အကြောင်းအရာသို့ ကျော်သွားရန်

Priests အကြောင်း ကျမ်းစာအခန်းငယ်များ: While unclean could not eat of the holy things

5 အခန်းငယ် · 86 ရှုထောင့်

While unclean could not eat of the holy things အကြောင်း အခန်းငယ်များ

  1. ထာဝရဘုရားအဘို့ ဣသရေလအမျိုးသား သန့်ရှင်းစေသဖြင့်၊ သန့်ရှင်းခြင်းရှိသော အရာတို့ကို၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ် အမျိုးသား မည်သည်ကား၊ ငါ့ထံမှ ပယ်ရှင်းခြင်းကို ခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။

  2. နူနာ၊ ရိနာစွဲသော အာရုန်၏ အမျိုးသား မည်သည်ကား၊ မစင်ကြယ်မှီတိုင်အောင် သန့်ရှင်းသော အရာကို မစားရ။ အသေကောင်နှင့်ဆိုင်၍ မသန့်ရှင်းသောအရာကို ထိသောသူ၊ သုတ်ရည်ထွက်သောသူ၊-

  3. ညစ်ညူးစေ၍ တွားတတ်သော တိရစ္ဆာန်ကိုထိသောသူ၊ ညစ်ညူးခြင်းတစုံတခုစွဲ၍ ညစ်ညူးသောသူ၊ ထိုသို့သောသူကို ထိသမျှသော သူတို့သည်၊-

  4. ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ကိုယ်ကို ရေမချိုးဘဲနေလျှင်၊ သန့်ရှင်းသောအရာကို မစားရ။

  5. နေဝင်သောနောက်မှ သန့်ရှင်းခြင်းသို့ ရောက်သည်ဖြစ်၍၊ သန့်ရှင်းသောအရာသည် သူတို့ စားစရာဖြစ်သောကြောင့်၊ ထိုနောက်မှ စားရကြမည်။