Sieges အကြောင်း ကျမ်းစာအခန်းငယ်များ: Walls of, defended by the inhabitants
Walls of, defended by the inhabitants အကြောင်း အခန်းငယ်များ
ရှင်ဘုရင်သည် အမျက်တော်ထွက်၍၊ သင်တို့သည် စစ်ပြိုင်သောအခါ၊ မြို့အနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်း။ မြို့ရိုးပေါ်က ပစ်မည်ကို မသိလော။
ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း။ သေဗက်မြို့မှာ မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ၍ အဘိမ လက်သေသည်မဟုတ်လော။ မြို့ရိုးအနီးသို့ အဘယ် ကြောင့် ချဉ်းကပ်ကြသနည်းဟု မိန့်တော်မူလျှင်၊ ကိုယ်တော်၏ ကျွန်ဟိတ္တိလူ၊ ဥရိယသေကြောင်းကို လျှောက်ရ မည်ဟု မှာထား၍ စေလွှတ်လေ၏။
ထိုအခါ ဟိလခိသား ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှုရိဘာသာစကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါလော့။ ထိုစကားကို ကျွန်တော်တို့သည်နားလည်ပါ၏။ မြို့ရိုးပေါ်မှာ ရှိသောသူတို့သည် ကြားရအောင် ယုဒ ဘာသာစကားအားဖြင့် အမိန့်မရှိ ပါနှင့်ဟု ရာဗရှာခ ကိုဆိုကြလျှင်၊
တဖန်မြို့ရိုးပေါ်မှာရှိသော ယေရုရှလင်မြို့သား တို့ကို ခြိမ်းချောက်နှောက်ရှက်၍၊ မြို့ကိုတိုက်ယူနိုင်အောင်၊ ယုဒဘာသာစကားအားဖြင့် ကျယ်သော အသံနှင့် ကြွေး ကြော်ကြ၏။