Priests အကြောင်း ကျမ်းစာအခန်းငယ်များ: Often provided by the people
Often provided by the people အကြောင်း အခန်းငယ်များ
အဆွေအမျိုးသူကြီးအချို့တို့သည် ယေရုရှလင်မြို့ ဗိမာန်တော်သို့ ရောက်သောအခါ၊ ဗိမာန်တော် ကို မိမိနေရာ၌ တည်ဆောက်ခြင်းငှါ၊
တတ်နိုင်သမျှအတိုင်း အလိုလိုလှူ၍၊ ရွှေဒင်္ဂါးခြောက်သောင်းတထောင်၊ ငွေအခွက်ငါးသောင်း၊ ယဇ်ပုရောဟိတ်အဝတ် အစုံတရာကို ဘဏ္ဍာတော်ထဲသို့ သွင်းကြ၏။
အဆွေအမျိုးသူကြီးအချို့တို့သည် အမှုတော်ကို ဆောင်ရွက်စရာ လှူကြ၏။ ပြည်အုပ်မင်းသည်လည်း ရွှေဒင်္ဂါးတထောင်၊ အင်တုံငါးဆယ်၊ ယဇ်ပုရောဟိတ် အဝတ်စုံ ငါးရာသုံးဆယ်ကို ဘဏ္ဍာတော်ထဲသို့ သွင်းလေ ၏။
ကြွင်းသော သူတို့သည်လည်း ရွှေဒင်္ဂါးနှစ် သောင်း၊ ငွေအခွက်နှစ်သောင်း၊ ယဇ်ပုရောဟိတ် အဝတ်စုံခြောက်ဆယ်ခုနစ်စုံကို သွင်းကြ၏။