အကြောင်းအရာသို့ ကျော်သွားရန်

Paul အကြောင်း ကျမ်းစာအခန်းငယ်များ: The ship is wrecked, and all on board take refuge on the island of Melita

31 အခန်းငယ် · 103 ရှုထောင့်

The ship is wrecked, and all on board take refuge on the island of Melita အကြောင်း အခန်းငယ်များ

  1. ကာလမကြာမမြင့်မှီ ဥရုကလုဒုန် အမည်ရှိ သော လေပြင်း မုန်တိုင်းသည်သင်္ဘောကို တိုက်၍၊

  2. တဟုန်တည်းဆောင်သွားသဖြင့်၊ သင်္ဘေားသည် ထိုလေကိုမခံ နိုင်သောကြောင့်၊ ငါတို့သည် အားလျော့၍ လေတိုက်ရာသို့ ပါလွင့်ကြ၏။

  3. ကလောဒကျွန်းနားမှာ ပြေးစဉ်တွင်၊ သမ္မန်ကို မပျက်စေခြင်းငှါ ပင်ပန်းစွာ ကြိုးစား၍၊

  4. သင်္ဘောပေါ်သို့ တင်ပြီးလျှင်၊ သင်္ဘောကိုခိုင်ခံ့စေခြင်းငှါ ကြိုးနှင့်ပတ်စည်းကြ၏။ သောင်ပေါ်မှာ တင်မည်ကိုလည်း စိုးရိမ်သောကြောင့် ရွက်ကိုသိမ်းသဖြင့် လေတိုက်ရာသို့ပါလွင့်ကြ၏။

  5. လှိုင်းထအားကြီးသောကြောင့် အလွန်တုန်လှုပ်၍၊ နက်ဖြန်နေ့၌ ဝန်ကိုထုတ်ပစ်ကြ၏။

  6. သုံးရက်မြောက်သောနေ့၌ သင်္ဘောတန်ဆာများကို ကိုယ်လက်နှင့်ကိုယ်ယူ၍ ပစ်လိုက်ကြ၏။

  7. နေ၊ လ၊ ကြယ်နက္ခတ်တို့ကို တာရှည်စွာ မမြင်ရ၍ မိုဃ်းသက်မုန်တိုင်း အားကြီးသေးသဖြင့်၊ ကယ်တင် ခြင်းသို့ ရောက်မည်ဟု မြော်စရာ အခွင့်အလျှင်းမရှိ။

  8. အစာကိုမစားဘဲကြာမြင့်စွာ နေကြပြီးမှ၊ ပေါလုသည် ထိုသူတို့၏ အလယ်၌ထ၍၊ အချင်းလူတို့၊ ငါစကားကို နားထောင်၍ ကရေတေကျွန်းမှ မလွှင့်ဘဲနေလျှင် ဤပျက်စီးဆုံးရှုံးခြင်းနှင့် ကင်းလွတ်ရကြ၏။

  9. ယခုတွင် စိတ်သက်သာခြင်း ရှိကြလော့။ အကြောင်းမူကား၊ သင်္ဘောဆုံးခြင်းမှတပါးသင်တို့တွင် အဘယ်သူမျှ အသက်မဆုံးရ၊

  10. အဘယ်ကြောင့်နည်းဟူမူကား၊ ငါ့ကိုပိုင်တော် မူ၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကောင်းကင် တမန်သည် ယနေ့ညဉ့်တွင် ငါ့အနားမှာ ပေါ်လာလျက်၊

  11. ပေါလု၊ သင်သည် မစိုးရိမ်နှင့်။ ကဲသာဘုရင် ရှေ့သို့ ရောက်ရမည်။ သင်နှင့်အတူ ပင်လယ်ကူးသော သူအပေါင်းတို့ကို ဘုရားသခင်သည် သင့်အားပေးတော် မူပြီဟု ဆို၏။

