Paul အကြောင်း ကျမ်းစာအခန်းငယ်များ: Calls the chief Jews together; states his situation; is kindly received; expounds the gospel; testifies to the kingdom of heaven
Calls the chief Jews together; states his situation; is kindly received; expounds the gospel; testifies to the kingdom of heaven အကြောင်း အခန်းငယ်များ
သုံးရက်လွန်သောအခါ၊ ပေါလုသည် ယုဒလူ အကြီးအကဲတို့ကို ခေါ်၍စုဝေးစေပြီးလျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယုဒလူမျိုးကို မပြစ်မှား၊ မိစဉ်ဘဆက် ကျင့်သောထုံးတမ်းကို မပယ်သောသူဖြစ်လျက်ပင်၊ ယေရှုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား၍ ရောမလူတို့ လက်သို့ အပ်လိုက်ကြ၏။
ရောမလူတို့သည် အကျွန်ုပ်ကိုစစ်ကြောပြီးမှ၊ သေထိုက်သော အပြစ်တစုံတခုကိုမျှ မတွေ့သဖြင့် လွှတ်ခြင်းငှါအလိုရှိကြ၏။
ထိုအလိုကိုယုဒလူတို့သည် ဆီးတားသောအခါ၊ ကဲသာဘုရင်၏ အယူတော်ခံပါမည်ဟုအကျွန်ုပ် ဆိုရ၏။ ထိုသို့ဆိုသော် အမျိုးသားချင်းတို့ကို အပြစ်တင်စရာ တစုံတခုရှိသောကြောင့်ဆိုသည်မဟုတ်။ ထိုကြောင့် သင်တို့ကိုမြင်၍ နှုတ်ဆက်ခြင်းငှါ အကျွန်ုပ်ခေါ်ပါပြီ။
ဣသရေလအမျိုး၏မြောက်လင့်ရာ အတွက်ကြောင့်၊ အကျွန်ုပ်သည် ဤသံကြိုးနှင့်ချည်နှောင်ခြင်းကို ခံရပါ၏ဟု ပြောဆိုလျှင်၊
ထိုသူတို့က၊ သင်၏အကြောင်းကို ကြားလိုက်သောစာကို ယုဒပြည်မှအကျွန်ုပ်တို့မရကြ။ ထိုပြည်မှ လာသော ညီအစ်ကိုတို့တွင် အဘယ်သူမျှ သင်၌ အပြစ် ရှိကြောင်းကို မကြားမပြောပါ။
သို့သော်လည်း ဤဘာသာသည် အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကို ခံရသော ဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်ဖြစ်၍ သင်၏အယူဝါဒကို သင်သည် ကိုယ်တိုင်တော်ပြသောစကားကို အကျွန်ုပ် တို့သည် နားထောင်သင့်သည်ထင်ပါ၏ဟု ဆိုကြလျှင်၊
နေ့ရက်ကိုချိန်းချက်၍ လူများတို့သည်ပေါလု တည်းခိုရာ အရပ်သို့ လာကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကိုသက်သေခံ သဖြင့်၎င်း၊ ထိုသူတို့သည် ယေရှု၏အကြောင်းများကို ယုံကြည်စေခြင်းငှါ၊ မောရှေ၏ပညတ္တိကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့ကို အမှီပြု၍ ဖြားယောင်းသွေးဆောင် သဖြင့်၎င်း၊ နံနက်အချိန်မှစ၍ ညအချိန်တိုင်အောင်ထုတ်သော် ဟောပြောလေ၏။
အချို့တို့သည် ပေါလု၏စကားကို ယုံကြ၏။ အချို့တို့သည် မယုံဘဲနေကြ၏။
ထိုသို့အချင်းချင်းသဘောကွဲပြား၍ သွားကြ၏။ သွားကြစဉ်တွင် ပေါလုသည် စကားတခွန်းကို ပြောလိုက် သည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပရောဖက် ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား၊
သင်တို့သည် ကြားလျက်ပင်အနက်ကို နား မလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့် မည်ဟု ထိုလူမျိုးရှိရာသို့ သွား၍ပြောလော့။
အကြောင်းမူကား၊ သူတို့မျက်စိမမြင်၊ နား မကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ သူတို့အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင် သူတို့၏ စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက် ရှိကြ၏ဟုငါတို့ဘိုးဘေးများအား လျောက်ပတ်စွာ မိန့်တော်မူ၏။
ထိုကြောင့် ဘုရားသခင်၏ ကယ်တင်တော်မူ ခြင်း ကျေးဇူးတော်ကို တပါးအမျိုးသားတို့အား ပေးလိုက် သည်ဖြစ်၍၊ သူတို့သည်နားထောင်မည်အရာကို သင်တို့ သိမှတ်ကြလော့ဟု၊
ပေါလုပြောဆိုပြီးမှ၊ ယုဒလူတို့သည် သွား၍ အချင်းချင်းများစွာသော ဆွေးနွေးနှီးနှောခြင်းရှိကြ၏။