Paul အကြောင်း ကျမ်းစာအခန်းငယ်များ: Appeals to Caesar
Appeals to Caesar အကြောင်း အခန်းငယ်များ
ပေါလုကလည်း၊ ကဲသာဘုရင်၏ တရားပလ္လင် ရှေ့မှာ အကျွန်ုပ်ရပ်ပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ် အမှုကိုစီရင်အပ်ပါ၏။ ကိုယ်တော်သည် အမှန်သိတော်မူ သည်အတိုင်း၊ အကျွန်ုပ်သည်ယုဒလူတို့ကို အလျှင်းမပြစ် မှားပါ။
အကျွန်ုပ်ပြစ်မှား၍ သေထိုက်သော အပြစ်ကို ပြုမိသည်မှန်လျှင်၊ သေဘေးကိုအကျွန်ုပ်မရှောင်ပါ။ ထိုသူတို့တင်သောအပြစ် တစုံတခုမျှ မမှန်လျှင်၊ သူတို့ လက်သို့ အကျွန်ုပ်ကိုအဘယ်သူမျှမစွန့်မအပ်ရပါ။ ကဲသာဘုရင်၏အယူတော်ကိုခံပါမည်ဟု လျှောက်ဆို၏။
ထိုအခါဖေတ္တုမင်းသည် တိုင်ပင်ဘက်တို့နှင့် တိုင်ပင်ပြီးလျှင်၊ သင်သည်ကဲသာဘုရင်၏ အယူတော်ကို ခံပါမည်ဟုဆိုသလော။ ကဲသာဘုရင်ထံတော်သို့ သွားရမည်ဟုဆို၏။