အကြောင်းအရာသို့ ကျော်သွားရန်

Agriculture or Husbandry အကြောင်း ကျမ်းစာအခန်းငယ်များ

132 အခန်းငယ် · 75 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှါ ထားတော်မူ၏။

  2. ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည်မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံးပင်ပန်းစွာ စားရမည်။

  3. ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင် စားရမည်။

  4. သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏ မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။

  5. လူသည် မိမိထွက်သော မြေ၌ လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရားသခင်သည် ဧဒင် ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။

  6. တဖန်သူ့ညီ အာဗေလေကို ဘွားမြင်လေ၏။ အာဗေလကား သိုးထိန်းဖြစ်၏။ ကာဣနကားလယ်လုပ် သောသူဖြစ်၏။

  7. ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသော မြေ၌လုပ်၍ ပင်ပန်းစွာ ခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကိုနောဧ ဟူသော အမည်ဖြင့် မှည့်လေ၏။

  8. နောဧသည် လယ်လုပ်သောအတတ်ကို ပြုစု၍၊ စပျစ်ဥယျာဉ်ကို စိုက်လေ၏။

  9. ထိုကာလအခါ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ၊ ဇောရမြို့သို့ သွားသောလမ်း၊ ယော်ဒန်မြစ် ပတ်ဝန်းကျင်အရပ်ရပ်၌ ရေများ၍ ထာဝရဘုရား၏ ဥယျာဉ်တော်ကဲ့သို့၎င်း အဲဂုတ္တုပြည် ကဲ့သို့၎င်းဖြစ်သည်ကို၊ လောတမြော်ကြည့်၍ မြင်လျှင်၊

  10. ကျွန်ုပ်တို့သည် လယ်၌ကောက်လှိုင်းကို စည်း၍ နေကြစဉ်တွင်၊ ကျွန်ုပ် ကောက်လှိုင်းသည် ထ၍ မတ်တတ်နေသဖြင့်၊ သင်တို့၏ ကောက်လှိုင်းတို့သည် ဝိုင်း၍ရပ်လျက်၊ ကျွန်ုပ်ကောက်လှိုင်းကို ရှိခိုးကြသည်ဟု ပြောဆိုလေ၏။

  11. သူ့လယ်၊ သူ့စပျစ်ဥယျာဉ်ကို စားစေသော်၎င်း၊ မိမိတိရိစ္ဆာန်ကို သူ့လယ်၌ ထိန်းကျောင်းသော်၎င်း၊ မိမိလယ်၊ မိမိစပျစ်ဥယျာဉ်ထဲကအကောင်းဆုံးကို ထုတ်၍ ပြန်ပေးရမည်။

  12. မီးရှို့သောအခါ မြက်ပင်ကြောင့် အစဉ်အတိုင်း ရှောက်၍လောင်လျက်၊ ကောက်လှိုင်း၊ စပါးပင်၊ လယ်၌ရှိသောအရာတို့ကို လောင်လျှင်၊ မီးရှို့သောသူသည် အမှန်လျော်ရမည်။

  13. ငါ့လူဖြစ်သော ဆင်းရဲသား အိမ်နီးချင်းအား သင်သည် ငွေကို ချေးလျှင်၊ အတိုးစားသော သူကဲ့သို့ သူ၌မပြု၊ အတိုးကို မတောင်းရ။

  14. ခြောက်နှစ်ပတ်လုံး လယ်လုပ်၍ အသီးကို သိမ်းရမည်။

  15. သတ္တမနှစ်တွင် လယ်ကို မလုပ်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် ဆင်းရဲသောအမျိုးသားချင်းတို့သည်၊ စားရသောအခွင့် ရှိလိမ့်မည်။ ကြွင်းသောအရာကိုလည်း၊ မြေတိရစ္ဆာန်တို့သည် စားရကြလိမ့်မည်။ ထိုနည်းတူ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်ကိုလည်း ပြုရမည်။

  16. အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် ရှေ့တော်၌ မျက်နှာရသောအကြောင်းသည် အဘယ်သို့ ထင်ရှားပါမည်နည်း။ အကျွန်ုပ်တို့နှင့် ကြွသွားတော်မူသောအားဖြင့်သာ ထင်ရှားပါမည် မဟုတ်လော။ ထိုသို့ အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် မြေကြီးပေါ်မှာ ရှိသမျှသောလူတို့နှင့် ခြားနားရပါမည်ဟု လျှောက်ဆို လျှင်၊ -

  17. ကိုယ်မြေ၌ဖြစ်သော စပါးကိုရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသော အရာကို ပြန်၍ မကောက်မသိမ်းရ။

  18. ခြောက်နှစ်ပတ်လုံး လယ်လုပ်လျက် စပျစ်ဥယျာဉ်ကို သုတ်သင်၍ အသီးကို သိမ်းလျက် နေရမည်။

  19. မြေကို သူတပါး အစဉ်ပိုင်စေခြင်းငှါ မရောင်းရ။ မြေသည် ငါ့ဥစ္စာဖြစ်၏။ သင်တို့သည် ငါ၌ တည်းသော ဧည့်သည် အာဂန္တုဖြစ်ကြ၏။

  20. သင်တို့သည် မြေကို ပိုင်လေရာရာ၌ ရွေးနှုတ်ရသော အခွင့်ကို ပေးရကြမည်။

  21. သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍၊ မိမိပိုင်သောမြေကို ရောင်းလျှင်၎င်း၊ သူ၏ပေါက်ဘော် တစုံတယောက်သည် ဝယ်ခြင်းငှါလာလျှင်၎င်း၊ မိမိပေါက်ဘော် ရောင်းသောဥစ္စာကို ရွေးနှုတ်ရသော အခွင့်ရှိရမည်။

  22. ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနှုတ်နိုင်လျှင်၊-

  23. မိမိမြေသို့ ပြန်အံ့သောငှါ၊ ရောင်း၍လွန်သော နှစ်ပေါင်းကို ရေတွက်ပြီးမှ၊ လိုသေးသော အဘိုးကို အထက်က ရောင်းခဲ့သောသူအား ပြန်ပေးရမည်။

  24. ပြန်၍မပေးနိုင်လျှင် ရောင်းခဲ့သောဥစ္စာကို ယုဘိလနှစ်တိုင်အောင် ဝယ်သောသူလက်၌ ရှိစေရမည်။ ယုဘိလနှစ်တွင် လက်လွှတ်၍ အရှင်ဟောင်းလက်သို့ ရောက်စေရမည်။

  25. အချိန်တန်မှ ငါသည် သင်တို့အဘို့ မိုဃ်းရွာစေသဖြင့်၊ မြေသည် မိမိဘဏ္ဍာကိုပေး၍၊ ဥယျာဉ်အပင် တို့သည် အသီးသီးကြလိမ့်မည်။