Skip to content

Heshbon အကြောင်း ကျမ်းစာအခန်းငယ်များ

18 အခန်းငယ် · 5 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထိုသို့ ဣသရေလအမျိုးသားတို့သည်၊ ဟေရှဘုန် မြို့မှစ၍ အာမောရိအမျိုးသားနေသော မြို့ရွာရှိသမျှ တို့ကို သိမ်းယူ၍ နေကြ၏။

  2. ဟေရှဘုန်မြို့ကား၊ မောဘပြည်ကို အစိုးရသော အရင်ရှင်ဘုရင်နှင့် စစ်တိုက်၍ အာနုန်ချောင်းတိုင် အောင် ပြည်ကို လုယူသော အာမောရိရှင်ဘုရင် ရှိဟုန် မင်းနေသောမြို့ ဖြစ်သတည်း။

  3. ထိုအကြောင်းကို ရည်ဆောင်၍ လင်္ကာဆရာတို့ က၊ ဟေရှဘုန်မြို့သို့ သွား၍ တဖန်တည်ကြစို့။ ရှိဟုန် ဘုရင်နေသောမြို့ကို ပြင်ဆင်ကြစို့။

  4. ရှိဟုန်ဘုရင်နေရာ ဟေရှဘုန်မြို့မှ မီးလျှံထွက် ၍ မောဘပြည်အာရမြို့နှင့်တကွ၊ အာနုန်ချောင်းနား၊ မြင့်သောအရပ်၌ အစိုးရသော မင်းတို့ကို လောင်လေပြီ။

  5. အိုမောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ ပြေး ရသော မိမိသားသမီးတို့ကို အာမောရိရှင်ဘုရင်ရှိဟုန် လက်သို့ ရောက်စေခြင်းငှါ၊ ထိုဘုရားသည် အခွင့်ပေးပြီ တကား။

  6. တဖန် ငါတို့သည် အာမောရိသားတို့ကို တိုက် ပြန်သောကြောင့်၊ ဟေရှဘုန်ပြည်သည် ဒိဘုန်မြို့တိုင် အောင် ပျက်လေပြီ။ မေဒဘမြို့နှင့် နီးစပ်သော နောဖာ မြို့တိုင်အောင် သူတို့ကို သုတ်သင်ပယ်ရှင်းကြပြီဟု ဆိုသတည်း။

  7. ထိုသို့ ဣသရေလအမျိုးသားတို့သည် အာမောရိ ပြည်၌ နေရကြ၏။

  8. မောရှေသည်လည်း၊ ယာဇာမြို့ကို စူးစမ်းခြင်းငှါ လူကို စေလွှတ်ပြီးလျှင်၊ ထိုမြို့ရွာတို့ကို သိမ်းယူ၍ အရင် နေသော အာမောရိအမျိုးသားတို့ကို နှင်ထုတ်ကြ၏။

  9. တဖန် ဣသရေလအမျိုးသားတို့သည် လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင်ဩဃ သည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီသွား၏။

  10. ထာဝရဘုရားကလည်း၊ သူ့ကို မကြောက်နှင့်။ သူနှင့်တကွ သူ၏လူအပေါင်းကို၎င်း၊ သူ၏မြေကို၎င်း၊ သင့်လက်၌ ငါအပ်ပေးပြီ။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့၊ ဤမင်းကိုလည်း ပြုရမည် ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊

  11. ထိုမင်းနှင့်သားများ၊ လူများအပေါင်းတို့ကို တယောက်မျှ မကြွင်းလုပ်ကြံ၍ သူ၏ပြည်ကို သိမ်းယူ ကြ၏။

  12. ဂဒ်ခရိုင်ထဲက၊ လူအသက်ကို သတ်မိသောသူမှီ ခိုရာမြို့၊ ဂိလဒ်ပြည်၌ ရာမုတ်မြို့နှင့် မြို့နယ်၊ မဟာနိမ်မြို့ နှင့် မြို့နယ်၊

  13. ဟေရှဘုန်မြို့နှင့် မြို့နယ်၊ ယာဇာမြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။

  14. ဟေရှဘုန်မြို့ ငိုကြွေးသံမှစ၍ ဧလာလေမြို့၊ ယာဟတ်မြို့တိုင်အောင်၎င်း၊ ဇောရမြို့မှစ၍ ဟောရနိမ် မြို့တိုင်အောင်၎င်း သုံးနှစ်အသက်ရှိသော နွားမမြည် သံကဲ့သို့အသံကို လွှင့်ကြ၏။ အကြောင်းမူကား၊ နိမရိမ် ရေကန်တို့သည်လည်း ဆိတ်ညံလျက်ရှိကြ၏။

  15. မောဘပြည်၌မြင့်သော အရပ်ပေါ်မှာ ပူဇော် သောသူ၊ မိမိဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သော သူတို့ကို ငါပြတ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  16. အမ္မုန်အမျိုးသားတို့ကို ရည်မှတ်၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ဣသရေလ၌ သားမရှိ သလော။ အမွေခံမရှိသလော။ မိလကုံဘုရားသည် ဂဒ်ပြည်ကို အဘယ်ကြောင့် သိမ်းယူသနည်း။ သူ့တပည့် တို့သည် ဂဒ်မြို့တို့၌အဘယ်ကြောင့် နေကြသနည်း။

  17. ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်အမျိုးသားတို့ နေရာရဗ္ဗာမြို့၌ စစ်တိုက်ခြင်းအသံ ကို ငါကြားစေသောအချိန် ရောက်လိမ့်မည်။ ထိုမြို့သည် ပျက်စီးရာပုံဖြစ်၍၊ သူ၏သမီးတို့သည်လည်း မီးရှို့ ခြင်းကို ခံရကြလိမ့်မည်။ ထိုအခါဣသရေလအမျိုး၏နေရာကို၊ သိမ်းယူသော သူတို့၏ နေရာကို၊ ဣသရေလသည် တဖန်သိမ်းယူရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  18. အို ဟေရှဘုန်မြို့၊ ညည်းတွားမြည်တမ်းလော့။ အာဣမြို့ပျက်စီး ပြီ။ အိုရဗ္ဗာမြို့သမီးတို့၊ ငိုကြွေးကြလော့။ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းလျက်၊ ခြံနားမှာ တောင်မြောက်ပြေးကြလော့။ အကြောင်းမူကား၊ မိလကုံ ဘုရားသည်သူ၏ယဇ်ပုရောဟိတ်၊ သူ၏မင်းများနှင့်တကွ သိမ်းသွားခြင်းကိုခံရ၏။