သူတို့ သည် ခဲနှင့်ပစ်၍၊ ထားနှင့်ခုတ်ကြလိမ့်မည်။

  18. ယေဇကျေလအနာဂတ္တိကျမ်း 16:41ခရစ်တော် မပေါ်မီ 594 ခန့်

    သင့်အိမ်တို့ကိုလည်း မီးရှို့၍များစွာသော မိန်းမ တို့ရှေ့မှာ သင့်ကိုအပြစ်ဒဏ်ပေးကြသဖြင့်၊ သင်သည် နောက်တဖန်ပြည်တန်ဆာ မလုပ်ဘဲနေစေခြင်းငှါ ငါပြု မည်။ နောက်တဖန် သင်သည်သူတပါးတို့ကို မငှါးရ။

  19. ယေဇကျေလအနာဂတ္တိကျမ်း 16:42ခရစ်တော် မပေါ်မီ 594 ခန့်

    ထိုသို့ ငါ့ဒေါသစိတ်ကို ငါဖြေမည်။ သင့်ကိုမယုံ။ အလွန်ပူပန်သော စိတ်ငြိမ်း၍၊ ငါသည်အမျက်မထွက်ဘဲ ငြိမ်သက်စွာ နေမည်။

  20. ယေဇကျေလအနာဂတ္တိကျမ်း 16:43ခရစ်တော် မပေါ်မီ 594 ခန့်

    သင်သည် အသက်ငယ်သော ကာလကို မအောက်မေ့၊ အရာရာ၌ ငါ့စိတ်ကို နှောင့်ရှက်သော ကြောင့်၊ သင့်အပြစ်ကို သင့်ခေါင်းပေါ်သို့ ငါသက်ရောက် စေမည်။ စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုရှိသမျှတို့အပေါ် မှာ ဆိုးညစ်သောအကြံကိုထပ်၍ ထိုအကြံအတိုင်းမပြုရ။

  21. ယေဇကျေလအနာဂတ္တိကျမ်း 16:44ခရစ်တော် မပေါ်မီ 594 ခန့်

    စကားပုံကိုသုံးတတ်သော သူအပေါင်းတို့က၊ အမိကဲ့သို့ သမီးဖြစ်၏ဟု သင့်ကိုရည်မှတ်၍ စကားပုံကို ပြောကြလိမ့်မည်။

  22. ယေဇကျေလအနာဂတ္တိကျမ်း 16:45ခရစ်တော် မပေါ်မီ 594 ခန့်

    သင်သည်လင်နှင့်သားသမီးကိုရွံရှာသော မိန်းမ သမီးဖြစ်၏။ လင်နှင့်သားသမီးကိုရွံရှာသော မိန်းမ၏ ညီမလည်းဖြစ်၏။ သင့်အမိသည် ဟိတ္တိအမျိုး၊ သင့်အဘ သည် အာမောရိလူဖြစ်၏။

  23. ယေဇကျေလအနာဂတ္တိကျမ်း 16:46ခရစ်တော် မပေါ်မီ 594 ခန့်

    သင့်အစ်မသည် မိမိသမီးတို့နှင့်တကွ သင့် လက်ဝဲဘက်၌နေသော ရှမာရိမြို့ဖြစ်၏။ သင့်ထက် အသက်ငယ်သော သင်၏ ညီမသည် မိမိသမီးတို့နှင့်တကွ သင့်လက်ျာဘက်၌နေသော သောဒုံမြို့ ဖြစ်၏။

  24. ယေဇကျေလအနာဂတ္တိကျမ်း 16:47ခရစ်တော် မပေါ်မီ 594 ခန့်

    သို့ရာတွင်၊ သင်သည် သူတို့ထုံးစုံကိုမလိုက်၊ သူတို့ပြုသောရွံရှာဘွယ်အမှုမျှသာပြုသည်မဟုတ်၊ ထိုအမှုကို သာမညအမှုဟူ၍ ထင်မှတ် သဖြင့်၊ သင်သည် အရာရာ၌သူတို့ထက်သာ၍ ဆိုးညစ်ပေ၏။

  25. ယေဇကျေလအနာဂတ္တိကျမ်း 16:48ခရစ်တော် မပေါ်မီ 594 ခန့်

    ငါအသက်ရှင်သည်အတိုင်း၊ သင်သည် ကိုယ့် သမီးတို့နှင့်တကွ ပြုသကဲ့သို့၊ ညီမသောဒုံနှင့်သူ၏သမီးတို့ သည် မပြုကြ။