Skip to content

Rabbah

14 verses · 2 known names

အခြားအမည်: Rabbath

31.9500, 35.9200 Google Maps တွင် ကြည့်ရန်

Rabbah ကို ဖော်ပြသော အခန်းငယ်များ

  1. အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန်ရှင်ဘုရင် ဩဃတယောက်တည်းသာ ကျန်ကြွင်း ၏။ လူအတောင်အားဖြင့် အလျားကိုးတောင်၊ အနံလေး တောင်ရှိသော သူ၏ သံခုတင်သည် အမ္မုန်ပြည် ရဗ္ဗတ်မြို့ ၌ ရှိသည်မဟုတ်လော။

  2. ယာဇာမြို့မှစ၍ ဂိလဒ်မြို့ရှိသမျှတို့နှင့်တကွ၊ ရဗ္ဗာမြို့ရှေ့၌ရှိသော အာရော်မြို့တိုင်အောင် အမ္မုန်ပြည် တဝက်၊

  3. ကိရယတ်ယာရိမ်မြို့တည်းဟူသော ကိရယတ် ဗာလမြို့၊ ရဗ္ဗာမြို့၊ ရွာနှင့်တကွ နှစ်မြို့တည်း။

  4. အခါလည်၍ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ၊ ဒါဝိဒ်သည် ယွာဘနှင့်ကျွန်များ၊ ဣသရေလ အမျိုးသားများအပေါင်းတို့ကို စေလွှတ်သဖြင့်၊ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ဖျက်၍ ရဗ္ဗာ မြို့ကို ဝိုင်းထားကြ၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့၌ နေလေ၏။

  5. ယွာဘသည်လည်း အမ္မုန်ပြည်၊ ရဗ္ဗာမြို့ကို တိုက်၍ မြို့တော်ကို ရပြီးမှ၊

  6. ဒါဝိဒ်ထံတော်သို့လူကို စေလွှတ်၍၊ ကျွန်တော်သည် ရဗ္ဗာမြို့ကို တိုက်၍ ကန်တော်ရှိရာမြို့ကိုရပါပြီ။

  7. ဒါဝိဒ်သည် လူအပေါင်းတို့ကို စုဝေးစေသဖြင့်၊ ရဗ္ဗာမြို့သို့ ချီသွား၍ တိုက်ယူလေ၏။

  8. ဒါဝိဒ်သည် မဟာနိမ်မြို့သို့ ရောက်သောအခါ၊ အမ္မုန်ပြည် ရဗ္ဗာမြို့သားနာဟတ်၏သား ရှေဘိ၊ လော ဒေဗာမြို့သား အမျေလ၏သား မာခိရ၊ ဂိလဒ်အမျိုး ရောဂေလိမ်မြို့သား ဗာဇိလဲတို့က၊

  9. အခါလည်၍၊ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ၊ ယွာဘသည်ဗိုလ်ခြေအလုံး အရင်းနှင့် ချီသွားသဖြင့်၊ အမ္မုန်ပြည်ကို တိုက်ဖျက်၍ ရဗ္ဗာမြို့ကို ဝိုင်းထား၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့ ၌နေလေ၏။

  10. ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်အမျိုးသားတို့ နေရာရဗ္ဗာမြို့၌ စစ်တိုက်ခြင်းအသံ ကို ငါကြားစေသောအချိန် ရောက်လိမ့်မည်။ ထိုမြို့သည် ပျက်စီးရာပုံဖြစ်၍၊ သူ၏သမီးတို့သည်လည်း မီးရှို့ ခြင်းကို ခံရကြလိမ့်မည်။ ထိုအခါဣသရေလအမျိုး၏နေရာကို၊ သိမ်းယူသော သူတို့၏ နေရာကို၊ ဣသရေလသည် တဖန်သိမ်းယူရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  11. အို ဟေရှဘုန်မြို့၊ ညည်းတွားမြည်တမ်းလော့။ အာဣမြို့ပျက်စီး ပြီ။ အိုရဗ္ဗာမြို့သမီးတို့၊ ငိုကြွေးကြလော့။ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းလျက်၊ ခြံနားမှာ တောင်မြောက်ပြေးကြလော့။ အကြောင်းမူကား၊ မိလကုံ ဘုရားသည်သူ၏ယဇ်ပုရောဟိတ်၊ သူ၏မင်းများနှင့်တကွ သိမ်းသွားခြင်းကိုခံရ၏။

  12. အမ္မုန်ပြည်၌ ရဗ္ဗတ်မြို့သို့၎င်း၊ ယုဒပြည်၌ ခိုင်ခံ့သော ယေရုရှလင်မြို့သို့၎င်း၊ ထားရောက်ရာလမ်းကို မှတ်သားလော့။

  13. ရဗ္ဗာမြို့ကို ကုလားအုပ်တင်းကုပ်၊ အမ္မုန်ပြည်ကို သိုးကျက်စားရာ ငါဖြစ်စေမည်။ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။

  14. ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ဘုံဗိမာန်တို့ကို လောင်စေမည်။ စစ်တိုက်သောနေ့၌ အော်ဟစ်ခြင်း၊ မိုဃ်းသက် မုန်တိုင်းရောက်သောနေ့၌ လွင့်သွားခြင်း ရှိလိမ့်မည်။