Agriculture or Husbandry အကြောင်း ကျမ်းစာအခန်းငယ်များ: Allotments to each family
Allotments to each family အကြောင်း အခန်းငယ်များ
ဣသရေလအမျိုးသားတို့၏ အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ အသီးအသီး မိမိတို့မိစဉ်ဘဆက် အမွေမြေ၌ မေရကြမည်။
ဣသရေလအမျိုး တစုံတမျိုး၌ အမွေမြေရှိ သော မိန်းမသည် မိမိတို့ မိစဉ်ဘဆက် အမျိုးသားနှင့် စုံဘက်ရမည်။ ထိုသို့ ဣသရေလအမျိုးသား အသီး အသီးတို့သည် မိမိတို့ မိစဉ်ဘဆက်အမွေမြေကို ခံစား ရကြမည်။
အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေ မြေ၌ နေကြရမည်ဟု မိန့်တော်မူ၏။