အကြောင်းအရာသို့ ကျော်သွားရန်

Paul အကြောင်း ကျမ်းစာအခန်းငယ်များ

619 အခန်းငယ် · 103 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍၊ ပေါလု၏ လည်ပင်းကို ဘက်ယမ်းလျက် သူ့ကိုနမ်းကြ၏။

  2. နောက်တဖန် သူ၏မျက်နှာကို မမြင်ရဟူသော စကားကြောင့် သာ၍ ကြေကွဲသောစိတ်နှင့် ပေါလုကို သင်္ဘောသို့ ပို့လိုက်ကြ၏။

  3. ထိုသူများနှင့် ငါတို့သည် ခွါသွား၍ သင်္ဘောလွှင့်မှ ကောသကျွန်းသို့တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ ရောဒုကျွန်းသို့၎င်း၊ ထိုကျွန်းမှ ပါတရမြို့သို့၎င်း ရောက်ကြ၏။

  4. ဖိနိတ်ပြည်သို့ကူးသော သင်္ဘောကိုတွေ့လျှင်၊ ထိုသင်္ဘောကိုစီး၍ လွှင့်ပြန်၏။

  5. ကုပရုကျွန်းကိုမြင်လျှင် လက်ျာဘက်၌ ရှောက်သွားသဖြင့်၊ ရှုရိ ပြည်သို့ကူး၍ တုရူမြို့၌ ဆိုက်လေ၏။ ထိုမြို့မှာ သင်္ဘော၌ပါသော ဝန်ကိုချရ၏။

  6. တပည့်တော်တို့ကိုတွေ့၍ ငါတို့သည် ခုနစ်ရက် နေကြ၏။ ပေါလုသည် ယေရုရှလင်မြို့သို့ မတက်ရမည် အကြောင်း၊ ထိုတပည့်တော် တို့သည် ဝိညာဉ်တော်အား ဖြင့် ပြောကြ၏။

  7. ခုနစ်ရက်စေ့သောအခါ တပည့်တော်အပေါင်းတို့သည် သားမယားနှင့်တကွ မြို့ပြင်သို့ ငါတို့ကို ပို့လိုက် ကြ၍ ငါတို့သည်ထွက်သွား ပြီးလျှင်၊ ပင်လယ်ကမ်းပေါ်၌ ဒူးထောက်လျက်ဆုတောင်းကြ၏။

  8. အချင်းချင်းနှုတ်ဆက်ပြီးမှ ငါတို့သည် သင်္ဘောပေါ်သို့တက်၍ သူတို့သည် မိမိအိမ်သို့ပြန်ကြ၏။

  9. တုရုမြို့မှ ပတောလင်မြို့သို့ရောက်လျှင်၊ ပင်လယ်ကူးခြင်းနှင့် လွတ်ကြ၏။ ပတောလင်မြို့၌ ညီအစ်ကိုတို့နှင့် နှုတ်ဆက်၍ တရက်နေပြီးမှ၊

  10. နက်ဖြန်နေ့၌ ထွက်သွားပြန်၍ ကဲသရိမြို့သို့ ရောက်လျှင်၊ ဆရာခုနစ်ပါးအဝင်သာသနာပြုဆရာ ဖိလိပ္ပု၏ အိမ်သို့ဝင်၍နေကြ၏။

  11. ထိုသူ၌ ပရောဖက်ပြုသော သမီးကညာ လေးယောက်ရှိ၏။

  12. ထိုအိမ်၌တာရှည်စွာနေကြပြီးမှ အာဂဗုအမည် ရှိသော ပရောဖက်တယောက်သည် ယုဒပြည်မှလာ၍၊

  13. ငါတို့ရှိရာသို့ဝင်သဖြင့်၊ ပေါလု၏ ခါးပန်းကိုယူ၍ မိမိခြေလက် ကိုချည်နှောင်ပြီးလျှင်၊ ဤခါးပန်းရှင်ကို ယုဒလူတို့သည် ယေရုရှလင်မြို့၌ ချည်နှောင်၍၊ တပါး အမျိုးသားတို့လက်သို့အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသော ဝိညာဉ်တော်မိန့်တော်မူသည်ဟုဆို၏။

