အကြောင်းအရာသို့ ကျော်သွားရန်

Shimei အကြောင်း ကျမ်းစာအခန်းငယ်များ

53 အခန်းငယ် · 19 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသို့ရှိမိသည် ယေရုရှလင်မြို့မှ ဂါသမြို့သို့ သွား၍ ပြန်လာကြောင်းကို ရှောလမုန်မင်းကြီး ကြား လေသော်၊

  2. ရှိမိကို ခေါ်ပြီးလျှင်၊ သင်သည် မြို့ပြင်သို့ ထွက် ၍ အခြားတပါးသော အရပ်သို့သွားလျှင်၊ သွားသောနေ့၌ အသေသတ်ခြင်းအမှန်ခံရမည်ကို သတိနှင့်မှတ်လော့ဟု ထာဝရဘုရားကိုတိုင်တည်လျက် သင့်ကို ငါကျိန်ဆိုစေ၍ သတိပေးသည်မဟုတ်လော။ သင်ကလည်း ကျွန်တော် ကြားရသော အမိန့်တော်ကောင်းပါသည်ဟု ဝန်ခံသည် မဟုတ်လော။

  3. သို့ဖြစ်၍ ထာဝရဘုရား၏သစ္စာတော်ကို၎င်း၊ ငါမှာထားသော ပညတ်ကို၎င်း၊ ငါမှာထားသော ပညတ် ကို၎င်း အဘယ်ကြောင့် မစောင့်သနည်းဟု မိန့်တော် မူပြီးမှ၊

  4. တဖန်သင်သည် ကိုယ်နှစ်သက်သည်အတိုင်း ငါ့ခမည်းတော်ဒါဝိဒ်၌ ပြုဘူးသော ဒုစရိုက်ရှိသမျှကို သင်သိ၏။ သင်၏ဒုစရိုက်အပြစ်ကို ထာဝရဘုရားသည် သင့်ခေါင်းပေါ်သို့ ရောက်စေတော်မူ၏။

  5. ရှောလမုန်မင်းကြီးသည် မင်္ဂလာရှိ၍ ဒါဝိဒ်၏ ရာဇပလ္လင်တော်သည် ထာဝရဘုရားရှေ့တော်၌ အစဉ် အမြဲတည်ပါစေသတည်းဟု မိန့်တော်မူပြီးလျှင်၊

  6. ယောယဒသား ဗေနာယသည် အမိန့်တော်ကို ခံ၍ ပြင်သို့ထွက်ပြီးလျှင် ရှိမိကိုသေအောင်လုပ်ကြံ လေ၏။ ထိုသို့နိုင်ငံတော်သည် ရှောလမုန်လက်၌ တည်၏။

  7. ဗင်္ယာမိန်ခရိုင်မှာ ဧလာ၏သားရှိမိ၊

  8. ရှာလသေလသားကား ဇေရုဗဗေလနှင့် ရှိမိ တည်း။ ဇေရုဗဗေလသားကား မေရှုလံ၊ ဟာနနိ၊ နှမ ရှေလောမိတ်နှင့်တကွ၊

  9. မိရှမသား ဟမွေလ၊ ဟမွေလသား ဇက္ကုရ၊ ဇက္ကုရသား ရှိမိတည်း။

  10. ရှိမိသည် သားတဆယ်ခြောက်ယောက်နှင့် သမီး ခြောက်ယောက်တို့ကို မြင်၏။ သို့ရာတွင် သူ၏ညီအစ်ကို တို့၌ သားမများ။ ရှိမောင်အမျိုးသားတို့သည် ယုဒ အမျိုးသားကဲ့သို့ မပွါးမများတတ်။

  11. ယောလသားကား ရှေမာယ၊ ရှေမာယသား ဂေါဂ၊ ဂေါဂသား ရှေမိ၊

  12. ဂေရရှုံသားကား လိဗနိနှင့် ရှိမိတည်း။

  13. မေရာရိသားကားမဟာလိ၊ မဟာလိသား လိဗနိ၊ လိဗနိသား ရှိမိ၊ ရှိမိသားဩဇ၊

  14. လေဝိ၊ ဂေရရှုံ၊ ယာဟတ်၊ ရှိမိ၊ ဇိမ္မ၊ ဧသန်၊ အဒါယ၊ ဇေရ၊ ဧသနိ၊ မာလခိ၊ ဗာသေယ၊ မိက္ခေလ၊ ရှိမာ၊ ဗေရခိတို့မှ ဆင်းသက်သော အာသပ်၊ ဟေမန် လက်ျာဘက်မှာ နေရာရှိသော အပေါင်းအဘော် အာသပ် တပါး၊

  15. အဒါယ၊ ဗေရာယ၊ ရှိမရတ်တို့သည် ရှိမဟိ သားတည်း။

  16. ဂေရရှုံအမျိုးသားကား၊ လာဒန်နှင့်ရှိမိတည်း။

  17. ရှိမိသားကား ရှေလောမိတ်၊ ဟာဇေလ၊ ဟာရန်၊ ပေါင်းသုံးယောက်တည်း။ ဤသူတို့သည်လာဒန်အဆွေ အမျိုးသူကြီးဖြစ်ကြ၏။

  18. ရှိမိသားကား ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိ၊ ပေါင်း လေးယောက်တည်း။

  19. ဒသမသူရှိမိ၊ သူနှင့်သူ၏သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။

  20. ရာမမြို့သားရှိမိသည် စပျစ်ဥယျာဉ်တော်ကို ၎င်း၊ ရှိဖမိမြို့သား ဇဗဒိသည်စပျစ်သီးနှင့် စပျစ်ရည် တိုက်တို့ကို၎င်း အုပ်ရ၏။

  21. ဟေမန်အမျိုးသားယေဟေလနှင့်ရှိမိ၊ ယေဒုသုန် အမျိုးသား ရှေမာယနှင့် ဩဇေလတို့သည်၊

  22. လှူသောဥစ္စာ၊ ဆယ်ဘို့တဘို့ဥစ္စာ၊ ပူဇော်သော ဥစ္စာများကို တရားနှင့်အညီ သွင်းထားကြ၏။ လေဝိသားကောနနိသည်တိုက်အုပ်၊ သူ၏ညီရှိမိသည် တိုက်စာရေးဖြစ်၏။

  23. ယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗတ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ်၊ ဗေနာယတို့သည်လည်း ဟေဇကိမင်းကြီးနှင့် ဗိမာန်တော် အုပ်အာဇရိစီရင်သည်အတိုင်း၊ ကောနနိနှင့် သူ၏ညီရှိမိ တို့သည် အစေခံ၍ ကြည့်ရှုပြုစုရကြ၏။

  24. လေဝိသားယောဇဗဒ်၊ ရှိမိ၊ ကေလာယတည်း ဟူသော ကေလိတ၊ ပေသာဟိ၊ ယုဒ၊ ဧလျေဇာ၊

  25. ဟာရှုံအမျိုးမတ္တနဲ၊ မတ္တသ၊ ဇာဗဒ်၊ ဧလိဖလက်၊ ယေရမဲ၊ မာနရှေ၊ ရှိမိ၊