Skip to content

Persecution အကြောင်း ကျမ်းစာအခန်းငယ်များ

270 အခန်းငယ် · 61 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ဘေးအန္တရာယ် ရောက်လုနီးပါပြီ။ မစသောသူမရှိပါ။

  2. နွားလားဥသဘတို့သည် အကျွန်ုပ်ကိုဝိုင်း၍၊ အားကြီးသော ဗာရှန်ဥသဘတို့သည် ဝန်းရံလျက် နေကြ ပါ၏။

  3. ကိုက်ဖြတ်၍ ဟောက်တတ်သော ခြင်္သေ့ကဲ့သို့ အကျွန်ုပ်ကို ပစပ်ဟကြပါ၏။

  4. အကျွန်ုပ်သည် ရေကဲ့သို့သွန်ခြင်းကို ခံရ၍၊ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏။ အကျွန်ုပ်နှလုံး သည် ဘယောင်းကဲ့သို့ဖြစ်၍၊ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ၏။

  5. အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်း ခြောက်၍၊ လျှာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏။အကျွန်ုပ် ကို သေမြေတိုင်အောင် ချတော်မူပါပြီ။

  6. ခွေးတို့သည် အကျွန်ုပ်ကိုဝိုင်းလျက်၊ စုဝေးသော လူဆိုးတို့သည် ဝန်းရံလျက်နေ၍၊ အကျွန်ုပ်၏ ခြေလက် တို့ကို ထိုးဖောက်ကြပါပြီ။

  7. ကိုယ်အရိုးရှိသမျှတို့ကို အကျွန်ုပ်ရေတွက်နိုင် ပါ၏။ သူတို့သည် အကျွန်ုပ်ကိုကြည့်မြင်၍ အားရလျက် နေကြပါ၏။

  8. အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍၊ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏။

  9. အိုထာဝရဘုရား၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော် မမူပါနှင့်။ အကျွန်ုပ်ခွန်အားဗလ၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ကြွလာတော်မူပါ။

  10. အကျွန်ုပ်အသက်ကို ထားဘေးမှ၎င်း၊ အကျွန်ုပ် အချစ်ဆုံးကို ခွေးလက်မှ၎င်း ကယ်လွတ်တော်မူပါ။

  11. ခြင်္သေ့ခံတွင်းမှ အကျွန်ုပ်ကိုကယ်တင်၍၊ ကြံ့ ဦးချိုထဲမှာ အကျွန်ုပ်ခေါ်သောအသံကို နားထောင်တော် မူပါ။

  12. အကျွန်ုပ်ကို ကယ်ယူတော်မူပါဘုရား။ ရေသည် အကျွန်ုပ်အသက်ဝိညာဉ်တိုင်အောင် ရောက်ပါပြီ။

  13. ခြေနင်းရာမရှိ။ နက်လှသော ရွှံ့ထဲမှာ ကျွံပါပြီ။ လှိုင်းတံပိုးလွှမ်းမိုးရာ နက်သော ရေထဲသို့ ရောက်ပါပြီ။

  14. အော်ဟစ်၍ ပင်ပန်းပါပြီ။ လည်ချောင်းခြောက်ပါပြီ။ အကျွန်ုပ်၏ ဘုရားသခင်ကို အကျွန်ုပ်မျှော်ကြည့် ၍ မျက်စိပျက်ပါပြီ။

  15. အကြောင်းမရှိဘဲ အကျွန်ုပ်ကို မုန်းသောသူတို့သည် အကျွန်ုပ်၏ဆံပင်ထက်များကြပါ၏။ မဟုတ်မမှန် ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု၍ ဖျက်ဆီးသော သူတို့သည် ခွန်အားကြီးကြပါ၏။ ထိုအခါ အကျွန်ုပ်သည် မယူသော ဥစ္စာကိုပင် ပြန်ပေးရပါ၏။

  16. အိုဘုရားသခင်၊ အကျွန်ုပ်မိုက်ခြင်းအမှုကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်၏အပြစ်တို့ကို ရှေ့တော်၌ ဝှက်၍ မထားရပါ။

  17. ကောင်းကင်ဗိုလ်ခြေသခင်အရှင်ထာဝရဘုရား၊ ကိုယ်တော်ကို မြော်လင့်သောသူတို့သည် အကျွန်ုပ် အကြောင်းကြောင့် စိတ်မပျက်ကြပါစေနှင့်။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကိုယ်တော်ကို ရှာသော သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ရှက်ကြောက်ခြင်းသို့ မရောက်ကြပါစေနှင့်။

  18. ကိုယ်တော်အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို ခံရပါ၏။ အကျွန်ုပ်မျက်နှာသည် ရှက်ခြင်းနှင့် ပြည့်စုံပါ၏။

  19. ကိုယ်ညီအစ်ကိုတို့တွင်၊ လူစိမ်းဖြစ်ခဲ့ပါပြီ။ တမိတည်းသော ပေါက်ဘော်တို့တွင်၊ တကျွန်းတနိုင်ငံသား ဖြစ်ခဲ့ပါပြီ။

  20. ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏။

  21. အကျွန်ုပ်သည် ငိုကြွေး၍ စိတ်နှလုံးပါလျက်၊ အစာရှောင်သော အကျင့်ကြောင့်ပင် ကဲ့ရဲ့ခြင်းကို ခံရပါ၏။

  22. လျှော်တေအဝတ်ကို ဝတ်သောအခါ၊ သူတို့သည် သရော်တတ်ကြပါ၏။

  23. ရုံး၌ ထိုင်သောသူတို့သည် အကျွန်ုပ်တဘက်မှာ ပြောဆို၍၊ သေသောက်ကြူးတို့သည် အကျွန်ုပ်ကို အကြောင်းပြုလျက် တေးဘွဲ့၍ ဆိုတတ်ကြပါ၏။

  24. အိုထာဝရဘုရား၊ အကျွန်ုပ်မူကား၊ မင်္ဂလာအချိန်ကာလ၌ ကိုယ်တော်ကို ဆုတောင်းပါ၏။ အိုဘုရားသခင်၊ ကရုဏာတော် ကြွယ်ဝသည်နှင့်အညီ၊ ကယ်တင်တော်မူခြင်း သစ္စာအတိုင်း၊ အကျွန်ုပ် စကားကို နားထောင်တော်မူပါ။

  25. အကျွန်ုပ်ကို ရွှံ့ထဲက ကယ်နှုတ်တော်မူပါ။ နစ်စေတော်မမူပါနှင့်။ အကျွန်ုပ်ကို မုန်းသောသူတို့ လက်မှ၎င်း၊ နက်သော ရေထဲက၎င်း လွှတ်ပါစေသော။