အကြောင်းအရာသို့ ကျော်သွားရန်

Paul အကြောင်း ကျမ်းစာအခန်းငယ်များ: Is confined in the castle

7 အခန်းငယ် · 103 ရှုထောင့်

Is confined in the castle အကြောင်း အခန်းငယ်များ

  1. ပေါလုကိုအဘယ်ကြောင့် ထိုသို့အော်ဟစ်ကြ သည်ကိုစစ်သူကြီးသည် သိလို၍၊ ပေါလုကို ရဲတိုက်ထဲသို့ သွင်းစေ။ ရိုက်၍ စစ်ကြောစေဟုစီရင်လေ၏။

  2. သားရေကြိုးနှင့်ဆွဲတင်ကြသောအခါ၊ ပေါလုက၊ ရောမလူဖြစ်သောသူကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ သင်တို့သည် ရိုက်ရသလောဟု နား၌ရပ်နေသော တပ်မှူး အားဆို၏။

  3. တပ်မှူးသည်ကြားလျှင် စစ်သူကြီးထံသို့သွား၍၊ အဘယ်သို့ပြုမည်ကို သတိထားပါလော့။ ဤသူသည် ရောမလူဖြစ်ပါသည်ဟု ကြားလျှောက်၏။

  4. စစ်သူကြီးသည်လည်း၊ ပေါလုထံသို့လာ၍၊ သင်သည်ရောမလူမှန်သလော၊ ငါ့အား ပြောလော့ဟုဆိုလျှင် မှန်ပါသည်ဟု ပေါလုဆို၏။

  5. စစ်သူကြီးကလည်း၊ အကျွန်ုပ်သည်ငွေအများကို ပေး၍ ရောမလူ၏ အရိပ်အရာကိုရသည်ဟုဆိုလျှင်၊ ပေါလုက၊ အကျွန်ုပ်သည် ဇာတိအားဖြင့် ရပါသည်ဟု ဆို၏။

  6. ထိုအခါစစ်ကြောမည်ပြုသောသူတို့သည် ပေါလုထံမှချက်ခြင်း သွား၍၊ သူသည်ရောမလူ ဖြစ်သည်ကို၎င်း၊ ရောမလူကိုချည်နှောင်မိသည်ကို၎င်း၊ စစ်သူကြီးသိလျှင် ကြောက်ခြင်းသို့ရောက်လေ၏။

  7. နက်ဖြန်နေ့တွင်အဘယ်အပြစ်ကို ယုဒလူတို့သည် ပေါလု၌ တင်ကြသည်ကို စစ်သူကြီးသည် အမှန် သိလိုသောကြောင့်၊ ပေါလု၌ ချည်နှောင်သောသံကြိုးကို ချွတ်၍၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိ အပေါင်းတို့ကို စည်းဝေးစေခြင်းငှါစီရင်ပြီးလျှင်၊ ပေါလု ကိုခေါ်၍ သူတို့ရှေ့၌ထားလေ၏။