အကြောင်းအရာသို့ ကျော်သွားရန်

Shimei

15 အခန်းငယ် · 1 မိသားစုဝင်

Shimei ကို ဖော်ပြသော အခန်းငယ်များ

  1. ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ ရောက်သောအခါ၊ ရှောလု၏အဆွေအမျိုး ဂေရသား ရှိမိအမည်ရှိသောသူသည် ကျိန်ဆဲလျက် ထွက်လာ၏။

  2. ရှိမိကျိန်ဆဲသောစကားဟူမူကား၊ သွားဟဲ့၊ သွားဟဲ့။ လူ့အသက်ကို သတ်သောအဓမ္မလူ၊

  3. ဒါဝိဒ်သည် နောက်တော်လိုက်သူတို့နှင့်တကွ လမ်း၌သွားစဉ်တွင်၊ ရှိမိသည် ဒါဝိဒ်တဘက်တချက်၊ တောင်ခါးပန်းနားမှာ ရှောက်သွားသဖြင့်၊ ကျိန်ဆဲလျက် ကျောက်ခဲနှင့် ပစ်၍ မြေမှုန့်ကိုလည်း ပက်လေ၏။

  4. ဗင်္ယာမိန်အမျိုးဖြစ်သော ဗာဟုရိမ်မြို့သား ဂေရ၏သားရှိမိသည် ယုဒအမျိုးသားတို့နှင့်အတူ ဒါဝိဒ် မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှါ အလျင်အမြန် လိုက်လာ၏။

  5. ကုတို့လှေသည် နန်းတော်သားများကို ပို့ခြင်းငှါ၎င်း၊ အလိုတော်ကိုဆောင်ခြင်းငှါ၎င်း၊ သွားလာလျက် ရှိ၏။ ယော်ဒန်မြစ်ကို ကူးတော်မူသောအခါ၊ ဂေရ၏သား ရှိမိသည် ရှေ့တော်၌ပြပ်ဝပ်၍၊

  6. ဇေရုယာသား အဘိရှဲကလည်း၊ ရှိမိသည် ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောအရှင်ကို ကျိန်ဆဲ သောကြောင့် အသေသတ်ခြင်းကို ခံရမည် မဟုတ်လော ဟုဆိုသော်၊

  7. ရှိမိအားလည်း၊ သင်သည် အသေသတ်ခြင်းကို မခံရဟု ကျိန်ဆိုတော်မူ၏။

  8. ငါသည်မဟာနိမ်မြို့သို့သွားသော နေ့၌ ငါ့ကို ကြမ်းတမ်းစွာ ကျိန်ဆဲသောသူ၊ ဗင်္ယာမိန်အမျိုးဗာဟု ရိမ်ရွာသား၊ ဂေရ၏သားရှိမိသည် သင့်လက်၌ရှိ၏။ သူသည်ငါ့ကိုခရီးဦးကြိုပြုအံ့သောငှါ ယော်ဒန်မြစ်နားသို့ လာသောအခါ၊ သင့်ကို ငါမကွပ်မျက်ဟု ထာဝရဘုရားကို တိုင်တည်၍ ငါကျိန်ဆိုသော်လည်း၊

  9. တဖန်ရှင်ဘုရင်သည် ရှိမိကို ခေါ်ပြီးလျှင်၊ သင်သည် ယေရုရှလင်မြို့ထဲမှာ အိမ်ကိုဆောက်၍ နေရ မည်။ မြို့ပြင်သို့ထွက်၍ အဘယ်အရပ်ကို မျှမသွားနှင့်။

  10. ရှိမိက၊ အမိန့်တော်ကောင်းပါ၏။ အရှင်မင်းကြီး မိန့်တော်မူသည်အတိုင်း ကိုယ်တော်ကျွန်ပြုပါမည်ဟု ပြန် လျှောက်၍ ယေရုရှလင်မြို့၌ ကြာမြင့်စွာနေလေ၏။

  11. သို့ရာတွင် သုံးနှစ်လွန်သောအခါ၊ ရှိမိ၏ကျွန် နှစ်ယောက်တို့သည် ဂါသမင်းကြီးမာခါသား အာခိတ်ထံ သို့ပြေး၍ ဂါသမြို့၌ရှိကြောင်းကို ရှိမိသည်ကြားလေသော်၊

  12. ထ၍မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ ကျွန်တို့ကို ရှာအံ့သောငှါ ဂါသမြို့၊ အာခိတ်ထံသို့သွား၍ ကျွန်တို့ကို ခေါ်လေ၏။

  13. ထိုသို့ရှိမိသည် ယေရုရှလင်မြို့မှ ဂါသမြို့သို့ သွား၍ ပြန်လာကြောင်းကို ရှောလမုန်မင်းကြီး ကြား လေသော်၊

  14. ရှိမိကို ခေါ်ပြီးလျှင်၊ သင်သည် မြို့ပြင်သို့ ထွက် ၍ အခြားတပါးသော အရပ်သို့သွားလျှင်၊ သွားသောနေ့၌ အသေသတ်ခြင်းအမှန်ခံရမည်ကို သတိနှင့်မှတ်လော့ဟု ထာဝရဘုရားကိုတိုင်တည်လျက် သင့်ကို ငါကျိန်ဆိုစေ၍ သတိပေးသည်မဟုတ်လော။ သင်ကလည်း ကျွန်တော် ကြားရသော အမိန့်တော်ကောင်းပါသည်ဟု ဝန်ခံသည် မဟုတ်လော။

  15. တဖန်သင်သည် ကိုယ်နှစ်သက်သည်အတိုင်း ငါ့ခမည်းတော်ဒါဝိဒ်၌ ပြုဘူးသော ဒုစရိုက်ရှိသမျှကို သင်သိ၏။ သင်၏ဒုစရိုက်အပြစ်ကို ထာဝရဘုရားသည် သင့်ခေါင်းပေါ်သို့ ရောက်စေတော်မူ၏။