Paul အကြောင်း ကျမ်းစာအခန်းငယ်များ: Contends with the Judaizing Christians against circumcision
Contends with the Judaizing Christians against circumcision အကြောင်း အခန်းငယ်များ
ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က၊ သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကို မခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမဩဝါဒ ပေးကြ၏။
ထိုသူတို့နှင့် ပေါလု၊ ဗာနဗတို့သည် ဆွေးနွေး ငြင်းခုံခြင်းများသောအခါ၊ ပေါလုနှင့်ဗာနဗတို့သည် အခြားသောတပည့်တော်အချို့ တို့နှင့်တကွ၊ ထိုပြဿနာ၏ အကြောင်းကြောင့်ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့်သင်းအုပ်တို့ထံသို့သွားရမည်အကြောင်းကိုစီရင်ကြ၏။