Priests အကြောင်း ကျမ်းစာအခန်းငယ်များ: Carrying the ark
Carrying the ark အကြောင်း အခန်းငယ်များ
တဖန် ယဇ်ပုရောဟိတ်တို့ကို ခေါ်၍ သင်တို့ သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက်၊ လူများရှေ့ သို့ကူးသွားကြလော့ဟု ယောရှုဆိုသည့်အတိုင်း သူတို့သည် ပဋိညာဉ်သေတ္တာတော် ကိုထမ်း၍လူများရှေ့သို့ သွားကြ၏။
လူများအပေါင်းတို့သည် ယော်ဒန်မြစ်တဘက် သို့ မရောက်မှီတိုင်အောင် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ မြစ် အလယ်တွင် မြေပေါ်၌ မြဲမြံစွာနင်း၍၊ ဣသရေလအမျိုး သားအပေါင်းတို့သည် မြေပေါ်၌ ရှောက်သွားရကြ၏။
နံနက်စောစော ယောရှုသည်ထ၍ ယဇ်ပုရော ဟိတ်တို့သည် ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းယူ ကြ၏။