အကြောင်းအရာသို့ ကျော်သွားရန်

Israel

1,007 အခန်းငယ် · 20 မိသားစုဝင်

အခြားအမည်: Jacob

Israel ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကို ကိုက်စား၍၊ သူ၏နေရာကိုလည်း သုတ်သင်ပယ်ရှင်းကြ ပါပြီ။

  2. ငါတို့ အစွမ်းသတ္တိတည်းဟူသော ဘုရားသခင် အား ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ယာကုပ်အမျိုး၏ ဘုရားသခင်အား ကျူးဧသော အသံကို ပြုကြလော့။

  3. ထိုသို့ ဣသရေလအမျိုး၌ထုံးဖွဲ့၍၊ ယာကုပ် အမျိုး၏ ဘုရားသခင်သည် ဆုံးဖြတ်တော်မူ၏။

  4. ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား၊ အကျွန်ုပ်၏ပဌနာစကားကို မှတ်တော်မူပါ။ ယာကုပ်အမျိုး၏ဘုရားသခင်၊ နားထောင်တော်မူပါ။

  5. အို ထာဝရဘုရား၊ ကိုယ်တော်သည် ပြည်တော် ကိုစိတ်နှင့်တွေ့တော်မူ၍၊ ဘမ်းဆီးသိမ်းသွားခြင်းကို ခံရသော ယာကုပ်အမျိုးသားတို့ကို ပြန်ပို့စေတော်မူပြီ။

  6. ထာဝရဘုရားသည် ယာကုပ်၏ နေရာအပေါင်း တို့ထက် ဇိအုန်တံခါးတို့ကို သာ၍ နှစ်သက်တော်မူ၏။

  7. သို့ရာတွင်၊ ထာဝရဘုရားသခင်သည် မမှတ် တတ်ဟု ဆိုကြပါ၏။

  8. တရားကို နှစ်သက်သော ရှင်ဘုရင်၏ တန်ခိုး တော်ကို ချီးမွမ်းကြစေ။ ကိုယ်တော်သည် မှန်သော စီရင်ခြင်းကို တည်စေတော်မူ၏။ ယာကုပ်အမျိုး၌ တရား သဖြင့်ပြု၍၊ ဖြောင့်မတ်စွာဆုံးဖြတ်တော်မူ၏။

  9. ဘာသာဓလေ့တော်တို့ကို မောရှေ၌၎င်း၊ စီရင် တော်မူသော အမှုအရာတို့ကို ဣသရေလအမျိုးသားတို့၌ ၎င်း ပြတော်မူပြီ။

  10. ထာဝရဘုရား၏ကျွန်အာဗြဟံအမျိုး၊ ရွေး ကောက်တော်မူသော ယာကုပ်အနွှယ်တို့၊

  11. အာဗြဟံ၌ဂတိထား၍၊ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက်၊

  12. ဣသရေလသည်လည်း အဲဂုတ္တုပြည်သို့ ရောက် လာ၍၊ ယာကုပ်သည် ဟာမအမျိုးနေရာပြည်၌ တည်းခို၏။

  13. ဣသရေလအမျိုး၊ ယာကုပ်အနွှယ်သည် ရိုင်း သောလူမျိုးနေရာ အဲဂုတ္တုပြည်က ထွက်သွားသောအခါ၊

  14. အိုမြေကြီး၊ အရှင်၏မျက်နှာတော်ရှေ့၊ ယာကုပ် အမျိုးကိုးကွယ်သော ဘုရားသခင်၏ မျက်နှာတော်ရှေ့မှာ တုန်လှုပ်လျက်နေလော့။

  15. ထိုမင်းက၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုး ရှင် ထာဝရဘုရား ကျိန်းဝပ်တော်မူရာအရပ်ကို အကျွန်ုပ် သည် မတွေ့မှီတိုင်အောင်၊ ကိုယ်နေရာအိမ်သို့မဝင်၊ ကိုယ်အိပ်ရာပေါ်သို့မတက်၊ ကိုယ်မျက်စိအိပ်ရမည့်အခွင့်၊ မျက်ခမ်းမှိတ်ရမည့်အခွင့်ကို မပေးပါဟု၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုးရှင်ထာဝရဘုရားထံ ကျိန်ဆို၍ အဓိဋ္ဌာန်ပြု၏။

  16. ထိုမင်းက၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုး ရှင် ထာဝရဘုရား ကျိန်းဝပ်တော်မူရာအရပ်ကို အကျွန်ုပ် သည် မတွေ့မှီတိုင်အောင်၊ ကိုယ်နေရာအိမ်သို့မဝင်၊ ကိုယ်အိပ်ရာပေါ်သို့မတက်၊ ကိုယ်မျက်စိအိပ်ရမည့်အခွင့်၊ မျက်ခမ်းမှိတ်ရမည့်အခွင့်ကို မပေးပါဟု၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုးရှင်ထာဝရဘုရားထံ ကျိန်ဆို၍ အဓိဋ္ဌာန်ပြု၏။

  17. အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ကိုယ်တော်အဘို့၎င်း၊ ဣသရေလအမျိုးကို ဘဏ္ဍာတော်ဖြစ်စေခြင်းငှါ၎င်း ရွေးကောက်တော်မူပြီ။

  18. ယာကုပ်အမျိုး၏ ဘုရားသခင်မစတော်မူသော သူ၊ မိမိဘုရားသခင် ထာဝရဘုရားကို မြော်လင့်သော သူသည် မင်္ဂလာရှိ၏။

  19. နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြတော်မူ၏။

  20. မိမိလူစုတို့၏ဦးချိုကို ချီးမြှင့်တော်မူသဖြင့်၊ အနီးတော်၌ရှိသောလူစု၊ ဣသရေလအမျိုးသားတည်း ဟူသော မိမိသန့်ရှင်းသူအပေါင်းတို့၏ ချီးမွမ်းရာဖြစ် တော်မူ၏။ ဟာလေလုယ။

  21. များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိကုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက် လိမ့်မည်။

  22. အိုယာကုပ် အမျိုးသားတို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ ကျင်လည်ကြကုန်အံ့။

  23. အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုး သားတည်းဟူသော ကိုယ်တော်၏လူတို့ကို စွန့်ပစ်တော် မူပြီ။ အကြောင်းမူကား၊ သူတို့သည် အရှေ့ပြည်အတတ် နှင့် ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာ ဖြစ်ကြ၏။ တပါးအမျိုးသားနှင့် အပေါင်းအဘော် ပြုကြ၏။

  24. ယာကုပ်အမျိုးသားတို့တွင် မျက်နှာတော်ကို ကွယ်ထားတော်မူသော ထာဝရဘုရားကို ငါသည် ဆိုင်းငံ့ လျက် မြော်လင့်မည်။

  25. ထာဝရဘုရားသည် ဗျာဒိတ်တော်ကို ယာကုပ် အမျိုးသို့လွှတ်၍၊ ဣသရေလအမျိုးအပေါ်မှာ သက် ရောက်စေတော်မူ၏။