  14. ထိုစကားကိုကြားလျှင်၊ ငါတို့နှင့် ထိုအရပ်၌ ရှိသော သူတို့က၊ ယေရုရှလင်မြို့သို့မသွားပါနှင့်ဟု ပေါလုကိုတောင်းပန်ကြ၏။

  15. ပေါလုကလည်း၊ အဘယ်ကြောင့် ငိုကြွေးလျက် ငါ့စိတ်နှလုံးကို ကြေကွဲစေလျက် ပြုကြသနည်း။ သခင်ယေရှု၏ နာမတော်ကြောင့် ယေရုရှလင်မြို့၌ ချည်နှောင်ခြင်းမက၊ အသေသတ်ခြင်းကိုပင် ခံခြင်းငှါ ငါအသင့်ရှိသည်ဟုဆို၏။

  16. ထိုသို့သွေးဆောင်ခြင်းသို့ မလိုက်သောအခါ ငါတို့သည် မသွေးဆောင်ဘဲနေ၍၊ သခင်ဘုရား အလိုတော်ရှိသည်အတိုင်း ဖြစ်ပါစေဟု ဆိုကြ၏။

  17. ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ပြင်ဆင်၍ ယေရုရှလင်မြို့သို့သွားကြ၏။

  18. ယေရုရှင်လင်မြို့သို့ရောက်သောအခါ၊ ညီအစ်ကိုတို့သည် ကြည်ညိုသောစိတ်နှင့် ငါတို့ကို လတ်ခံကြ၏။

  19. နက်ဖြန်နေ့၌ပေါလုသည် ငါတို့နှင့်တကွ ယာကုပ်ထံသို့ဝင်လျှင် သင်းအုပ်အပေါင်းတို့သည် စည်းဝေးကြ၏။

  20. ပေါလုသည်ထိုသူများကို နှုတ်ဆက်ပြီးလျှင်၊ မိမိသည် ဓမ္မဆရာအမှုကိုဆောင်ခြင်းအားဖြင့် ဘုရား သခင်သည် တပါးအမျိုး သားတို့တွင်ပြုတော်မူသမျှတို့ကို သေချာစွာ ထုတ်ဘော်ပြသလေ၏။

  21. ထိုသူတို့သည်ကြားလျှင်၊ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်း ကြ၏။ ပေါလုအားလည်း၊ ငါတို့ညီ၊ ယုံကြည်သော ယုဒလူဘယ်နှစ်သောင်း ရှိသည်ကို သင်သည် သိမြင်၏။ ထိုသူအပေါင်းတို့သည် ပညတ်တရား ဘက်၌ စိတ်အားကြီးသောသူဖြစ်ကြ၏။

  22. တပါးအမျိုးသားတို့တွင် နေသော ယုဒလူ အပေါင်း တို့သည် သူငယ်တို့အားအရေဖျားလှီးခြင်းကို မပေးရကြ။ ရှေးထုံးတမ်းအတိုင်း မကျင့်ရကြဟု သင်သည် ဆိုလျက်၊ သူတို့သည်မောရှေ တရားကိုစွန့်စေ ခြင်းငှါ ဆုံးမဩဝါဒ ပေးတတ်သည်ကို ဤလူတို့သည် သိတင်းကြားကြ ပြီ။

  23. သို့ဖြစ်၍ အဘယ်သို့ပြုရမည်နည်း။ လူအပေါင်း တို့သည် မစုဝေးဘဲမနေနိုင်ရာ။ သင်ရောက်ကြောင်းကို ကြားသိလိမ့်မည်။

  24. ထိုကြောင့် အကျွန်ုပ်တို့ဆိုသည်အတိုင်း ပြုပါလော့။ သစ္စာဂတိ ပြုပြီးသော လူလေးယောက်သည် အကျွန်ုပ်တို့တွင်ရှိ၏။

  25. ထိုသူတို့ကို ယူ၍ သူတို့နှင့်တကွ စင်ကြယ်ခြင်း ကိုပြုလျက်၊ သူတို့ခေါင်းရိတ်ခြင်းစရိတ်ကို ပေးပါလော့။ ထိုသို့ပြုလျှင် လူအပေါင်း တို့သည် မိမိတို့ကြားသော သိတင်းစကား မမှန်သည်ကို၎င်း၊ သင်သည် ကိုယ်တိုင် ပညတ်တရားကိုစောင့်ရှောက်၍ ကျင့်နေသည်ကို၎င်း သိရကြ လိမ့်မည်။