Priests အကြောင်း ကျမ်းစာအခန်းငယ်များ: Generally participated in punishment of the people
Generally participated in punishment of the people အကြောင်း အခန်းငယ်များ
ငါသည်မြို့ပြင်သို့သွားသောအခါ၊ သတ်သော အသေကောင်များကို တွေ့ရ၏။ မြို့ထဲသို့ဝင်သောအခါ၊ ငတ်မွတ်၍ နာကျင်စွာခံရသော သူများကိုလည်း တွေ့ရ ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် အဘယ်အမှု ကိုမျှမသိဘဲ အရပ်ရပ်လှည့်လည်ကြ၏။
အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်သူ၌ ဤသို့စီရင်တော်မူသည်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ မိန်းမသည် မိမိရင်သွေး၊ မိမိချီပိုက်သော သားကို စားရပါ မည်လော။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်သည် ထာဝရ ဘုရား၏ သန့်ရှင်းရာဌာနတော်၌ အသေသတ်ခြင်းကို ခံရပါမည်လော။