Skip to content

Paul အကြောင်း ကျမ်းစာအခန်းငယ်များ: Is persecuted

9 အခန်းငယ် · 103 ရှုထောင့်

Is persecuted အကြောင်း အခန်းငယ်များ

  1. ယုဒလူတို့သည် ဆိုးယုတ်လျှပ်ပေါ်သော သူအချို့တို့ကို ခေါ်၍ လူများကို စုဝေးစေပြီးလျှင်၊ မြို့၌ အုတ်အုတ်သဲသဲပြုကြ၏။ ယာသုန်၏ အိမ်ကိုဝိုင်း၍ သူတို့ကို လူများရှေ့သို့ဆွဲထုတ်ခြင်းငှါရှာကြ၏။

  2. မတွေ့လျှင်၊ ယာသုန်နှင့်ညီအစ်ကိုအချို့တို့ကို မင်းအရာရှိ တို့ထံသို့ဆွဲငင်၍၊ လောကီနိုင်ငံကို မှောက်လှန်သော ဤသူတို့သည် ဤအရပ်တိုင်အောင် ရောက်ကြပါပြီ။

  3. ယာသုန်သည်လည်း သူတို့ကို လက်ခံပါပြီ။ ထို သူအပေါင်းတို့သည် ကဲသာဘုရင်၏ အမိန့်တော်ကို ဆန့်ကျင်ဘက်ပြု၍၊ ယေရှုအမည် ရှိသော ရှင်ဘုရင်တပါး ရှိသည်ဆိုတတ်ပါ၏ဟု ဟစ်ကြော်လျက်၊

  4. မင်းအရာရှိမှစ၍ စုဝေးသောသူတို့၏ စိတ်ကို ထိုသို့သော စကားအားဖြင့် နှောင့်ရှက်ကြ၏။

  5. ထိုအခါ ယာသုန်မှစ၍ ကြွင်းသောသူတို့ကို အာမခံပေးစေပြီးမှ လွှတ်လိုက်ကြ၏။

  6. ပေါလု၊ သိလွာနု၊ တိမောသေတို့သည်၊ သင်တို့အဘတည်းဟူသော ဘုရားသခင်နှင့် သခင်ယေရှု ခရစ်၌ တည်ရှိသော သက်သာလောနိတ်မြို့သားအသင်းတော်ကို ကြားလိုက်ပါ၏။

  7. သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့၌ ရှိပါစေသော။

  8. ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွါး၍၊ လူတိုင်းအသီးသီးတို့သည် အချင်းချင်း ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံကြသည်ဖြစ်၍ ငါတို့သည် ပြုသင့်သည်အတိုင်း သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။

  9. သို့ဖြစ်၍၊ သင်တို့သည် ညှဉ်းဆဲခြင်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသမျှတို့၌ သည်းခံ၍ ယုံကြည်ခြင်းရှိ သည်ကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ အသင်းတော်များတွင် သင်တို့ကြောင့် ဝါကြွားကြ၏။