Persecution အကြောင်း ကျမ်းစာအခန်းငယ်များ: The hope of future blessedness supports under
The hope of future blessedness supports under အကြောင်း အခန်းငယ်များ
ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ ၌သာ မြော်လင့်စရာရှိလျှင်၊ အခြားသော သူအပေါင်းတို့ ထက်သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။
သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌ လောကီဝေါဟာရအားဖြင့်၊ အထက် က ငါသည်သားရဲတို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။
ထိုအခါသင်တို့သည် အကျဉ်းခံရသော သူတို့အတွက်ကြောင့် ကြင်နာသော စိတ်ရှိရသည်သာမက၊ ကိုယ်ပစ္စည်းဥစ္စာများကို သူတပါးလုယူဖျက်ဆီးသော်လည်း၊ ကိုယ်သုံးစရာဘို့ ကောင်းကင်ဘုံ၌သာ၍ မြတ်သော အမြဲတည်သောဘဏ္ဍာရှိသည်ကိုသိ၍၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သောစိတ်နှင့် ဝန်ခံကြ၏။
ထိုကြောင့်၊ ကြီးစွာသောအကျိုးနှင့်ယှဉ်သော သင်တို့၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။