အကြောင်းအရာသို့ ကျော်သွားရန်

Priests အကြောင်း ကျမ်းစာအခန်းငယ်များ: Not to defile themselves for the dead except the nearest of kin

6 အခန်းငယ် · 86 ရှုထောင့်

Not to defile themselves for the dead except the nearest of kin အကြောင်း အခန်းငယ်များ

  1. တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့အားဆင့်ဆို ရမည်မှာ၊ အမျိုးသားချင်း သေသောအတွက် သင်တို့တွင် အဘယ်သူမျှ ညစ်ညူးခြင်းမရှိရ။

  2. သို့ရာတွင် ပေါက်ဘော်ရင်းတည်းဟူသော မိဘ၊ သားသမီး၊ ညီအစ်ကို၊-

  3. လင်မနေသော ကညာနှမရင်းအတွက် ညစ်ညူးခြင်းကို ခံရသော အခွင့်ရှိ၏။

  4. အမျိုးသားချင်း သူကြီးအတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ၍ ညစ်ညူးခြင်းမရှိရ။

  5. ယဇ်ပုရောဟိတ်သည် ဆံပင်ကို မရိတ်ရ။ ပါးမုန်းကို မရိတ်ရ။ အသား၌ ခုတ်ရှခြင်းကို မပြုရ။

  6. သူသည် မိမိဘုရားသခင်အဘို့ သန့်ရှင်းရမည်။ မိမိဘုရားသခင်၏ နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သော ကြောင့် သန့်ရှင်းခြင်းရှိရမည်။