Sieges အကြောင်း ကျမ်းစာအခန်းငယ်များ: Frequently helped by allies
Frequently helped by allies အကြောင်း အခန်းငယ်များ
နက်ဖြန်နေ့၌ ရှောလုသည် လူတို့ကို သုံးတပ်ခွဲပြီးမှ၊ နံနက်ယံအချိန်၌ ရန်သူအလုံးအရင်းထဲသို့ ဝင်၍ နေပူချိန်တိုင်အောင် အမ္မုန်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ကျန်ကြွင်းသောသူတယောက်နှင့် တယောက်ပေါင်း၍ မနေရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြားလျက် ရှိကြ၏။
ဒါဝိဒ်နှင့် သူ၏လူတို့သည် ကိလမြို့သို့သွား၍ ဖိလိတ္တိလူတို့နှင့် တိုက်သဖြင့်၊ ထိုသူတို့၏ တိရစ္ဆာန်များကို ယူ၍ သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်ကြ၏။ ထိုသို့ဒါဝိဒ်သည် ကိလမြို့ကို ကယ်တင်လေ၏။