Skip to content

Salt အကြောင်း ကျမ်းစာအခန်းငယ်များ

32 အခန်းငယ် · 29 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုပြည်ရှိသမျှတို့သည်၊ သောဒုံအိုင်ဖြစ်သော စိဒ္ဒိမ်ချိုင့်တွင် နီးစပ်လျက်ရှိကြ၏။

  2. လောတ၏ မယားမူကား နောက်သို့ လှည့်ကြည့် ၍ ဆားတိုင်ဖြစ်လေ၏။

  3. ဘောဇဉ် ပူဇော်သက္ကာပြုလေရာရာ၌ ဆားခပ်ရမည်။ သင်ပြုသော ဘောဇဉ် ပူဇော်သက္ကာ၌၊ သင်၏ ဘုရားသခင် ပဋိညာဉ်ဆားကို မခပ်ဘဲမနေရ။

  4. ဣသရေလအမျိုးသားတို့သည် သန့်ရှင်းစေ၍ ထာဝရဘုရားအား ဆောင်ခဲ့သော ပူဇော်သက္ကာရှိသမျှ တို့ကို သင်နှင့်သင်၏ သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့် ငါပေးပြီ။ သင်အစရှိသော သင်၏အမျိုး အနွယ်နှင့်ဆို၍ ထာဝရဘုရား ရှေ့တော်၌ ဆားနှင့်ယှဉ် သော ထာဝရပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ၏။

  5. ယော်ဒန်မြစ်ကို လိုက်၍ သောဒုံအိုင်၌ ဆုံးရ မည်။ ဤရွေ့ကား၊ သင်တို့ အမွေခံရသော ပြည်နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ၏။

  6. လွင်ပြင်နှင့်တကွ ယော်ဒန်မြစ်နား၊ ဂနေသရက် အရပ်မှ လွင်ပြင်နှင့်ဆိုင်သော သောဒုံအိုင်အရှေ့၊ အာဇုတ်ဝိသဂါမြို့တိုင်အောင်၊ မြေတရှောက်လုံးကို၎င်း ငါပေး၏။

  7. မြစ်ညာက စီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင် အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့ စီးသွားသောရေသည်လည်း အကုန်အစင် ပြတ်၍၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။

  8. ထာဝရဘုရားသည် သူတို့ကို ဣသရေလ အမျိုး သားတို့လက်၌ အပ်တော်မူသဖြင့်၊ သူတို့ကို လုပ်ကြံ၍ ဇိဒုန်ရဗ္ဗာမြို့၊ မိသရဖေါသမိမ်မြို့ အရှေ့မျက်နှာ မိဇပါ ချိုင့်တိုင်အောင် လိုက်၍ တယောက်ကိုမျှ မကျန်ကြွင်းစေ ခြင်းငှါ လုပ်ကြံကြ၏။

  9. အရှေ့မျက်နှာ၌ လွင်ပြင်မှစ၍ ဂင်္နေသရက် အိုင်နှင့် လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်အရှေ့ ဘက် ဗက်ယေရှိမုတ်မြို့သို့ သွားရာလမ်း၊ အာဇုတ်ပိသဂါ မြို့အနား၊ တောင်မျက်နှာမှ လာရာလမ်းတိုင်အောင်၎င်း အစိုးရ၍၊ ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင် ရှိဟုန်တပါး၊

  10. တောင်ဘက်အပိုင်းအခြားသည် သောဒုံအိုင်၌ တောင်အကွေ့မှထွက်၍၊

  11. နိဗရှန်မြို့၊ မေလက်မြို့၊ အင်္ဂေဒိမြို့၊ ရွာနှင့်တကွ ခြောက်မြို့တည်း။

  12. အဘိမလက်သည် တနေ့လုံးမြို့ကို တိုက်၍ရသောအခါ၊ မြို့၌ တွေ့သောသူတို့ကို သတ်ပြီးလျှင် မြို့ရိုးကို ဖြိုဖျက်၍ မြို့ရာကို ဆားနှင့် ကြဲဖြန့်လေ၏။