  12. ထိုကြောင့်အချင်းလူတို့ သက်သေခြင်း ရှိကြ လော့။ ငါ့အား မိန့်တော်မူသည်အတိုင်းဖြစ်လိမ့်မည်ဟု ငါသည်ဘုရားသခင်ကို အမှီပြု၍ ယုံခြင်းရှိ၏။

  13. သို့သော်လည်းတစုံတခုသောကျွန်းပေါ်မှာ သင်္ဘောတင်၍ ပျက်ရမည်ဟုပေါလုဆို၏။

  14. တဆယ်လေးရက်မြောက်သောနေ့ ညဉ့်ရောက် သောအခါ၊ ငါတို့သည် အာဒြိပင်လယ်တွင် အရပ် လေးမျက်နှာသို့ လူးလာသွားကြစဉ်၊ သန်းခေါင်အချိန်၌ တစုံတခုသော ကမ်းအနီးသို့ ရောက်လုသည်ဟု သင်္ဘော သားတို့သည် ထင်မှတ်သဖြင့်၊

  15. ရေကိုစမ်းလျှင် အလံနှစ်ဆယ်ရှိသည်ကို တွေ့ကြ၏။ ထိုမှစိုးစည်းလွန်ပြန်လျှင်၊ တဖန်ရေကိုစမ်း၍ တဆယ်ငါးလံရှိသည်ကို တွေ့ကြ၏။

  16. ကျောက်ကို တိုက်မိမည်စိုးရိမ်သောကြောင့် သင်္ဘောပဲ့မှ ကျောက်ဆူးလေးလက်ကို ချ၍မိုဃ်းလင်းပါ စေဟု ဆုတောင်းကြ၏။

  17. သင်္ဘောသားတို့သည် သင်္ဘောကို စွန့်သွားမည် ဟု အကြံရှိသည်နှင့်သင်္ဘောဦးသို့သွား၍ ကျောက်ဆူး ချဟန်ပြုလျက် သမ္မန်ကိုလျှော့စဉ်တွင်၊

  18. ပေါလုက၊ ဤသူတို့သည် သင်္ဘောပေါ်၌ မနေလျှင် သင်တို့သည် ချမ်းသာမရနိုင်ကြဟု တပ်မှူးမှ စ၍ စစ်သူရဲတို့အား ဆို၏။

  19. ထိုအခါ စစ်သူရဲတို့သည် သမ္မန်ကြိုးကို ခုတ်ဖြတ် ၍ ချလိုက်ကြ၏။

  20. မိုဃ်းလင်းလုသောအခါ အစာကိုစားစေခြင်းငှါ ပေါလုသည် လူအပေါင်းတို့ကိုတိုက်တွန်းလျက်၊ သင်တို့ သည် တဆယ်လေးရက်ပတ်လုံး မြော်လင့်၍ ယနေ့ တိုင်အောင်အစာမစားဘဲ ငတ်မွတ်လျက်နေကြ၏။

  21. ထိုကြောင့်အစာစားကြလော့။ စားလျှင်ချမ်းသာ ရခြင်းအကြောင်း ဖြစ်လိမ့်မည်။

  22. သင်တို့ဆံခြည်တပင်မျှ မပျက်စီးရဟုဆိုပြီးလျှင်၊ ပေါလုသည် မုန့်ကိုယူ၍ ထိုသူများရှေ့၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီး မှ မုန့်ကိုဖဲ့၍ စားလေ၏။

  23. ထိုသူအပေါင်းတို့သည်လည်း စိတ်သက်သာ ခြင်းရှိ၍ အစာကို စားကြ၏။

  24. ထိုသင်္ဘော၌ပါသော သူများတို့သည် အရေ အတွက်အားဖြင့် နှစ်ရာခုနစ်ကျိပ်ခြောက်ယောက် ရှိသတည်း။

  25. ဝစွာစားပြီးမှ ဆန်စပါးကိုပင်လယ်ထဲသို့ ပစ်ချ၍ သင်္ဘောကို ပေါ့စေကြ၏။