Skip to content

Sieges အကြောင်း ကျမ်းစာအခန်းငယ်များ

134 အခန်းငယ် · 63 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဒါဝိဒ်သည် လူအပေါင်းတို့ကို စုဝေးစေသဖြင့်၊ ရဗ္ဗာမြို့သို့ ချီသွား၍ တိုက်ယူလေ၏။

  2. ယုဒရှင်ဘုရင်အာသနန်းစံနှစ်ဆယ် ခုနစ်နှစ် တွင်၊ ဇိမရိသည် တိရဇမြို့၌ ခုနစ်ရက်စိုးစံ၏။

  3. ဩမရိသည် ဣသရေလအမျိုးသားအပေါင်းတို့ နှင့်တကွ ဂိဗေသုန်မြို့မှထွက်၍၊ တိရဇမြို့ကို ဝိုင်းထား ကြ၏။

  4. ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် မိမိဗိုလ်ခြေ အပေါင်းတို့ကို စုဝေးစေ၍၊ မင်းကြီးသုံးကျိပ်နှစ်ပါးနှင့် တကွ မြင်းစီးသူရဲ၊ ရထားစီးသူရဲများပါလျက် စစ်ချီပြီး လျှင် ရှမာရိမြို့ကို ဝိုင်းထား၍ တိုက်လေ၏။

  5. သံတမန်တို့ကို ဣသရေလရှင်ဘုရင် အာဟပ် ထံ၊ မြို့ထဲသို့ စေလွှတ်၍၊ ဗင်္ဟာဒဒ်၏အမိန့်တော်ကား၊

  6. သင့်ရွှေငွေသည် ငါ့ဥစ္စာဖြစ်၏။ သင့်သားမယား အကောင်းဆုံးတို့ကိုလည်း ငါပိုင်၏ဟု မှာလိုက်သတည်း။

  7. ယောရှဖတ်မင်းအားလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ ငါနှင့်အတူ စစ်ချီမည်လောဟုမေးလျှင်၊ ယောရှဖတ်က၊ ငါသည်မင်းကြီးကဲ့သို့ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏လူကဲ့သို့၎င်း၊ ငါ့မြင်းတို့သည် မင်းကြီး၏ မြင်းကဲ့ သို့၎င်းဖြစ်ကြသည်ဟု ဣသရေလရှင်ဘုရင်အား ပြန် ပြော၏။

  8. ထိုသို့ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကြ၏။

  9. ထိုမြို့သို့မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေများ ကို စေလွှတ်သဖြင့်၊ ညဉ့်အခါရောက်၍ မြို့ကိုဝိုင်းကြ၏။

  10. နောက်တဖန်ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် ဗိုလ်ခြေအပေါင်းကို စုဝေးစေသဖြင့် စစ်ချီ၍ ရှမာရိမြို့ကို ဝိုင်းထား၏။

  11. ဣသရေလရှင်ဘုရင်သည် မြို့ရိုးပေါ်မှာ ရှောက်သွားစဉ်၊ မိန်းမတယောက်ကအရှင်မင်းကြီး၊ ကယ်မတော်မူပါဟု အော်ဟစ်၏။

  12. ရှင်ဘုရင်က၊ ထာဝရဘုရားကယ်မတော်မမူ လျှင်၊ ငါသည် အဘယ်သို့ ကယ်မနိုင်မည်နည်း။ စပါးနယ်ရာတလင်း၊ စပျစ်သီးနယ်ရာ ကျင်းထဲက ကယ်မနိုင်မည်လောဟူ၍၎င်း၊

  13. သင်၌ အဘယ်သို့ ဖြစ်သနည်းဟူ၍၎င်း မေးလျှင်၊ မိန်းမက၊ ဤမိန်းမသည်ကျွန်မဆီသို့လာ၍၊ သင့်သားကို ယနေ့ငါတို့စားဘို့အပ်ပါ။ နက်ဖြန်နေ့၌ ငါ့သားကို စားရမည်ဟုဆိုသည်အတိုင်း၊

  14. ကျွန်မ၏သားကို ပြုတ်၍စားကြပါ၏။ နက်ဖြန် နေ့၌ ကျွန်မက၊ သင်၏သားကို ငါတို့စားဘို့ အပ်ပါဟု တောင်းသော်၊ သူသည် မိမိသားကို ဝှက်ထားပါသည်ဟု လျှောက်လေ၏။

  15. ဣသရေလရှင်ဘုရင် ပေကာလက်ထက်၊ အာရှု ရိရှင်ဘုရင် တိဂလတ်ပိလေသာသည်လာ၍ ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော် မြို့နှင့်တကွ ဂိလဒ်ပြည်၊ ဂါလိလဲပြည်၊ နဿလိ ပြည်သား အပေါင်းတို့ကို လုပ်ကြံ၍၊ အာရှုရိပြည်သို့သိမ်းသွား၏။

  16. ဣသရေလပြည်တရှောက်လုံးသို့စစ်ချီ၍၊ ရှမာရိမြို့သို့ ရောက်သော် သုံးနှစ်ဝိုင်းထား၏။

  17. ဟေဇကိမင်းကြီးနန်းစံ ဆယ်လေးနှစ်တွင်၊ အာရှုရိရှင်ဘုရင်သနာခရိပ်သည်ယုဒပြည်၌ ခိုင်ခံ့သောမြို့ ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံလေ၏။

  18. ရှင်ဘုရင်ကို ခေါ်သောအခါ၊ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်သား အတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ ထွက်ပြီးလျှင်၊

  19. စစ်တိုက်လောက်အောင် ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသော စကားကို သင်ဆိုပါသည်တကား။ ငါ့ကိုပုန်ကန်ခြင်းငှါအဘယ်သူကိုကိုးစားသနည်း။

  20. ထိုအခါ ဟိလခိသား ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှုရိဘာသာစကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါလော့။ ထိုစကားကို ကျွန်တော်တို့သည်နားလည်ပါ၏။ မြို့ရိုးပေါ်မှာ ရှိသောသူတို့သည် ကြားရအောင် ယုဒ ဘာသာစကားအားဖြင့် အမိန့်မရှိ ပါနှင့်ဟု ရာဗရှာခ ကိုဆိုကြလျှင်၊

  21. ငါသည် တွင်းတူး၍ မမြည်းဘူးသော ရေကို သောက်ရပြီ။ ငါ၏ ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ် လက်ကြားရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီ တကား။

  22. သို့ဖြစ်၍ ထာဝရဘုရားသည် အာရှုရိရှင်ဘုရင် ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့ မဝင်ရ။ မြို့ထဲသို့မြှားကိုမပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ။ မြို့ပြင်မှာ မြေရိုးကို မဖို့ရ။

  23. ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ၍ ဝိုင်းထားကြ ၏။

  24. ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ကိုယ်တိုင်ရောက်၍၊ သူ၏ကျွန်တို့သည် မြို့ကို ဝိုင်းထား ကြသောအခါ၊

  25. ဇေဒကိမင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက် နေ့တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