အကြောင်းအရာသို့ ကျော်သွားရန်

The Tribe Of Judah အကြောင်း ကျမ်းစာအခန်းငယ်များ

84 အခန်းငယ် · 42 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယုဒအမျိုးသားအပေါင်းတို့က၊ ရှင်ဘုရင်သည် ငါတို့နှင့် ပေါက်ဘော်တော်သည်ဖြစ်၍၊ ဤအမှု၌ သင်တို့ သည် အဘယ်ကြောင့် စိတ်ဆိုးကြသနည်း။ ရှင်ဘုရင်၏ ရိက္ခာတော်ကို ငါတို့စားကြသလော။ ငါတို့အား တစုံတခု သော ဆုကိုပေးတော်မူသလောဟု ဣသရေလအမျိုး သားတို့အား ပြန်ပြောကြ၏။

  2. ဒါဝိဒ်မင်းကြီးကလည်း၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယဒသား ဗေနာယ တို့ကို ခေါ်ခဲ့ပါဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် ရှေ့တော်သို့ ဝင်လာကြ၏။

  3. ရှင်ဘုရင်ကလည်း၊ သင်တို့အရှင်၏ ကျွန်များကို ခေါ်၍ ငါသားရှောလမုန်ကို ငါ၏မြင်းလားတော်ပေါ်မှာ စီးစေလျက်၊ ဂိဟုန်မြို့သို့ ဆောင်သွားကြလော့။

  4. ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက် နာသန် သည် ထိုမြို့မှာ ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင် အရာ၌ ချီးမြှောက်ပြီးလျှင်၊ တံပိုးမှုတ်၍ ရှောလမုန် မင်းကြီးသည် အသက်တော်ရှင်စေသတည်းဟု ကြွေး ကြော်ကြလော့။

  5. ထိုနောက်သင်တို့လိုက်လျက် ငါ့သားသည်လာ၍ နန်းထိုင် ရမည်။ ငါ့ကိုယ်စားရှင်ဘုရင်ဖြစ်ရမည်။ ထိုသူကို ဣသရေလမင်း၊ ယုဒမင်းအရာ၌ ငါခန့်ထားသည်ဟု မိန့် တော်မူ၏။

  6. ယောယဒသား ဗေနာယက အာမင်။ အရှင် မင်းကြီးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် လည်း ထိုသို့မိန့်တော်မူပါစေသော။

  7. ထာဝရဘုရားသည် အရှင်မင်းကြီးဘက်မှာ ရှိတော်မူသည်နည်းတူ ရှောလမုန်ဘက်မှာ ရှိတော်မူပါ စေသော။ အရှင်မင်းကြီးဒါဝိဒ်၏ ရာဇပလ္လင်ထက် သားတော်၏ ရာဇပလ္လင်သည်သာ၍ ဘုန်းကြီးမည် အကြောင်း စီရင်တော်မူပါစေသောဟု ရှင်ဘုရင်ကို ပြန်လျှောက်လေ၏။

  8. ထိုအခါ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယံဒ သားဗေနာယ၊ ခေရသိလူ၊ ပေလသိ လူတို့သည် ထွက်၍ ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏ မြင်းလားပေါ်မှာ စီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွား ကြ၏။

  9. ယဇ်ပုရောဟိတ်ဇာဒုတ်သည် တဲတော်ထဲက ဆီဘူးကိုယူ၍ ရှောလမုန်ကိုဘိသိက်ပေးပြီးမှ၊ သူတို့သည် တံပိုးမှုတ်၍၊ ရှောလမုန်မင်းကြီးသည် အသက်တော်ရှင် စေသတည်းဟု လူအပေါင်းတို့သည် ဟစ်ကြော်ကြ၏။

  10. ယုဒသည် မိမိခင်ပွန်း တာမာတွင်မြင်သော သားဖာရက်နှင့်ဇာရ။ ဖာရက်သားဟေဇရုံ။ ဟေဇရုံသား အာရံ။

  11. အာရံသားအမိနဒပ်။ အမိနဒပ်သားနာရှုန်။ နာရှုန်သားစာလမုန်။

  12. စာလမုန်သည် မိမိခင်ပွန်း ရာခပ်တွင်မြင်သော သားဗောဇ။ ဗောဇသည် မိမိခင်ပွန်းရုသတွင် မြင်သော သားဩဗက်။ ဩဗက်သားယေရှဲ။ ယေရှဲသား ဒါဝိဒ်မင်းကြီးတည်း။

  13. ဒါဝိဒ်မင်းကြီးသည် ဥရိယ၏ခင်ပွန်းဖြစ်ဘူးသော မိန်းမတွင်မြင်သောသားရှောလမုန်။

  14. ရှောလမုန်သား ရောဗောင်။ ရောဗာင်သား အဘိယ။ အဘိယာသား အာသ။

  15. အာသသားယောရှဖတ်။ ယောရှဖတ်သား ယဟောရံ။ ယဟောရံသား ဩဇိ။

  16. ဩဇိသားယောသံ။ ယောသံသား အာခတ်။ အာခတ်သား ဟေဇကိ။

  17. ဟေဇကိသားမနာရှေ။ မနာရှေသားအာမုန်။ အာမုန်သားယောရှိ။

  18. ယောရှိသား ယောယကိမ်။ ယောယကိမ်သည် ဗာဗုလုန်မြို့သို့ နေရာပြောင်းခါနီးတွင် မြင်သောသား ယေခေါနိမှစ၍ ညီနောင်တစုတည်း။

  19. ဗာဗုလုန်မြို့သို့ နေရာပြောင်းသည့်နောက်၊ ယေခေါနိသားရှာလသေလ။ ရှာလသေလသား ဇေရုဗဗေလ။

  20. ဇေရုဗဗလသားအဗျုဒ်။ အဗျုဒ်သား ဧလျာကိမ်။ ဧလျာကိမ်သား အာဇော်။

  21. အာဇော်သား ဇာဒုတ်။ ဇာဒုတ်သား အာခိမ်။ အာခိမ်သားဧလုဒ်။

  22. ဧလုဒ်သား ဧလာဇာ။ ဧလာဇာသား မဿန်။ မဿန်သား ယာကုပ်။

  23. ယာကုပ်မြင်သောသားကား၊ မာရိ၏ ခင်ပွန်းယောသပ်တည်း။ ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ် သမုတ်သော ယေရှု၏ မယ်တော်ဖြစ်၏။

  24. ထိုအခါ ယေရှုသည် အနှစ်သုံးဆယ်ခန့်မျှရှိတော်မူ၏။ လူများအထင်အမှတ်အားဖြင့် ကိုယ်တော်၏ အဘကား ယောသပ်တည်း။ ယောသပ်အဘဧလိ၊

  25. ဧလိအဘ မဿတ်၊ မဿတ်အဘ လေဝိ။ လေဝိအဘ မေလခိ၊ ပေလခိဘ ယန္န၊ ယန္နအဘ ယောသပ်၊