အကြောင်းအရာသို့ ကျော်သွားရန်

Paul အကြောင်း ကျမ်းစာအခန်းငယ်များ: Is delayed in Melita three months; proceeds on the voyage; delays at Syracuse; sails by Rhegium and Puteoli; meets brethren who accompany him to Rome from Appii forum; arrives at Rome; is delivered to the captain of the guard; is permitted to dwell by him

6 အခန်းငယ် · 103 ရှုထောင့်

Is delayed in Melita three months; proceeds on the voyage; delays at Syracuse; sails by Rhegium and Puteoli; meets brethren who accompany him to Rome from Appii forum; arrives at Rome; is delivered to the captain of the guard; is permitted to dwell by him အကြောင်း အခန်းငယ်များ

  1. သုံးလလွန်လျှင်၊ နတ်သားအမြွှာတို့၏ ရုပ်တု ပါသော ထိုကျွန်း၌ ဆောင်းကာလပတ်လုံးနေခဲ့ဘူးသော အာလေဇန္ဒြိသင်္ဘောကို ငါတို့သည် စီးပြန်၍၊

  2. သုရကုတ်မြို့သို့ဆိုက်လျှင် သုံးရက်နေကြ၏။

  3. ထိုမြို့မှလွှင့်ပြန်၍ ဝိုက်သွားသဖြင့်၊ ရေဂျုန်မြို့ သို့ရောက်၍ တရက်နေပြီးမှ တောင်လေလာသော ကြောင့်၊ နှစ်ရက်တွင်ပေါတယောလိ မြို့သို့ရောက်ကြ၏။

  4. ထိုမြို့၌ ညီအစ်ကိုအချို့တို့ကိုတွေ့၍ ခုနစ်ရက် နေကြပါဟု သူတို့သည်တောင်းပန်သည် အတိုင်းနေပြီးမှ၊ ရောမမြို့သို့ ခရီးသွားကြ၏။

  5. ရောမမြို့သားညီအစ်ကိုတို့သည် ငါတို့လာကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြိုပြုအံ့သောငှါ အချို့တို့ သည် အပ္ပိဈေးတိုင်အောင်၎င်း၊ အချို့တို့သည် သုံးစရပ်တိုင်အောင်၎င်းလာကြ၏။ ပေါလုသည် ထိုသူတို့ကို မြင်လျှင်၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်သက်သာခြင်းသို့ ရောက်လေ၏။

  6. ရောမမြို့သို့ရောက်ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလုသည်မိမိကို စောင့်သောစစ်သူရဲတယောက်နှင့် အတူမိမိအလိုအလျောက်နေရသော အခွင့်ကိုရ၏။