အကြောင်းအရာသို့ ကျော်သွားရန်

Priests အကြောင်း ကျမ်းစာအခန်းငယ်များ: On special occasions persons not of Aaron's family acted as

6 အခန်းငယ် · 86 ရှုထောင့်

On special occasions persons not of Aaron's family acted as အကြောင်း အခန်းငယ်များ

  1. ထိုအရပ်၌ ဂိဒေါင်သည် ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်၍၊ ယေဟောဝါရှာလုံအမည်ဖြင့် မှည့်လေ၏။ အဗျေဇာသား၏ နေရာဩဖရရွာ၌ ယနေ့တိုင်အောင် ရှိသတည်း။

  2. ထိုနေ့ညမှာ ထာဝရဘုရားက၊ သင့်အဘ၏နွားပိုက်နှင့် အသက်ခုနစ်နှစ်ရှိသော ဒုတိယနွားထီးကို ယူပြီးလျှင်၊ သင့်အဘတည်သော ဗာလဘုရား၏ ယဇ်ပလ္လင်ကို ဖြိုဖျက်၍၊ ယဇ်ပလ္လင်အနားမှာရှိသော အာရှရပင်ကို ခုတ်လှဲလော့။

  3. ငါစီရင်သည်အတိုင်း၊ ဤကျောက်ပေါ်မှာ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ခုတ်လှဲသော သစ်သားဖြင့် ဒုတိယနွားကို မီးရှို့၍ ယဇ်ပူဇော်လော့ဟု မိန့်တော်မူ၏။

  4. ဂိဒေါင်လည်း မိမိကျွန်ဆယ်ယောက်တို့ကို ခေါ်၍၊ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုလေ၏။ မိမိအဘ၏ အိမ်သားတို့ကို၎င်း၊ မြို့သားတို့ကို၎င်း ကြောက်၍၊ နေ့အချိန်၌ မပြုဝံ့သောကြောင့်၊ ညဉ့်အချိန်၌ ပြု၏။

  5. ရှမွေလသည်လည်း နို့စို့သိုးသငယ်ကိုယူ၍ ထာဝရဘုရားအား တကောင်လုံး မီးရှို့ရာယဇ်ပူဇော်လျက်၊ ဣသရေလအမျိုးအဘို့ ဆုတောင်း၍ ထာဝရဘုရား နားထောင်တော်မူ၏။

  6. ထင်းကိုစီ၍နွားကိုလည်း အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်လေ၏။