  13. ဆားချိုင့်တွင် ဧဒုံလူတသောင်းရှစ်ထောင်တို့ကို လုပ်ကြံရာမှ၊ ဒါဝိဒ်သည် ပြန်လာသောအခါ ဂုဏ်အသရေ ကြီး၏။

  14. ဧလိရှဲက၊ ဘူးသစ်တလုံးကို ဆားထည့်၍ ယူခဲ့ ကြလော့ဟုဆိုသည်အတိုင်း ယူခဲ့ကြ၏။

  15. ဧလိရှဲသည် စမ်းရေတွင်းသို့သွား၍ ဆားကိုခတ် လျက်၊ ထာဝရဘုရားမိန့်တော်မူသည်ကား ဤရေကို ငါချိုစေ၏။ နောက်တဖန် သေစေမည်အကြောင်း၊ ကိုယ်ဝန်ပျက်စေမည်အကြောင်းကို မပြုရဟု၊

  16. အာမဇိမင်းသည် ဧဒုံအမျိုးသားတသောင်းကို ဆားချိုင့်၌ သတ်၍ သေလမြို့ကို တိုက်သဖြင့်၊ ယနေ့ တိုင်အောင် ယုဿေလဟူ၍ သမုတ်လေ၏။

  17. ထိုမှတပါး၊ဇေရုယာသားအဘိရှဲသည် ဆားချိုင့် တွင် ဧဒုံလူတသောင်းရှစ်ထောင်တို့ကို လုပ်ကြံလေ၏။

  18. ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ဆားနှင့် ယှဉ်သောပဋိညာဉ်အားဖြင့်၊ ဣသရေလ နိုင်ငံကို ဒါဝိဒ်နှင့်သားတော် မြေးတော်တို့၌အစဉ် အိပ်တော်မူကြောင်းကို၊ သင်တို့သိမှတ်သင့်သည် မဟုတ်လော။

  19. ကျွန်တော်တို့သည် ကျေးဇူးတော်အားဖြင့် အသက်မွေးရသော သူဖြစ်သည်နှင့်အညီ၊ ကိုယ်တော်၌ ဘုန်းတော်လျော့ကြောင်းကို ကြည့်၍မ နေသင့်သော ကြောင့်၊ ဘိုးတော်ဘေးတော်တို့၏မှတ်စာကို စစ်ကြော တော်မူမည်အကြောင်း ဤလျှောက်စာကို ပေးလိုက်ပါ၏။

  20. ထိုမှတပါး၊ သူတို့သည် မွှေးကြိုင်သောယဇ်တို့ကို ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ပူဇော်၍၊

  21. ငွေအခွက်တထောင်၊ ဂျုံဆန်ကောရတရာ၊ စပျစ်ရည်ဗတ်တရာ၊ ဆီဗတ်တရာနှင့်တကွ ဆားမည်မျှ မဆို၊ မြစ်အနောက်ဘက်၌နေသော အခွန်ဝန်အပေါင်းတို့ သည် အလျင်အမြန်ပေးရမည်အကြောင်း၊ ငါရှင်ဘုရင် အာတဇေရဇ်အမိန့်တော်ရှိ၏။

  22. မမြိန်သောအရာကို ဆားမပါဘဲ စားနိုင် သလော။ ကြက်ဥအကာသည် ဆိမ့်သောအရသာ ရှိသလော။

  23. ထိုသူသည် လွင်ပြင်၌ရှိသော သစ်ပင်ခြောက် ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှမနေသော ဆားမြေ၊ သွေ့ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။

  24. သင့်ကို ဘွားခြင်းအကြောင်းအရာဟူမူကား၊ ဘွားသောနေ့၌ ချက်ကြိုးကိုမဖြတ်၊သန့်ရှင်းစေခြင်းငှါ ရေမချိုး၊ ဆားနှင့်မလူး၊ အဝတ်နှင့် မပတ်ရစ်၊

  25. ယဇ်ပုရောဟိတ်တို့သည် ဆားကိုတင်လျက်၊ ထိုယဇ်ကောင်တို့ကို ထာဝရဘုရားအဘို့ မီးရှို့၍ ပူဇော် ရမည်။