Skip to content

Priests အကြောင်း ကျမ်းစာအခန်းငယ်များ

407 အခန်းငယ် · 86 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. နဖူးဆံကျွတ်သောသူသည် နဖူးပြောင်သော်လည်း စင်ကြယ်၏။

  2. ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ၊ ဖြူနီသောအနာပေါက်လျှင်၊ ထိုပြောင်ရာ၌ ပေါက်သော နူနာဖြစ်၏။

  3. ထိုအခါ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ ကိုယ်အရေ၌ နူနာထင်သကဲ့သို့၊ ပြောင်ရာ၌ ပေါက်သော အနာ၏အဖူးဖြူနီလျှင်၊-

  4. ထိုသူသည် မစင်ကြယ်။ လူနူဖြစ်၏။ ခေါင်း၌ အနာပေါက်သောကြောင့်၊ အလျှင်းမစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။

  5. နူနာစွဲသောသူသည် စုတ်သော အဝတ်ကို ဝတ်ရမည်။ ခေါင်းကို မဖုံး၊ အထက်နှုတ်ခမ်းကို ဖုံးလျက်၊ မစင်ကြယ်၊ မစင်ကြယ်ဟု ဟစ်ကြော်ရမည်။

  6. ထိုအနာစွဲသည် ကာလပတ်လုံး၊ သူသည် ညစ်ညူး၏ မစင်ကြယ်သည်ဖြစ်၍ တယောက်တည်း နေရမည်။ သူ့နေရာသည် တပ်ပြင်မှာ ရှိရမည်။

  7. ၎င်းနည်းနူနာစွဲသော အဝတ်သည်၊ ပိတ်အဝတ်ဖြစ်စေ၊ သိုးမွေးအဝတ်ဖြစ်စေ၊-

  8. ရက်ကန်းပင်ဖြစ်စေ၊ ရက်ကန်းသားဖြစ်စေ၊ သားရေဖြစ်စေ၊ သားရေနှင့်လုပ်သော အသုံးအဆောင် ဖြစ်စေ၊-

  9. အဝတ်၌ စွဲသောအနာသည် ခပ်စိမ်းစိမ်း၊ ခပ်နီနီရှိလျှင်၊ နူနာဖြစ်၏။ ယဇ်ပုရောဟိတ်အား ပြရမည်။

  10. ယဇ်ပုရောဟိတ်သည် အနာစွဲသော အဝတ်ကို ကြည့်ရှု၍ ခုနစ်ရက်ပတ်လုံး လုံခြုံစွာ ထားရမည်။

  11. သတ္တမနေ့၌ တဖန်ကြည့်ရှု၍ အဝတ်၌ အနာတိုးပွါးလျှင်၊ ရက်ကန်းပင်ဖြစ်စေ၊ ရက်ကန်းသားဖြစ်စေ၊ သားရေဖြစ်စေ၊ သားရေနှင့် လုပ်သောအရာဖြစ်စေ၊ မစင်ကြယ်။ စားတတ်သော နူနာစွဲပြီ။

  12. ထိုအဝတ်ကို မီးရှို့ရမည်။ စားတတ်သော နူနာစွဲသော ရက်ကန်းပင်၊ ရက်ကန်းသား၊ ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ သားရေအသုံးအဆောင်ကို မီးရှို့ရမည်။

  13. ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ ရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်၌ အနာမတိုးပွါးလျှင်၊-

  14. အနာစွဲသောအရာကို ဆေးလျော်စေမည်အကြောင်း၊ ယဇ်ပုရောဟိတ် စီရင်၍ တဖန် ခုနစ်ရက်ပတ် လုံး လုံခြုံစွာ ထားရမည်။

  15. ဆေးလျှော် ပြီးမှ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန်၍၊ အနာမတိုးပွါးသော်လည်း၊ အဆင်းမခြားနားလျှင်၊ မစင်ကြယ်။ မီးရှို့ရမည်။ အတွင်း၌ဖြစ်စေ၊ ပြင်၌ဖြစ်စေ၊ ဆွေးမြေ့ခြင်းရှိ၏။

  16. ဆေးလျှော်ပြီးမှ၊ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ အနာသည် ခပ်မည်းမည်းဖြစ်လျှင်၊ အဝတ်၊ သားရေ၊ ရက်ကန်းပင်၊ ရက်ကန်းသားထဲက အနာကွက်ကို ဆုတ်ဖဲ့ရမည်။

  17. နောက်တဖန် ထိုရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်၌ အနာပေါ်ပြန်လျှင်၊ တိုးပွားတတ်သောအနာ ဖြစ်၏။ ထိုသို့အနာစွဲသောဥစ္စာကို မီးရှို့ရမည်။

  18. ရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်ဟူသမျှကို ဆေးလျှော်၍ အနာပျောက် လျှင်၊ ဒုတိယအကြိမ် ဆေးလျှော်၍ စင်ကြယ်ရ၏။

  19. ဤရွေ့ကား စင်ကြယ်သည်၊ မစင်ကြယ်သည်ကို စီရင်စေခြင်းငှါ နူနာစွဲသော ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ ရက်ကန်းပင်၊ ရက်ကန်းသား၊ သားရေအသုံးအဆောင်တို့နှင့်ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။

  20. သင်တို့ ပိုင်ထိုက်ရာ၊ ငါပေးသော ခါနာန်ပြည်သို့ သင်တို့ရောက်သောအခါ၊ သင်တို့နေရာ ထိုပြည်တွင် အိမ်ထစုံတခု၌ နူနာကို ငါစွဲစေလျှင်၎င်း၊-

  21. အိမ်ရှင်သည် ယဇ်ပုရောဟိတ်ထံသို့သွား၍၊ အကျွန်ုပ်အိမ်ကို နူနာစွဲဟန်ရှိပါ၏ဟု ပြောဆိုလျှင်၎င်း၊-

  22. ထိုအိမ်၌ရှိသမျှတို့သည်၊ မစင်ကြယ်ရာသို့ ရောက်မည်ကို စိုးရိမ်၍၊ ယဇ်ပုရောဟိတ်သည် နူနာက အကြည့်အရှုမဝင်မှီ၊ ရှိသမျှကို ထုတ်စေခြင်းငှါ စီရင်ရမည်။ ထိုနောက် ယဇ်ပုရောဟိတ်သည် ထိုအိမ်ကို အကြည့်အရှုဝင်၍၊-

  23. အနာကို ကြည့်ရှုသောအခါ၊ ကျောက်ထရံချိုင့်ရာတို့၌ ခပ်စိမ်းစိမ်း၊ ခပ်နီနီဖြစ်၍၊ ကျောက်ထရံထဲ၌ အနာစွဲဟန်ရှိလျှင်၊ -

  24. အိမ်တံခါးပြင်သို့ ထွက်၍၊ ထိုအိမ်ကို ခုနစ်ရက်ပတ်လုံး ပိတ်ထားရမည်။

  25. သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာ၍၊ ကျောက်ထရံ၌ အနာတိုးပွားလျှင်၊