အကြောင်းအရာသို့ ကျော်သွားရန်

Agriculture or Husbandry အကြောင်း ကျမ်းစာအခန်းငယ်များ: Grafting

4 အခန်းငယ် · 75 ရှုထောင့်

"Agriculture or Husbandry" ကို ရှာဖွေရန်

Grafting အကြောင်း အခန်းငယ်များ

  1. အချို့သောအခက်တို့ကို ချိုးဖဲ့ပြီးမှ၊ ရိုင်းသော သံလွင့်ပင်တည်းဟူသော သင်ကို အထက်ငုတ်၌ ဆက်၍ စိုက်သဖြင့်၊ အခက်များနှင့် အတူသံလွင်ပင်အမြစ်ကို၎င်း၊ အဆီဩဇာကို၎င်း ဆက်ဆံလျှင်၊ ချိုးဖဲ့သော အခက်တို့ကို ကဲ့ရဲ့ဝါကြွားခြင်းမရှိနှင့်။

  2. ဝါကြွားလျှင်မူကား၊ သင်သည်အမြစ်ကို မဆောင်၊ အမြစ်သည် သင့်ကိုဆောင်၏။

  3. ငါ့ကိုဆက်၍စိုက်ခြင်းငှါထိုအခက်တို့ကို ချိုးဖဲ့ ပြီဟု သင်ဆိုပြန်လျှင်၊ မှန်စေတော့။

  4. အဘယ်သို့နည်းဟူမူကား၊ ပကတိရိုင်းသော သံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသော သံလွင်ပင်၌ ပကတိကို မလိုက်ဘဲ ဆက်၍စိုက်သည် မှန်လျှင်၊ ပကတိအခက်ဖြစ်သော ထိုသူတို့သည် မိမိတို့ သံလွင်ပင်၌ ဆက်၍စိုက်သောအခွင့်ကို သာ၍ရကြမည် မဟုတ်လော။