Paul အကြောင်း ကျမ်းစာအခန်းငယ်များ: Is brought before the council; his defense
Is brought before the council; his defense အကြောင်း အခန်းငယ်များ
နက်ဖြန်နေ့တွင်အဘယ်အပြစ်ကို ယုဒလူတို့သည် ပေါလု၌ တင်ကြသည်ကို စစ်သူကြီးသည် အမှန် သိလိုသောကြောင့်၊ ပေါလု၌ ချည်နှောင်သောသံကြိုးကို ချွတ်၍၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိ အပေါင်းတို့ကို စည်းဝေးစေခြင်းငှါစီရင်ပြီးလျှင်၊ ပေါလု ကိုခေါ်၍ သူတို့ရှေ့၌ထားလေ၏။
ပေါလုသည် လွှတ်အရာရှိတို့ကို စေ့စေ့ကြည့်ရှု၍၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားဝတ်ကို ပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက် ပြုပါသည်ဟု ပြောဆိုသော်၊
ယဇ်ပုရောဟိတ်မင်း အာနနိက၊ သူ၏နှုတ်ကို ရိုက်လော့ဟု အနား၌ ရပ်နေသောသူတို့အား အမိန့်ရှိ၏။
ထိုအခါပေါလုက၊ အဖြူသုတ်သောအုတ်ရိုး၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည်။ သင်သည် အကျွန်ုပ်ကို တရားနှင့်အညီ စီရင်ခြင်းငှါ ထိုင်နေလျက်ပင်၊ သူ့ကိုရိုက်လော့ဟု မတရားသဖြင့် စီရင်ရမည်လော ဟုဆို၏။
အနား၌ရပ်နေသောသူတို့ကလည်း၊ သင်သည် ဘုရားသခင်၏ ယဇ်ပုရောဟိတ်မင်းကိုဆဲသလောဟု မေးလျှင်၊
ပေါလုက၊ ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်သည်ကိုအကျွန်ုပ်မသိ။ သင်၏အမျိုးကို အုပ်စိုးသော မင်းကိုသင်သည် မကဲ့ရဲ့ရဟု ကျမ်းစာ၌ လာသည်ဟုဆို၏။