Skip to content

Ophrah

5 verses

32.6000, 35.2800 Google Maps တွင် ကြည့်ရန်

Ophrah ကို ဖော်ပြသော အခန်းငယ်များ

  1. တဖန် ထာဝရဘုရား၏ ကောင်းကင်တမန်သည်လာ၍၊ ဩဖရရွာမှာ အဗျေဇာအမျိုးသား ယောရှပိုင်သော သပိတ်ပင်အောက်၌ ထိုင်လေ၏။ ယောရှသား ဂိဒေါင်သည် မိမိစပါးကို မိဒျန်လူတို့ မတွေ့စေခြင်းငှါ၊ စပျစ်သီးနယ်ရာ တန်ဆာအနားမှာ စပါးကို နယ်လျက်နေ၏။

  2. ထိုအရပ်၌ ဂိဒေါင်သည် ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်၍၊ ယေဟောဝါရှာလုံအမည်ဖြင့် မှည့်လေ၏။ အဗျေဇာသား၏ နေရာဩဖရရွာ၌ ယနေ့တိုင်အောင် ရှိသတည်း။

  3. ထိုတန်ဆာတို့နှင့် ဂိဒေါင်သည် သင်တိုင်းတော်ကို လုပ်၍ မိမိနေရာ ဩဖရမြို့မှာ ထားသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်းလျက် သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင်နှင့် သူ၏အမျိုး ပြစ်မှားရာအကြောင်းဖြစ်သတည်း။

  4. ယောရှသား ဂိဒေါင်သည် အသက်ကြီးရင့်သော် အနိစ္စရောက်၍၊ အဗျေဇာသားနေရာ ဩဖရမြို့မှာ၊ အဘယောရှသင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။

  5. တဖန် ဩဖရမြို့၌ ရှိသော မိမိအဘအိမ်သို့ သွား၍၊ မိမိညီအစ်ကိုယေရုဗ္ဗာလသားခုနစ်ဆယ်တို့ကို ကျောက်တခုပေါ်မှာ သတ်လေ၏။ သို့ရာတွင်၊ ယေရုဗ္ဗာလသားအငယ်ဆုံးယောသံသည် ပုန်းရှောင်၍ နေသောကြောင့် ကျန်ရစ်သတည်း။