အကြောင်းအရာသို့ ကျော်သွားရန်

Persecution အကြောင်း ကျမ်းစာအခန်းငယ်များ

270 အခန်းငယ် · 61 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တဖန်တုံ၊ ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောသေးသည်မှန်လျှင်၊ အဘယ် ကြောင့်ညှဉ်းဆဲခြင်းကို ခံရသေးသနည်း။ ထိုသို့ပြောလျှင်၊ လက်ဝါးကပ်တိုင်တော်ကို ထိမိ၍လဲစရာအကြောင်း ပယ်ရှင်းလျက်ရှိ၏။

  2. မိမိတို့အသွေးအဆင်း တင့်တယ်စေချင်သော သူရှိသမျှတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကြောင့် ခံရသောညှဉ်းဆဲခြင်းနှင့် မိမိတို့ကင်းလွတ်လို၍၊ သင်တို့ကို အရေဖျားလှီးခြင်းကို ခံစေခြင်းငှါ အနိုင်အ ထက်သွေးဆောင်တတ်ကြ၏။

  3. စိတ်အားကြီးခြင်းကို မေးသော်၊ ငါသည် အသင်းတော်ကို ညှင်းဆဲသောသူဖြစ်၏။ ပညတ်တရား အားဖြင့်ရသော ဖြောင့်မတ်ခြင်းကို မေးပြန်သော်၊ ငါသည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူဖြစ်၏။

  4. ယုဒလူတို့သည် သခင်ယေရှုမှစ၍ ပရောဖက်များကို အသေသတ်ကြပြီ။ ငါတို့ကိုလည်း ညှဉ်းဆဲကြပြီ။ ဘုရားသခင်၏ အလိုတော် သို့မလိုက်၊ ခပ်သိမ်းသော လူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်ကြ၏။

  5. အဘယ်သို့နည်းဟူမူကား၊ သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ၍၊

  6. အကျိုးအကြောင်းကို မသိမမှတ်၊ ဆိုးညစ်သော သူတို့လက်မှငါတို့ကို ကယ်လွှတ်တော်မူမည် အကြောင်း၊ ငါတို့အဘို့ ဆုတောင်းကြလော့။ လူတိုင်း သစ္စာရှိသည် မဟုတ်။

  7. ငါသည်ကဲ့ရဲ့သောသူ၊ ညဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူဖြစ်ဘူးသော်လည်း၊ သစ္စာရှိသောသူဟု ထိုသခင်သည် မှတ်၍၊ ဓမ္မဆရာအရာ၌ ခန့်ထားတော်မူ၏။ ထိုသို့ငါပြုသောအခါ ယုံခြင်းမရှိ၊ အမှန်မသိဘဲ ပြုသောကြောင့်၊ ကရုဏာတော်ကိုငါခံရပြီ။

  8. ထိုသို့သော အမှုတို့ကို ငါတွေ့ရသော် လည်း၊ တွေ့သမျှဘို့မှ သခင်ဘုရားသည် ငါ့ကိုကယ်နှုတ်တော်မူပြီ။

  9. ယေရှုခရစ်၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍ နေခြင်းငှါအလိုရှိသောသူ အပေါင်း တို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်။

  10. ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာ များကို ဆိုင်ပြိုင်တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော အထက်ကာလအချိန်ကို အောက်မေ့ကြလော့။

  11. ထိုအခါသင်တို့သည် အကျဉ်းခံရသော သူတို့အတွက်ကြောင့် ကြင်နာသော စိတ်ရှိရသည်သာမက၊ ကိုယ်ပစ္စည်းဥစ္စာများကို သူတပါးလုယူဖျက်ဆီးသော်လည်း၊ ကိုယ်သုံးစရာဘို့ ကောင်းကင်ဘုံ၌သာ၍ မြတ်သော အမြဲတည်သောဘဏ္ဍာရှိသည်ကိုသိ၍၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သောစိတ်နှင့် ဝန်ခံကြ၏။

  12. ထိုကြောင့်၊ ကြီးစွာသောအကျိုးနှင့်ယှဉ်သော သင်တို့၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။

  13. အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်း ကို ခံရကြ၏။

  14. ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သောအရာ ကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ထိုင်နေတော်မူ၏။

  15. အပြစ်ရှိသောသူတို့လက်တွင်၊ ထိုမျှလောက်ကြီးစွာသော ဆီးတားနှောင့်ရှက်ခြင်းကို ခံတော်မူသော သခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့်၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှါ ကြိုးစားကြလော့။

  16. ထိုသို့ခရစ်တော်သည် ကိုယ်ခန္ဓာတော်၌ ငါတို့အတွက်ခံတော်မူသည်မှန်သောကြောင့်၊ သင်တို့လည်း ထိုသို့သောသဘောကို လက်နက်ပြု၍သုံးစွဲကြလော့။ အကြောင်းမူကား၊ ကိုယ်ခန္ဓာ၌ခံသောသူသည် ဒုစရိုက် တို့နှင့် လွတ်ငြိမ်းသည်ဖြစ်၍၊

  17. သင်တို့သည် ခရစ်တော်၏ဆင်းရဲကို ဆက်ဆံကြသည်ဖြစ်၍၊ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း၊ ယခုပင် ဝမ်းမြောက်ကြလော့။

  18. ခရစ်ယာန်ဖြစ်သောကြောင့် ခံရလျှင်မူကား၊ ရှက်ကြောက်ခြင်း မရှိစေနှင့်။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းစေ။

  19. ထို့ကြောင့်၊ ဘုရားသခင်၏အလိုတော်အတိုင်း ဆင်းရဲခံရသောသူတို့သည်၊ ဘုရားသခင်ကို သစ္စာရှိသော အသက်သခင်ကဲ့သို့မှတ်လျက်၊ ကောင်းသောအကျင့်ကိုကျင့်နေ၍၊ ကိုယ်တော်၌မိမိတို့ အသက်ဝိညာဉ်ကိုအပ်နှံကြစေ။

  20. မြေကြီးပေါ်မှာနေသော သူတို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ၊ ဝမ်းမြောက်၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည်။ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ အထက်က ထိုပရောဖက်နှစ်ပါးတို့သည် မြေကြီးပေါ်မှာ နေသောသူတို့ကို ပြင်းစွာ နှောင့်ရှက်ညှင်းဆဲကြသည်ဟု ငါ့အား ပြောဆိုလေ၏။